ကော့လ်တေးချစ်သူတွေအတွက် ဒီတစ်ခေါက်မှာတော့ စွဲမက်ဖွယ်အရသာနဲ့ ထူးကဲဆန်းသစ်တဲ့ Revolver ကော့လ်တေးတစ်ခွက် ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ Revolver ကော့လ်တေး ဆိုတာကတော့ ဘော်ဘွန်း ဝီစကီ Whiskeyကို ချိုမြတဲ့ Vermouth အစား ကော်ဖီအရသာရှိတဲ့ Tia Maria နဲ့ ပေါင်းစပ်ဖျော်ထားတာ ဖြစ်ပါတယ်။

Photo : A Couple Cooks

Revolver ကော့လ်တေးကို ဆန်ဖရန်စစ္စကိုမှာရှိတဲ့ Bruno’s Bar က Bartender Jon Santer က ၂၀၀၄ ခုနှစ်မှာ စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ချိုမြပြင်းရှတဲ့အရသာနဲ့ ကော်ဖီအနံ့သင်းသင်းလေး မွှေးတဲ့ Revolver ကော့လ်တေး တစ်ခွက်ဖျော်စပ်ဖို့ ဘော်ဘွန်း ဝီစကီ Whiskey ၊ Tia Maria သို့မဟုတ် တခြား Coffee Liqueur ၊ Orange Bitters ၊ လိမ္မော်သီးအခွံတို့ပဲ လိုအပ်ပါတယ်။ ပြင်ဆင်ဖျော်စပ်နည်းကတော့ လုံးဝရိုးရိုးရှင်းရှင်းလေးပါပဲ။

Soure : Just The Drink

အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ ဘော်ဘွန်း ဝီစကီ Whiskey ၂ အောင်စ ၊ Tia Maria သို့မဟုတ် တခြား Coffee Liqueur ၁ အောင်စ နဲ့ Orange Bitters ၂ စက်ခန့်ကို ရေခဲအနည်းငယ်နဲ့ ရောထည့်ပြီး အေးလာတဲ့အထိ ကောင်းကောင်း ရှိတ်ပေးပါ။ ပြီးတဲ့အခါ ကော့လ်တေး ဖန်ခွက်ထဲကို ရှိတ်ထားတဲ့ ဖျော်ရည်လောင်းထည့်လိုက်ပါ။ ဖန်ခွက်အပေါ်ကနေ လိမ္မော်ခွံကို အရည်ညှစ်ထည့်ပါ။ လှပတဲ့ မီး‌တောက်လေး ပြုလုပ်မယ်ဆိုပါက လိမ္မော်ခွံကိုအရည်ညှစ်ချိန်မှာ မီးခြစ်လေးနဲ့ မီးပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ချိုမြပြင်းရှတဲ့ အရသာနဲ့ ကော်ဖီအနံ့သင်းသင်းလေး မွှေးတဲ့ Revolver ကော့လ်တေးတစ်ခွက်အသင့်သောက်သုံးနိုင်ပါပြီ။

Featured Photo : PUNCH