ဝတ်စားဆင်ယင်ပုံက လူတစ်ယောက်အတွက် အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ စတိုင်လ်မိမိ အထာကျကျ ဝတ်စားဆင်ယင်တတ်ဖို့အတွက် ဖက်ရှင်ပိုင်းဆိုင်ရာ အချို့အချက်လေးတွေကို အမျိုးသားတိုင်း သိထားတာတော့ မမှားပါဘူး။ ဒီ‌ဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ဆော်လေးတွေ ကြွေဖို့ ဝတ်စားဆင်ယင်မှုမှာ အထက်တန်းဆန်ပြီး အထာကျ စေမဲ့ သိထားသင့်တဲ့ အချက်အချို့ကို ဝေမျှပေးချင်ပါတယ်။

ဘယ်လို အဝတ်အစားမဆို ယုံကြည်မှုနဲ့ ဝတ်ဆင်ပါ

ဆော်လေးတွေ အထာကျ

Photo : Evie Magazine

မှန်ကန်ပြီး ကောင်းမွန်တဲ့ အဝတ်အစားတွေ ဝတ်တာထက် စတိုင်လ်ကျမှုကို ပိုမိုဆင်မြန်းပေးနိုင်တာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါပဲ။ ဒါကြောင့် ဘယ်လို အဝတ်အစားကိုမဆို ဝတ်ဆင်သည်ဖြစ်ပါစေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက ဆွဲဆောင်မှုရှိတဲ့ အပြင် ပေါင်းသင်းဆက်ဆံရေးကိုပါ တိုးတက်ပြောင်းလဲစေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပျိုးထောင်ပါ။

ခန္ဓာကိုယ်အရွယ်အစားနဲ့ သင့်တော်သော ဝတ်စားဆင်ယင်မှု ဖြစ်ပါစေ

ဆော်လေးတွေ အထာကျ

Photo : Indian Retailer

စတိုင်လ်မိမိ အထာကျကျ ဝတ်ဆင်တတ်မှုမှာ အရေးကြီးတဲ့ အချက်တစ်ခုကတော့ ခန္ဓာကိုယ် အရွယ်အစားနဲ့ လိုက်ဖက်ပြီး သင့်တော်သော ဝတ်စားဆင်ယင်မှု ဖြစ်ဖို့ပါပဲ။ ပွလွန်းတာမျိုး၊ ချောင်လွန်းတာမျိုး ဖြစ်နေရင် ကွီးတို့ကို ကြည့်မကောင်း ဖြစ်စေရုံသာမက သက်တောင့်သက်သာလည်း မရှိစေပါဘူး။ ဒါ့ကြောင့် ကွီးတို့ရဲ့ ကိုယ်ပိုင်စတိုင်လ်နှင့် သင်သက်တောင့်သက်သာရှိမှုပေါ် မူတည်ပြီး ခန္ဓာကိုယ်အမျိုးအစားနှင့် လိုက်ဖက်ညီတဲ့ ဝတ်စားဆင်ယင်မှုကို ဦးစားပေးပါ။

ဖိနပ်များကိုလည်း သေချာဝတ်ဆင်ပါ

Photo : Arad Branding

အမျိုးသမီးတွေက အမျိုးသားတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်ပြီး ပထမဆုံးသတိပြုမိတာကတော့ ဖိနပ်တွေပဲလို့ ဆိုပါတယ်။ ဒါ့ကြောင့် ဖိနပ်တွေကလည်း ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုအပေါ် အလုံးစုံကို လွှမ်းမိုးမှု ရှိပါတယ်။ ဘယ်လောက်ပဲ မိမိရဲ့ ဝတ်စားဆင်ယင်မှုအပိုင်းမှာ စတိုင်လ်ကျပြီး သပ်ရပ်ကြည့်ကောင်းအောင် အားထုတ်ထားပါစေ၊ ညစ်ပတ်ပြီး လိုက်ဖက်မှု မရှိတဲ့ ဖိနပ်နဲ့တွဲပြီး ဝတ်စားဆင်ယင်မိပါက ကွီးတို့ရဲ့ အားထုတ်မှုက အချည်းနှီး ဖြစ်သွားမှာပါ။ ဒါကြောင့် ကိုယ်အမြဲဝတ်ဆင်မယ့် ပုံစံနဲ့လိုက်ဖက်တဲ့ ဖိနပ်ကောင်းကောင်းတစ်ရံမှာ ရင်းနှီးမြှပ်နှံ့ဖို့ မနှမြောပါနဲ့။

လိုက်ဖက်တဲ့ အသုံးအဆောင်များကို ရွေးချယ်ပါ

Photo : Eruz Elektrik

ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းအရ အမျိုးသားများအတွက်လည်း အသုံးအဆောင် (Accessories) တွေက ခေတ်စားလာပါတယ် အမျိုးသားတို့ရဲ့ ဖက်ရှင်အတွက် အရေးပါတဲ့ အသုံးအဆောင်တချို့ကတော့ ပုတီးစေ့လက်ကောက်များ၊ ဆွဲကြိုးများ၊ လက်ပတ်ကြိုးများ၊ ဆွဲသီးများ၊ ဆွဲဆောင်မှုရှိသော နာရီများနဲ့ နေကာမျက်မှန်များ စတာတွေပဲ ဖြစ်ပါတယ်။ ။ အထာကျပြီး ကိုယ့်ရဲ့ စတိုင်လ်ကို တစ်ဆင့်မြှင့်ဖို့အတွက် ထိုအသုံးအဆောင်တွေက ကူညီပေးနိုင်ပါတယ်။ ကွီးတို့က ရိုးရိုးရှင်းရှင်းပဲ ကြိုက်နှစ်သက်တယ်ဆိုရင် နာရီ ကောင်းကောင်းတစ်လုံး သို့မဟုတ် နေကာမျက်မှန်နဲ့တင် လုံလောက်ပါတယ်။

ရသီဥတု၊ နေရာ‌ဒေသနဲ့ လိုက်ဖက်သော ဝတ်စားဆင်ယင်မှု ဖြစ်ပါစေ

Photo : Time of India

ဘယ်လောက်ပဲ သေချာသပ်ရပ်စွာ ဝတ်စားထားပါစေ၊ ကိုယ်သွားရောက်မဲ့ နေရာဒေသ၊ ရာသီဥတုနဲ့ လိုက်ဖက်ညီမှုမရှိပါက ကွီးတို့ကို သက်တောင့်သက်သာရှိစေမှာ မဟုတ်ပါဘူး။ သက်တောင့်သက်သာမရှိတဲ့ ဝတ်စားဆင်ယင်မှုက ကွီးတို့ကိုစမတ်လည်း မကျစေပါဘူး။ ဒါကြောင့် နေရာဒေသ၊ အလုပ်အကိုင်၊ ရာသီဥတုနဲ့ လိုက်ဖက်ညီသော ဝတ်စားဆင်ယင်မှု ဖြစ်စေရန် ဂရုပြုပါ။

ကွီးတို့ရေ ဆော်လေးတွေ ကြည်ပြီး အထာကျ တဲ့ ဘဲတစ်ဗွေ ဖြစ်ဖို့ဆို ဒီအချက်လေးတွေက ကူညီပေးပါလိမ့်မယ်ဗျ။

Featured Photo : Evie Magazine