ကစားသမား ကောင်းတွေကို မက်မောဖွယ်ရာ လုပ်ခလစာတွေ တစ်နှစ်လုပ်ခတွေနဲ့ ကမ်းလှမ်းပြီး ခေါ်ယူနေတဲ့ ဆော်ဒီ ပရိုလိဂ် ဟာ အခုဆိုရင်တော့ ဥရောပ ကလပ်အသင်းတွေက ကစားသမားတချို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး ဒီကစားသမားတွေထဲမှ လက်ရှိ တစ်နှစ်လုပ်ခ အများဆုံး ရရှိနေတဲ့ ကစားသမား (၁၀)ယောက်ကို စုစည်း ဖော်ပြပေးသွားချင်ပါတယ်။
အဆင့် (၁၀)နေရာမှာ ရှိနေတဲ့ ကစားသမား ကတော့ ဝုလ်ဗ်ကနေ အယ်လ် ဟီလယ်အသင်းဆီ ပြောင်းရွှေ့ထားတဲ့ ပေါ်တူဂီ ကွင်းလယ်လူ နေးဗက်စ်ဖြစ်ပြီး နေးဗက်စ်ရဲ့ တစ်နှစ်လုပ်ခက ယူရို (၁၄)သန်းထိ ရှိနေပါတယ်။ နောက်ပြီး အယ်လ် နာဆာရဲ့ ကစားသမားသစ် ဆီကို ဖိုဖာနာ နဲ့ အယ်လ် အစ်တီဟတ် ကစားစားသစ် ဂျိုတာတို့က ယူရို (၁၅)သန်းနဲ့ အဆင့် (၈)နေရာမှာ ပူးတွဲ ရှိနေပါတယ်။ အဆင့် (၇)နေရာမှာတော့ လာဇီယိုကနေ အယ်လ် ဟီလယ်ကို ပြောင်းရွှေ့လာသူ မီလင်ကိုဗစ် ဆာဗစ်က ယူရို သန်း (၂၀)နဲ့ ရှိနေပါတယ်။
လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းလက်မဲ့ ဖြစ်နေသူ ဘရာဇီးလ် တိုက်စစ်မှူးကြီး ဖာမီနိုကတော့ အသင်းသစ် အယ်လ် အာလီမှာ တစ်နှစ် ယူရို (၂၂)သန်းနဲ့ အဆင့် (၆)နေရာမှာ ရှိနေပြီး အယ်လ်နာ ဆာကို ပြောင်းရွှေ့ထားတဲ့ အင်တာ ကစားသမား ဟောင်း ဘရိုဇိုဗစ် နဲ့ ချယ်လ်ဆီးကနေ အယ်လ် ဟီလယ် ပြောင်းရွှေ့ထားသူ ကူလီဘလီတို့ကတော့ ယူရို (၂၅)သန်းနဲ့ အဆင့် (၄)နေရာမှာ ရှိနေကြပါတယ်။
Photo Credit : L’Equipe
အဆင့် (၃) နဲ့ အဆင့် (၄)တို့ကြားမှာ လုပ်ခ ကွာဟချက်က အတော်လေး ကြီးမားနေပြီး အယ်လ် အစ်တီဟတ်ကို ပြောင်းရွှေ့လာခဲ့သူ ပြင်သစ် ကွင်းလယ်လူ ကန်တေရ့ တစ်နှစ်လုပ်ခက ယူရို သန်း (၁၀၀)အထိ ရှိနေရပါတယ်။ အဆင့် (၁)နေရာမှာတော့ ကစားသမား နှစ်ဦး ပူးတွဲ ရပ်တည်နေပါတယ်။ သူတို့တွေကတော့ တချိန်တုန်း ရီးယဲလ်မှာလည်း အသင်းဖော်တွေ ဖြစ်ခဲ့ဖူးကြတဲ့ ရော်နယ်လ်ဒို နဲ့ ဘန်ဇီမာပါ။ ရော်နယ်လ်ဒိုက အယ်လ် နာဆာမှာ တစ်နှစ် ယူရို သန်း(၂၀၀) ရရှိနေပြီး ဘန်ဇီမာကလည်း အယ်လ် အစ်တီဟတ်မှာ ယူရို သန်း(၂၀၀)ထိ ရရှိလို့နေပါတယ်။
Featured Photo : Goal