ယောကျာ်းမိန်းမ မရွေး အသက်အရွယ် အပေါ်မူတည်ပြီး ရုပ်ရည်သွင်ပြင်ဟာ ပြောင်းလဲလာတက်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ လက်ရှိ ရှိရင်းစွဲအသက်ထက်ပိုပြီး ရုပ်ရင့် နေမယ် ဆိုရင်တော့ လွဲမှားတဲ့ နေထိုင်မှုပုံစံနဲ့ အသားအရေဆိုင်ရာ ထိန်းသိမ်းမှု အမှားတွေကြောင့်ပါ။ ဒီတစ်ခေါက်တော့ အမျိုးသားတွေ သတိထားရှောင်ကြဉ်ရမယ့် ရုပ်ပိုရင့် လာစေတဲ့ အကြောင်းအရင်း အချို့ကို ပြောပြပေးပါမယ်။

(၁) အိပ်ရေးမဝခြင်း

Photo : Dr. Mayank Shukla

ကျန်းမာတဲ့ အသားအရေကို ထိန်းသိမ်းဖို့ အိပ်စက်ခြင်းက အရေးကြီးပါတယ်။ တစ်နေ့တာအတွက် လုံလောက်စွာ အိပ်စက်မှု မရှိဘူးဆိုရင် အသားအရေ မွဲခြောက်ပြီး ကြမ်းတမ်းပျက်စီးခြင်းကဲ့သို့ အိုမင်းရင့်ရော်ခြင်းရဲ့ အစောပိုင်း လက္ခဏာတွေကို ဖြစ်ပေါ်လာစေ နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အနည်းဆုံး ၇ – ၈ နာရီကြား လုံလောက်စွာ အိပ်စက်အနားယူဖို့ အကြံပြုချင်ပါတယ်။

(၂) ဆေးလိပ်သောက်ခြင်း

smoking

Photo : Healthline

ဆေးလိပ်သောက်ခြင်းက ကင်ဆာအပါအဝင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်တယ်လို့ လူသိများပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာတစ်ခုက ဆေးလိပ်သောက်တာဟာ အသားအရေကို ခြောက်သွေ့ပျက်စီးစေပြီး အရေးအကြောင်းတွေကို ဖြစ်ပေါ်စေနိုင်တာပါပဲ။ ဆေးလိပ်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး အသားအရေကို ဆိုးရွားစွာ ကြမ်းတမ်းပျက်စီး လာစေမှာပဲ ဖြစ်ပါတယ်။

(၃) နေရောင်တိုက်ရိုက်ထိတွေ့ခြင်း

 Sun Damage

Photo : Vargas Face and Skin Center

နေရောင်ခြည်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် D ဓာတ်ကို ရစေပါတယ်။ သို့သော် နေရောင်ခြည်ကို မိနစ် ၂၀ ထက်ပိုပြီး ထိတွေ့မယ်ဆိုရင်တော့ အသားအရေ ပျက်စီးမှုဆီ ဦးတည်သွားမှာပါ။ နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားဆဲလ်တွေကို ပျက်စီးစေပြီး အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်မှု လက္ခဏာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၄) ကျန်းမာရေးနဲ့ ညီညွှတ်အောင် မစားခြင်း

Poor Diet

Photo : SUPERSONIC Food

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စားသောက်မှု ပုံစံတွေဟာ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုး များစွာကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ သကြားပါဝင်မှုများတဲ့ အစားအစာတွေ ၊ အငန်ဓာတ်ကဲတဲ့ အစားအစားတွေနဲ့ ပြုပြင်ထားတဲ့ အမြန်အစားအစာတွေဟာ အဝလွန်ခြင်း ၊ ဆီးချို ၊ သွေးတိုး စတဲ့ ရောဂါတွေကို ဖြစ်စေနိုင်သလို အရေပြားရဲ့ သဘာဝအတိုင်း ကော်လာဂျင်နဲ့ Elastin ထုတ်လုပ်နိုင်စွမ်းကို ပျက်စီးစေပြီး အသားအရေကို အိုမင်းရင့်ရော် လာစေပါတယ်။

(၅) မျက်နှာအရေပြားကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ကိုင်တွယ်ခြင်း

Face Mask
Photo : Brickell Men’s Products

မျက်နှာကို ဆေးကြောသန့်စင်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ကိုင်တွယ်တာက အသားအရေကို အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အလားတူ လိုတာထက်ပိုပြီး မျက်နှာကို ဂျေးချွတ်သန့်စင်မယ်ဆိုရင်လည်း မျက်နှာအရေပြားပေါ်က သဘာဝအဆီတွေ ခမ်းခြောက်ပြီး အလွယ်တကူ ကြမ်းတမ်းပျက်စီးမှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Featured Photo : Longevity.Technology