ယောဂ လေ့ကျင့်ခန်းများသည် စိတ်အပန်းပြေစေရုံသာမကဘဲ ဆီးချို ရောဂါဖြစ်ပွားခြင်းကိုလည်း သက်သာပျောက်ကင်းစေတဲ့အတွက်ကြောင့် ဆီးချိုရောဂါ ခံစားနေရသူများ ပုံမှန်ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ဆီးချို သမားများအတွက် ဆီးချိုရောဂါ ဖြစ်ပွားခြင်းကို သက်သာစေနိုင်တဲ့ ယောဂ လေ့ကျင့်ခန်း များကတော့ …

လေ့ကျင့်ခန်း (၁)

exercises for diabeties

Photo: Freepik

အရင်ဦးဆုံး ခန္ဓာကိုယ်ကို ယောဂ ဖျာပေါ်တွင် မှောက်ခုံ ထားလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို အပေါ်သို့ ထောင်ပြီးနောက် လက်နှစ်ဖက်က ခြေမျက်စိနားကို ထိကပ်ကာ ခြေထောက်နှစ်ချောင်းကို လှမ်းဆွဲယူလိုက်ပါ။

ဒါဆိုရင်တော့ ခန္ဓာကိုယ်က လှေပုံသဏ္ဍာန် ဖြစ်သွားပါလိမ့်မယ်။ ထိုအနေအထားအတိုင်း ၁၅ စက္ကန့်ခန့် တောင့်ခံထားပါ။ အသက်ကိုလည်း ပုံမှန် ရှူသွင်း ရှူထုတ်ဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၂)

exercises for diabeties

Photo: Times Now

အရင်ဦးဆုံး ယောဂ ဖျာပေါ်တွင် ခြေထောက်နှစ်ဖက်ကို ဆန့်တန်းက ခါးမတ်မတ်ထားပြီး ထိုင်နေပါ။

ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို တဖြည်းဖြည်းချင်း အရှေ့သို့ ကိုင်းချကာ မျက်နှာနဲ့ ဒူးခေါင်းတို့ ထိကပ်သွားသည်အထိ ပြုလုပ်ပေးလိုက်ပါ။ လက်နှစ်ဖက်က ကြမ်းပြင်ပေါ်တွင် အလိုက်သင့်လေး ချထားလိုက်ပါ။ ဒူးနှစ်ဖက်က ကွေးသွားလို့ မရပါဘူး။ ထိုအနေအထားအတိုင်း ၁ မိနစ်ခန့် ပြလုပ်ပေးလိုက်ရပါမယ်။ အသက်ကိုလည်း ဖြည်းဖြည်းမှန်မှန် ရှူသွင်း ရှူထုတ်ဖို့ မမေ့ပါနှင့်။

လေ့ကျင့်ခန်း (၃)

ဆီးချို ယောဂ

Photo: Freedom Genesis

ဒီယောဂ လေ့ကျင့်ခန်းကတော့ လွယ်ကူပါတယ်။ နံရံပေါ်မှာ ခြေထောက်နှစ်ဖက်ကို မြှောက်ကာ ထောင်ထားရမှာပဲဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း ၅ မိနစ်မှ ၁၀ မိနစ်အထိ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် သတ်မှတ်ချိန် ပြည့်တဲ့အခါမှာတော့  ခြေထောက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ပြန်ချပေးလိုက်ရပါမယ်။

လေ့ကျင့်ခန်း (၄)

ဆီးချို ယောဂ

အရင်ဦးဆုံး လေ့ကျင့်ခန်း ပြုလုပ်တဲ့ ဖျာပေါ်မှာ မှောက်လိုက်ပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို ဖြည်းဖြည်းချင်းစီ ကြွလိုက်ပါ။ လက်နှစ်ဖက်ကိုလည်း အလိုက်သင့်လေး ကြွပေးဖို့ လိုအပ်ပါတယ်။ ထို့နောက် ထိုအနေအထားအတိုင်း အသက်ကို ဖြည်းဖြည်း မှန်မှန် ရှူသွင်း ရှူထတ်ုပြီး စက္ကန့် ၄၀ ခန့် တောင့်ထားဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ဆီးချို ယောဂ

Photo: Healthline

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် အရင်ဦးဆုံး လေ့ကျင့်ခန်း ဖျာပေါ်တွင် လှဲလျောင်းနေပါ။ ထို့နောက် ဒူးတစ်ဖက်ကို ခန္ဓာကိုယ် အခြားတစ်ဖက်သို့ စောင်းကာ လက်တစ်ဖက်က ထိုဒူးကို ထိန်းထားလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ တောင့်ခံနေပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကို အခြားတစ်ဖက်သို့ ပြောင်းကာ နောက်ထပ် စက္ကန့် ၃၀ ဆက်လက်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ဒီလေ့ကျင့်ခန်းများကတော့ ဆီးချို သမားများအတွက် သင့်တော်တဲ့ ယောဂ လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။

Source: Eatingwell

Featured Image: Freepik