ယောကျာ်းလေး တစ်ယောက်မှာ မရှိမဖြစ်တဲ့ ဖက်ရှင်ကို ပြောပါဆိုရင် Jeans တွေကို ထိပ်ဆုံးက ပြောရပါလိမ့်မယ်။ Jeans တွေက ပုံမှန်ထသွားထလာကနေ ရုံးတက် ၊ ပွဲတက်အထိ ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ရတဲ့ စွယ်စုံရ ဖက်ရှင်တစ်ခုပါ။ အရည်အသွေးကောင်းတဲ့ Jeans ဘောင်းဘီတစ်ထည်ရှိထားရုံနဲ့ စတိုင်အမျိုးမျိုး ပြောင်းလဲဝတ်ဆင်နိုင်ပြီး ဖက်ရှင်ကျတဲ့ ကွီးတစ်ယောက် အသွင်အပြင်ကို ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Jeans ဝတ်ပြီဆိုတာနဲ့ အော်တို ဆော်ကြည် နှုန်းပါ တက်လာမှာ မယုံမရှိပါနဲ့။ ဒီတစ်ခေါက်မှာတော့ ဖက်ရှင်ကျချင်တဲ့ ယောကျာ်းလေးတွေ သိထားရမယ့် Jeans အမျိုးအစားတွေကို ပြောပြပေးချင်ပါတယ်။

(၁) Slim Leg Jeans

Slim Leg Jeans

Photo : The Trend Spotter

Jeans ဖက်ရှင်တွေထဲမှာ စွယ်စုံရတာ Slim Leg Jeans တွေပါပဲ။ Slim Leg Jeans ဘောင်းဘီတွေက ခြေသလုံးကနေ ခြေကျင်းဝတ်အထိကို အနည်းငယ်ရှုးသွားတဲ့ စတိုင်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို ပိုမိုပိန်သွယ် သွားသယောင် ရှိစေပါတယ်။ Slim Leg Jeans တွေဝတ်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ ဂရုစိုက်ပါ။ ဒါမှ ဝတ်ရတာ သက်တောင့်သက်သာနဲ့ ပိုပြီးစတိုင်ကျစေမှာ ဖြစ်ပါတယ်။

(၂) Skinny Fit Jeans

Skinny Fit Jeans

Photo : The Trend Spotter

Skinny Fit Jeans တွေကတော့ များသောအားဖြင့် ဆွဲသားပုံစံနဲ့ လာပါတယ်။ ပွတာ ၊ ချောင်တာတွေသိပ်မရှိပဲ ခန္ဓာကိုယ်ကောက်ကြောင်းအတိုင်း ပိုမိုပေါ်လွင်မှု ရှိစေပါတယ်။ Skinny Fit Jeans ရဲ့စတိုင်ကိုက ခပ်ကျပ်ကျပ်ဝတ်ရတာ ဖြစ်တဲ့အတွက် အနည်းငယ် ပွပွချောင်ချောင် ဝတ်ရတာ ကြိုက်တဲ့သူတွေကတော့ လက်ရှောင်သင့်ပါတယ်။

(၃) Straight Leg Jeans

Straight Leg Jeans

Photo : The Trend Spotter

Straight Leg Jeans တွေကိုတော့ ဒဲ့ပွဘောင်းဘီစတိုင်လို့ ပြောနိုင်ပါတယ်။ အမေရိကန်ဂန္ထဝင် Jeans ဖက်ရှင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဝတ်ရတာ သက်တောင့်သက်သာနဲ့ Comfy ဖြစ်စေပါတယ်။ Shirt အင်္ကျီတွေနဲ့ ဝတ်ဝတ် ၊ Tee တွေနဲ့ပဲ တွဲဝတ်ဝတ် လိုက်ဖက်မှုရှိပြီး လူငယ်ရော လူလတ်ပိုင်းတွေအတွက်ပါ သင့်တော်တဲ့ ဆော်ကြည် Jeans အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

(၄) Tapered Jeans

Photo : The Trend Spotter

Tapered Jeans ကတော့ Slim Leg မကျ Straight Leg လည်းမရောက်တဲ့ ကြားစတိုင် တစ်ခုပါ။ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်ချင်သူတွေအတွက်တော့ Tapered Jeans တွေက ရွေးချယ်စရာ တစ်ခုပါပဲ။ အသားနဲ့အရမ်း မကပ်သလို အရမ်းလည်း မပွတဲ့အတွက် ဝတ်ရတာ သက်တောင့်သက်သာပိုရှိပြီး လေဝင်လေထွက် ကောင်းပါတယ်။ Blazer ကုတ်တွေနဲ့ စမတ်ကျကျ တွဲဝတ်နိုင်သလို T-Shirt နဲ့လည်း Casual စတိုင် ဝတ်လို့အဆင်ပြေပါတယ်။

တကယ်လို့ ကွီးတို့က ဆော်ကြည် မှာကြောက်တယ်ဆိုရင်တော့ အခုပြောပြတဲ့ Jeans ဖက်ရှင်တွေကို လက်ရှောင်သွားလိုက်ပါ။

Featured Photo : JEANS-MEILE.de