ဝီစကီကို ကြိုက်နှစ်သက်တဲ့ သူတွေက ဝီစကီ နဲ့ ဖျော်စပ်ထားတဲ ကော့လ်တေး တွေကိုလည်း ကြိုက်နှစ်သက်ကြမှာပါ။ ဝီစကီနဲ့ ရောစပ်ပြီး ဖျော်စပ်နည်းမျိုးစုံနဲ့ အရသာရှိတဲ့ ကော့လ်တေးများကို ဖျော်စပ်လို့ ရပါတယ်။ ဒီဆောင်ပါးလေးမှာတော့ ဆောင်းရာသီ မှာ ကွီးတို့ရဲ့ စိတ်ဝိညာဉ်ကို နွေးထွေးစေမဲ့ ဝီစကီ ကော့လ်တေးများ ကိုဖော်ပြပေးချင်ပါတယ်။
Blood Orange Bourbon Sour

Photo : Our Salty Kitchen
ဆောင်းရာသီ မှာ ကွီးတို့ရဲ့ စိတ်ဝိညာဉ်ကို နွေးထွေးစေမဲ့ ဝီစကီ ကော့လ်တေး တစ်ခုကတော့ Blood Orange Bourbon Sour ကော့လ်တေး ပဲဖြစ်ပါတယ်။ ဒီကော့လ်တေးက တက်ကြွသော လိမ္မော်ရောင် သို့မဟုတ် အနီရောင် အရောင်အသွေးနဲ့ ချဉ်သောအရသာကို ပေးစွမ်းနိုင်ပါတယ်။
New York Whiskey Sour

Photo : Food & Wine
နောက်ထပ်ဖော်ပြပေးချင်တဲ့ ဝီစကီ ကော့လ်တေးများ ထဲကတစ်ခုကတော့ New York Whiskey Sour ဖြစ်ပါတယ်။ ဒီကော့လ်တေးဟာ ဝီစကီကို မှန်ကန်သော သံပုရာရည် အချိုးအစားနဲ့ ဖျော်စပ်ရပြီး တောက်ပတဲ့အရောင်အဆင်း ရှိပါတယ်။ ဒါ့အပြင် ပါဝင်ပစ္စည်း အနည်းငယ်နဲ့ ဖျော်စပ်နည်းကလည်း လွယ်ကူတာကြောင့် အလွယ်တကူ ဖျော်စပ်နိုင်ပါတယ်။
Manhattan

Photo : Buttalapasta
ဝီစကီ ကော့လ်တေးများကို ဖော်ပြတဲ့နေရာမှာ လူကြိုက်များတဲ့ Manhattan ကတော့ မပါမဖြစ်ပါပဲ။ ဒီကော့လ်တေးရဲ့ အစပိုင်းအချိန်ကတော့ ၁၈၇၀ ပြည့်လွန်နှစ်များ မှစတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Manhattan ကော့လ်တေးက International Bartender Association လို့ခေါ်တဲ့ IBA ရဲ့ တရားဝင် ကော့လ်တေးများစာရင်းတွင် ပါဝင်တဲ့ ဂန္ထဝင်ကော့လ်တေး တစ်မျိုးလည်း ဖြစ်ပါတယ်။
Bourbon Spiked Hot Chocolate

Photo : Eating Well
ဆောင်းရာသီ နဲ့ လိုက်ဖက်တဲ့ နောက်ထပ် ဝီစကီ ကော့လ်တေးတစ်ခုကတော့ Bourbon Spiked Hot Chocolate ပဲ ဖြစ်ပါတယ်။ ဒီကော့လ်တေးမှာ Bourbon ဝီစကီကို ကိုကိုးမှုန့် ၊ Vanilla နဲ့ ချောကလက်တို့ဖြင့် ဖျော်စပ်ရပြီး တကယ်ကို ထူးကဲတဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ ဆောင်းရာသီ ပါတီတွေနဲ့ တကယ်ကို လိုက်ဖက်ပါတယ်။
Whiskey Smash

Photo : Liquor.com
Whiskey Smash ကလည်း ဂန္တဝင် ကော့လ်တေး တစ်မျိုးပါ။ ဒီကော့လ်တေးမှာ အဓိကပါဝင်တာတော့ ဝီစကီဖြစ်ပြီး သံပုရာသီးနဲ့ ပူစီနံရယ်နဲ့ အချိုးကျကျပေါင်းစပ်ထားတဲ့ အတွက် လန်းဆန်းတဲ့ အရသာကိုပေးစွမ်းနိုင်ပါတယ်။ ဖျော်စပ်ရတာ ရိုးရှင်းလွယ်ကူတဲ့ အပြင် အရသာလည်းရှိတဲ့ ကော့လ်တေးလေးပါပဲ။ ဒီကော့လ်တေးက ရာသီမရွေးလိုက်ဖက်တဲ့ ကော့လ်တေးပါ။
အခုဖော်ပြပေးလိုက်တဲ့ ကော့လ်တေးတွေက ဆောင်းရာသီ မှာ ကျင်းပမဲ့ ပါတီတွေ ၊ ညစာစားပွဲတွေမှာ တည့်ခင်းဧည့်ခံဖို့ လိုက်ဖက်တဲ့ ဝီစကီ ကော့လ်တေးတွေပဲ ဖြစ်ပါတယ်။
Source : Pure Wow
Featured Photo : Recipes
