မကြာခဏ ဆံပင်ဆေးဆိုးနေရတဲ့အခါ ဆိုးဆေး တွေကြောင့် ဆံကေသာ ပျက်စီးသွားတာကတော့ ပုံမှန်လိုပါပဲ။ ဆံပင် မပျက်စီးစေချင်ရင် ဆိုးဆေး မဆိုးနဲ့ပေါ့လို့ အလွယ်လေး ပြောလို့လည်း မရပါဘူး။ တချို့ကလည်း မဆိုး မနေရမို့လို့ ဆိုးရတဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆိုးဆေး တွေ အသုံးပြုပြီးပြီးဆိုရင်တော့ ဆံကေသာ မပျက်စီးအောင် ပြန်လည်ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။

ဒါဆိုရင် ဘယ်လိုနည်းလမ်းမျိုးနဲ့ ဆိုးဆေး တွေကြောင့် ဆံကေသာ ပျက်စီးတာကို ပြန်လည် ထိန်းသိမ်းရမလဲ။

(၁) မှန်ကန်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ် အသုံးပြုပါ

shanpoo

ဆိုးဆေးတွေအတွက် အဓိက ထုတ်လုပ်ပေးထားတဲ့ ခေါင်းလျှော်ရည်တွေသည် အလကား ထုတ်ပေးထားတာ မဟုတ်ပါဘူး။ ကွီးတို့လို ဆိုးဆေးကြောင့် ပျက်စီးနေတဲ့ ဆံကေသာအတွက် ထုတ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်တဲ့အခါမှာလည်း ကိုယ့်ရဲ့ ဆံကေသာ အမျိုးအစားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးချယ် အသုံးပြုရမှာပဲ ဖြစ်ပါတယ်။

(၂) ခေါင်းလျှော်ပြီးတာနဲ့ ဆံပင် ပျော့ဆေး အသုံးပြုဖို့ မမေ့ပါနဲ့

shampoo

ကွီးတို့သည် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီးတာနဲ့ မဖြစ်မနေ ပြုလုပ်သင့်တဲ့အရာတစ်ခု ရှိပါတယ်။ ထိုအရာကတော့ ဆံပင် ပျော့ဆေးနဲ့ ခေါင်းပြန်လျှော်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဆံပင် ပျော့ဆေးက မဖြစ်မနေ အသုံးပြုသင့်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ ဆံပင် ပျက်စီးတဲ့နှုန်းကို နှေးကွေးစေမှာပဲ ဖြစ်ပါတယ်။

(၃) အမြဲတမ်းဆိုသလို ခေါင်းလျှော်တာမျိုး မလုပ်ပါနဲ့

ဆိုးဆေး ဆံကေသာ

နေ့စဥ် ရက်ဆက် ခေါင်းလျှော်ခြင်းက ကွီးတို့ ဆံကေသာရဲ့ ဆေးသားကို အရောင် မြန်မြန် မှိန်သွားစေသလိုပဲ ကွီးတို့ ဦးရေပြားပေါ်က သဘာဝ အဆီတွေကိုလည်း ပျက်စီးစေနိုင်ပါသေးတယ်။ ဒါ့ကြောင့် အမြဲတမ်း ခေါင်းမလျှော်ပါနဲ့။ တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိသာ လျှော်သင့်ပါတယ်။

(၄) ဆံပင် ပေါင်းတင်ဖို့လည်း လိုပါတယ်

ဆိုးဆေး ဆံကေသာ

ဆံကေသာ ပျက်စီးနေတဲ့ ကွီးတို့အနေနဲ့ တစ်ပတ်လျှင် ၂ ကြိမ် ဆံပင်ပေါင်းတင်ဆေးနဲ့ ပေါင်းတင်ဖို့ လိုအပ်ပါတယ်။ တစ်ခါ ပေါင်းတင်ရင်လည်း ၅ မိနစ်မှ ၁၀ မိနစ်ကြာကြာ ဆံကေသာကို ပေါင်းတင်ပေးထားဖို့ လိုအပ်ပါတယ်။ ဆံပင် ပေါင်းတင်ခြင်းသည် ပျက်စီးနေတဲ့ ဆံကေသာများကို ပြန်လည် ပြုပြင်ပေးပြီး ဆံကေသာကို ပိုးသားလေးလို နူးညံ့ တောက်ပြောင်နေအောင် ကူညီပေးပါတယ်။

(၅) ဆံပင် လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝလေနဲ့သာ အခြောက်ခံပါ

ဆိုးဆေး ဆံကေသာ

ကွီးတို့ ခေါင်းလျှော်ပြီးတဲ့နောက်မှာ ဆံပင် လေမှုတ်စက်နဲ့ ဆံပင်ခြောက်အောင် ပြုလုပ်တာမျိုးကို အခုကတည်းက ရှောင်ကြဥ်သင့်ပါတယ်။ ဆံကေသာက အပူနဲ့ထိပါ များလေ ပိုမို ပျက်စီးလေပါပဲ။ ဒါ့ကြောင့် ဆံပင် လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝလေနဲ့သာ အခြောက်ခံသင့်ပါတယ်။

(၆) ရေကူးကန်ထဲ မဆင်းခင်မှာ ကြိုတင်ပြင်ဆင်ပါ

ဆိုးဆေး ဆံကေသာ

ရေကူးကန်ထဲမှာ ပါဝင်တဲ့ ကလိုရင်းဓာတ်ကလည်း ကွီးတို့ရဲ့ ဆံကေသာကို ပျက်စီးစေပါတယ်။ အထူးသဖြင့် ဆိုးဆေး ဆံပင်တွေဆို ပိုဆိုးပါတယ်။ ဒါ့ကြောင့် ရေကူးမယ်ဆိုတာနဲ့ အရင်ဦးဆုံဂ ဆံပင်ပေါ်သို့ Conditioner လိမ်းကျံထားပြီးနောက် ရေကူးတဲ့အခါ ဆောင်းတဲ့ ရေကူးဦးထုပ်လေး ဝတ်ထားလိုက်ပါ။ Conditioner က ဆံပင် မပျက်စီးအောင် အပေါ်ယံအလွှာအဖြစ် ကာကွယ်ပေးထားမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ဆိုးဆေး ဆံပင်ကို ဘယ်လို နည်းလမ်းမျိုးနဲ့ ပြန်လည် ထိန်းသိမ်းလေ့ရှိပါသလဲ။

Source: Loreal-paris.co.uk

Featured Image: Hims