ယနေ့ခေတ်မှာ စမတ် ဖုန်း တွေရဲ့ ကျေးဇူးကြောင့် ဓာတ်ပုံ များကို အလွယ်တကူ ရိုက်ကူးနိုင်လာပါတယ်။ နည်းပညာမြင့်မား တိုးတက်လာသည်နှင့်အမျှ ဖုန်း ကင်မရာများရဲ့ အရည်အသွေးနှင့် စွမ်းဆောင်ရည်သည်လည်း တဖြည်းဖြည်း မြင့်တက်လာပါတယ်။

ဖုန်း နဲ့ အပျော်သက်သက် ဓာတ်ပုံ ရိုက်ကူးသူများလည်း ရှိသလို ကင်မရာ အကောင်းစား Flagship ဖုန်းတွေ အသုံးပြုကာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဓာတ်ပုံရိုက်ကူးသူများလည်း ရှိနေနိုင်ပါတယ်။ ဖုန်းကင်မရာဖြစ်တဲ့အတွက်ကြောင့် တကယ့် ကင်မရာစစ်တွေလိုမျိုးတော့ ရုပ်ထွက်ကောင်းနိုင်မှာ မဟုတ်ပေမယ့် ကွီးတို့အနေနဲ့ အခုဖော်ပြပေးမယ့်အချက်များကို သိထားမယ်ဆိုရင်တော့ တကယ့်ကို ရုပ်ထွက်အမိုက်စား ဓာတ်ပုံတွေကို ပိုင်ဆိုင်နိုင်ပါတယ်။

ဖုန်း နဲ့ ဓာတ်ပုံ ရိုက်တဲ့အခါ Gridlines များ ထည့်ကာ ရိုက်ကူးပါ

Gridlines

Photo: Tapsmart

ကွီးတို့ရဲ့ ဖုန်း နဲ့ ဓာတ်ပုံ ရိုက်တဲ့ စကေးကို တိုးတက်ချင်တယ်ဆိုရင်တော့ ဒီလိုမျိုး လိုင်းတွေ အသုံးပြုသင့်ပါတယ်။ ဓာတ်ပုံ တစ်ပုံသည် အစိတ်အပိုင်း ကိုးခု ခွဲထားလိုက်တဲ့အခါ သူ့နေရာနဲ့သူ အစိတ်အပိုင်း ညီမျှနေဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကြည့်ရှုရသူအဖို့ ပုံကောင်းတစ်ပုံပါလားဆိုတဲ့ ခံစားချက်မျိုးကို ခံစားရသွားမှာ ဖြစ်ပါတယ်။

ကင်မရာကို Focus ပြတ်သားအောင် ပြုလုပ်ပါ

Focus

Photo: Iceland

ဘယ်အရာဝတ္ထုကို Focus ထားချင်သလဲ။ ကိုယ် Focus ထားချင်တဲ့ အရာဝတ္ထုတစ်ခုကို အတိအကျ ချိန်ထားရပါမယ်။ ဥပမာ ကိုယ်က မျက်နှာကို Focus ထားချင်တယ်ဆို ဖုန်း စခရင်မ်ပေါ်မှာ မျက်နှာတည့်တည့်ပေါ်  တစ်ချက် ထောက်ထားလိုက်ပါ။ ဒါဆိုရင်တော့ ထွက်လာတဲ့ပုံက ကြည့်ကောင်းပြီး မိမိုက်နေမှာပဲ ဖြစ်ပါတယ်။

HDR Mode အသုံးပြုပါ

HDR Mode အသုံးပြုပါ

Photo: Backlightblog

iPhone တွေရဲ့ အားသာချက်ကတော့ ဓာတ်ပုံရိုက်ပြီဆိုတာနဲ့ HDR Mode အလိုအလျောက် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ Android ဖုန်းတွေကျတော့ HDR Mode ကို Setting မှာ သွားချိန်ပေးရမှာ ဖြစ်ပါတယ်။ HDR ဆိုတာကတော့ High Dynamic Range ဖြစ်ပြီး အလင်းနှင့် အမှောင်ကို အော်တို ချိန်ညှိပေးသွားတာပဲ ဖြစ်ပါတယ်။

ဖုန်းကို လက်ငြိမ်ငြိမ်ထားပြီး ကိုင်ပါ

ဖုန်း ဓာတ်ပုံ

Photo: Osxdaily

ဒီအချက်ကတော့ အရေးကြီးဆုံးပါပဲ။ ဓာတ်ပုံဆရာတစ်ယောက်မှာ အရေးအကြီးဆုံးသည် လက်ငြိမ်ခြင်းပဲ ဖြစ်ပါတယ်။ လက်မငြိမ်ဘူးဆိုရင် ဝါးနေတဲ့ ပုံပဲ ထွက်လာမှာပါ။ တကယ်လို့ ကွီးတို့က ဖုန်းကိုင်ပြီး ဓာတ်ပုံရိုက်တာ လက်မငြိမ်သေးဘူးဆိုရင်တော့ ကြိမ်ဖန်များစွာ လေ့ကျင့်ဖို့ လိုအပ်ပါလိမ့်မယ်။

Zoom ချဲ့ခြင်းကို ရှောင်ကြဥ်ပါ

ဖုန်း ဓာတ်ပုံ

ဓာတ်ပုံကို အဝေးတစ်နေရာကနေ ရိုက်ကူးတဲ့အခါ ဖုန်းကင်မရာကို Zoom ချဲ့ဖို့ ကြိုးစားလာကြပါတယ်။ တကယ်လို့ သင့်ကင်မရာက Zoom ချဲ့တဲ့အခါ အသေးစိတ်မြင်ရတယ်ဆိုရင်တော့ ရပါတယ်။ တကယ်လို့ သင့် ဖုန်း ကင်မရာ ကွာလတီက အဲ့လောက်ထိ မသွားဘူးဆိုရင်တော့ Zoom မချဲ့ဘဲ ဒီအတိုင်းသာ ရိုက်ကူးပါ။ နို့မဟုတ်ရင် ပုံက ဝါးတာတးပဲ ထွက်လာမှာ ဖြစ်ပါတယ်။

Edit ပြုလုပ်ဖို့လည်း မမေ့ပါနှင့်

ဖုန်း ဓာတ်ပုံ

Photo: Dpreview

Edit လုပ်ထားတဲ့ ပုံနဲ့ မလုပ်ထားတဲ့ ပုံကို ယှဥ်ကြည့်တဲ့အခါ Edit လုပ်ထားတဲ့ ပုံက အရောင်အသွေး စိုစိုလေးနဲ့ ရုပ်ထွက်ပိုကောင်းတာကို တွေ့မြင်ရမှာပါ။ ဒါ့ကြောင့် ကွီးတို့လည်း ပုံတစ်ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်တော့မယ်ဆိုရင် Edit ပြုလုပ်ဖို့ မကြောက်ပါနဲ့။

Source: Blog.hubspot

Featured Image: Unsplash