ဆော်ကြည်ဘဲ တစ်ဗွေဖြစ်အောင်လို့ အသည်းအသန် ကြိုးစားနေရတဲ့ ကွီးတို့ရှိပါသလား။ ဒီဆောင်းပါးလေးကို ဖတ်ပြီးသွားရင်တော့ ဆော်ကြည်ဘဲ တစ်ဗွေဖြစ်ဖို့အတွက် တစ်ရက်ကို အချိန် မိနစ် ၂၀ တည်း လိုအပ်ပါသလားဆိုတာ သိသွားပါလိမ့်မယ်။

လေ့ကျင့်ခန်း (၁)

exercises for men

Source: Gfycat

ပုံမှာ ပြထားတဲ့အတိုင်း ဒူးနှစ်ဖက်ကို အပေါ်သို့ ထောင်ကာ အားရပါးရခုန်ရမှာပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို စက္ကန့် ၃၀ ခန့် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂)

exercises for men

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသား လေ့ကျင့်ခန်းလေးပဲ ဖြစ်ပါတယ်။ Mountain Climber လို့ အမည်ရပြီး ကွီးတို့ ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆီပိုများကို ဖယ်ရှားပေးမှာပဲ ဖြစ်ပါတယ်။ သူ့ကိုလည်း စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

exercises for men

Source: Menshealth

ဒီလေ့ကျင့်ခန်းလေးရဲ့ နာမည်ကတော့ Split Jump လို့ အမည်ပေးထားပါတယ်။ ပုံပါအတိုင်း ခြေထောက် နှစ်ဖက်ကို ခွဲပြီး ဒူးကို အောက်သို့ စိုက်ရမှာဖြစ်ပါတယ်။ စုစုပေါင်း စက္ကန့် ၃၀ ကြာအောင် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

ဆော်ကြည်ဘဲ မိနစ် ၂၀

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ လေ့ကျင့်ခန်း (၂) ကို ပြန်လုပ်ရမှာပဲဖြစ်ပါတယ်။ စက္ကန့် ၃၀ ထပ်မံ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၁) ကနေ (၄) အထိ ပြီးသွားတဲ့အခါ လေ့ကျင့်ခန်း (၅) ကို ဆက်မသွားသေးဘဲ လေ့ကျင့်ခန်း (၁) ကနေ (၄) အထိကိုပဲ ၁၀ မိနစ်စာ ဆက်တိုက်ပြုလုပ်ပေးလိုက်ပါ။

ပြီးတဲ့အခါ ၁ မိနစ်လောက် အနားယူပါ။ ပြီးမှ လေ့ကျင့်ခန်း (၅) ကို ဆက်သွားရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ဆော်ကြည်ဘဲ မိနစ် ၂၀

Source: Freeletics

အရင်ဦးဆုံး High Plank အနေအထား ပြင်ပါ။ ထို့နောက် ညာလက်က ဘယ်ပုခုံးကို ထိလိုက်၊ ဘယ်လက်က ညာပုခုံးကို ထိလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

ဆော်ကြည်ဘဲ မိနစ် ၂၀

Source: Menshealth

ဒီလေ့ကျင့်ခန်းကိုလည်း စက္ကန့် ၃၀ ပြည့်အောင် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၇)

ဆော်ကြည်ဘဲ မိနစ် ၂၀

Source: Menshealth

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပြီး Squat ထိုင်လိုက်၊ အပေါ်ခုန်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စက္ကန့် ၃၀ ပြည့်အောင် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၈)

ဆော်ကြည်ဘဲ မိနစ် ၂၀

ဒီလေ့ကျင့်ခန်းကိုတော့ လေ့ကျင့်ခန်း (၆) အတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း စက္ကန့် ၃၀ ပြုလုပ်ပါ။

အားလုံးပြီးသွားတဲ့အခါ လေ့ကျင့်ခန်း (၅) ကနေ (၈)အထိ ၁၀ မိနစ်ပြည့်အောင် (၅ ကျော့ခန့်) ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေကတော့ ကွီးတို့ကို ဆော်ကြည်ဘဲ တစ်ဗွေဖြစ်အောင် ကူညီပေးမယ့် မိနစ် ၂၀ စာ လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။

Source: Self

Featured Image: Freepik