အသားအရေ ဂရုစိုက် ထိန်းသိမ်းရအခက်ဆုံး အချိန်ကာလတစ်ခုကို ပြောပါဆိုရင် ဆောင်းတွင်းလို့ပဲ ပြောရပါလိမ့်မယ်။ ဆောင်း တွင်းမှာ အသားအရေ ကို သေသေချာချာ ဂရုမစိုက်မိပါက အသားပတ်ခြင်းကနေ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အသားအရေ ပျက်စီးခြင်း၊ ခြောက်သွေ့ ယားယံခြင်းတို့ကို ခံစားရပါလိမ့်မယ်။

ကွီးတို့အနေနဲ့ ဆောင်း တွင်းမှာ ကိုယ့်ရဲ့ အသားအရေ ပျက်စီးသွားမှာကို မလိုလားဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ထိန်းသိမ်းနည်းများနှင့် ဂရုစိုက် ထိန်းသိမ်းရမှာပဲ ဖြစ်ပါတယ်။

ရေဓာတ် ပုံမှန် ဖြည့်တင်းပါ

ဆောင်း အသားအရေ

ဆောင်းတွင်းသည် နွေလို ချွေးပျိုင်းပျိုင်းမကျဘဲ မပူအိုက်တဲ့အတွက်ကြောင့် အချို့က ရေ သောက်ဖို့ မေ့တတ်ကြပါတယ်။ ခန္ဓာကိုယ်က ရေဓာတ် အလုံအလောက် မရရှိတဲ့အခါ ဆောင်း တွင်းမှာ အသားအရေ သည် ခြောက်သွေ့ ကြမ်းတမ်းကာ တဖြည်းဖြည်းနဲ့ ပျက်စီးလာပါလိမ့်မယ်။ ဒါ့အပြင် အသားအရေကို ရေဓာတ် ဖြည့်တင်းပေးတဲ့ Moisturizing Cream များ လိမ်းကျံပေးဖို့လည်း လိုအပ်ပါတယ်။

မျက်နှာသစ်ဆေးများကို ပြောင်းလဲအသုံးပြုပါ

ဆောင်း အသားအရေ

ဆောင်း တွင်းကာလမှာ ကွီးတို့ရဲ့ မျက်နှာအတွက် ပါဝင်ပစ္စည်းများ ပြင်းလွန်းတဲ့ မျက်နှာသစ်ဆေးများကို မျက်နှာပေါ်  မ လိမ်းကျံမိဖို့ လိုအပ်ပါတယ်။ သဘာဝပစ္စည်းများနှင့် ထုတ်လုပ်ထားပြီး ပါဝင်ပစ္စည်း ပျော့တဲ့ မျက်နှာသစ်ဆေးများနှင့် မျက်နှာသစ်ပေးရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ရနံ့မပါတဲ့ မျက်နှာသစ်ဆေးများက အကောင်းဆုံးပါပဲ။

ရေနွေးပူနှင့် ရေချိုးခြင်းကို ရှောင်ကြည်ပါ

ဆောင်း အသားအရေ

ဆောင်းတွင်းဆိုတော့ ရေချိုးရမှာ ချမ်းတဲ့အတွက်ကြောင့် ရေနွေးပူနဲ့ ရေချိုးဖြစ်ကြပါလိမ့်မယ်။ ဒီလို ရေနွေးပူနဲ့ မကြာခဏ ရေချိုးတဲ့အခါ အသားအရေသည် ခြောက်သွေ့ ကြမ်းတမ်းလာပြီး တဖြည်းဖြည်းနဲ့ ပျက်စီးလာမှာပဲ ဖြစ်ပါတယ်။ အသားအရေပေါ်ရှိ သဘာဝအဆီများ မခမ်းခြောက် စေချင်ဘူးဆိုရင် ရေနွေးပူနှင့် ရေချိုးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နေလောင်ကာခရင်မ်ကို မမေ့ပါနှင့်

sunscreen

ဆောင်းတွင်းပဲ နေလောင်ကာခရင်မ် မလိုပါဘူးလို့ မထင်လိုက်ပါနဲ့။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို နေပူပူ၊ မိုးရွာရွာ၊ မြူဆိုင်းဆိုင်း၊ အပြင်ထွက်ပြီဆိုတာနဲ့ နေလောင်ကာခရင်မ်ကို လိမ်းကျံပေးရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ အသားအရေ ကြမ်းတမ်းပျက်စီးခြင်းနှင့် အရေပြား ကင်ဆာ အန္တရာယ်မှာ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

နှုတ်ခမ်းနီအဆီများကို ဆောင်ထားပါ

lip balm

ဆောင်းတွင်းမှာ နှုတ်ခမ်းခြောက်တဲ့ ပြဿနာသည် လူတိုင်းလိုလို ကြုံတွေ့ရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ရေသောက်နည်းသူများ၊ ခန္ဓာကိုယ်က လုံလောက်တဲ့ ရေဓာတ် မရရှိသူများထံတွင် ပိုမိုအဖြစ်များပါတယ်။ ဒါ့ကြောင့် ဒီလိုကာလတွေမှာ ရေလည်း များများသောက်ဖို့ လိုအပ်သလို၊ နှုတ်ခမ်းနီ အဆီလေးလည်း ဆောင်ထားဖို့လို အပ်ပါလိမ့်မယ်။ ဒါမှသာ နှုတ်ခမ်းခြောက်ခြင်းကြောင့် စိတ်ညစ်ရတဲ့ဒုက္ခက ကင်းဝေးမှာပဲ ဖြစ်ပါတယ်။

Source: Brynmawrdermatology

Featured Image: Freepik