ကွီးတို့ရေ ဆော်ကြည်ဆေး တကယ်ရှိတယ်ဆိုတာ ယုံပါသလား။ ဆော်ကြည်အောင် ဆော်ကြည်ဆေး သောက်ရမလားဆိုတဲ့ ကွီးတို့အတွက် နည်းလမ်းကောင်းလေး တစ်ခု ဝေမျှပေးချင်ပါတယ်။ ဆော်ကြည်ဆေး ဆိုတာကတော့ ဈေးမကြီးပေမယ့် ကွီးတို့ရဲ့ ကြိုးစား အားထုတ်မှုတော့ လိုအပ်ပါတယ်။

ထိုကြိုးစားအားထုတ်မှုကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ကြည့်ကောင်းလာအောင်၊ ကွီးတို့ရဲ့ ပုံပန်းသွင်ပြင်ကို မော်ဒယ်မင်းသားတစ်ယောက်အသွင် ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။

ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ဆော်ကြည်သွားအောင် ဘယ်လိုပြောင်းလဲပစ်ရမလဲ။

အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်သင့်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

Source: Menshealth

ကွီးတို့ရဲ့ ညာခြေကို ခုံပေါ် တင်ကာ ပုံပါအတိုင်း လေ့ကျင့်ခန်း ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ဘယ် ညာ တစ်လှည့်စီ ပြုလုပ်ပါ။ ဘယ် ညာကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

Source: Pinterest

ကြမ်းပြင်ပေါ်မှာ လက်နှစ်ဖက် ထောက်ထားပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို အရှေ့ဘက်သို့ လှမ်းဆွဲလိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။

စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

ဆော်ကြည်ဆေး

Source: Pinterest

ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Spider Crawl ပဲဖြစ်ပါတယ်။ သူ့နာမည်အတိုင်းပဲ ခန္ဓာကိုယ်ကို ပင့်ကူလူသားတစ်ကောင်လိုမျိုး ပြုလုပ်ရမှာဖြစ်ပါတယ်။ ညာခြေကို ဘေးဘက်သို့ ကားထုတ်ကာ ညာတံတောင်နှင့် ထိကပ်လိုက်၊ ဘယ်ခြေကို ဘေးဘက်သို့ ကားထုတ်ကာ ဘယ်တံတောင်နှင့် ထိကပ်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရပါမယ်။ ဘယ် ညာကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၄ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

ဆော်ကြည်ဆေး

Source: Menshealth

Mountain Climber ဆိုတဲ့ လေ့ကျင့်ခန်းလေးကို ကွီးတို့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းကတော့ Mountain Climber နဲ့ စောစောက Spider Crawl လေ့ကျင့်ခန်း နှစ်မျိုးကို ပေါင်းထားတဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ထောက်ထားပြီး ဘယ်ခြေကို အရှေ့သို့ ဆွဲယူလိုက်၊ ညာခြေကို အရှေ့သို့ ဆွဲယူလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

ဆော်ကြည်ဆေး

Source: Pinterest

ဒီလေ့ကျင့်ခန်းကတော့ Burpees လေ့ကျင့်ခန်းနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီလေ့ကျင့်ခန်းလေးက ပိုအဆင့်မြင့်ပါတယ်။ ကွီးတို့ Burpees လေ့ကျင့်ခန်းမှာတော့ အပေါ်သို့ ခုန်ရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ အပေါ်သို့ မခုန်ဘဲ အရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် ခုန်ရမှာဖြစ်ပါတယ်။

စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

ဆော်ကြည်ဆေး

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ နံရံကို အားပြုပြီး ပြုလုပ်ရမှာြဖစ်ပါတယ်။ ကွီးတို့က လက်နှစ်ဖက်ကို အရင်ဦးဆုံး ထောက်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို နံရံပေါ် ထောက်လိုက်ပါ။ ထို့နောက် လက်နှစ်ဖက်က တဖြည်းဖြည်းချင်း နောက်ဆုတ်ပြီး ခြေထောက်နှစ်ဖက်ကလည်း အလိုက်သင့်လေး အပေါ်သို့ ရွေ့ပေးလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်ကို အရှေ့သို့ ရွေ့ပြီး ခြေထောက်နှစ်ဖက်ကလည်း အလိုက်သင့်လေး ရွေ့ပေးလိုက်ရပါမယ်။ ဒါဆိုရင်တော့ တစ်ကြိမ် ပြည့်သွားပါပြီ။ စုစုပေါင်း ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးလိုက်ပါ။

ဒီလေ့ကျင့်ခန်းတွေကတော့ ကွီးတို့ကို ဆော်ကြည်လာအောင် ကူညီပေးမယ့် ဆော်ကြည်ဆေး တွေပဲဖြစ်ပါတယ်။

Source: Sportsmedicineweekl

Featured Image: Freepik