ဘာကြောင့် မိမိမျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်များကို သေချာရွေးချယ်ကာ ညှပ်သင့်သလဲ။ ဘာ့ကြောင့်လဲဆိုတော့ မိမိမျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်သည် ကွီးတို့ကို ပိုမိုကြည့်ကောင်းလာအောင် ကူညီပေးလို့ပါပဲ။ တကယ်လို့ ကိုယ့်မျက်နှာနဲ့ မလိုက်ဖက်တဲ့ ဆံပင်ကေ မျိုး၊ ဘယ်လောက်ပဲ အလန်းစား စတိုင်လ်မျိုးဖြစ်နေပါစေ ကိုယ့်မျက်နှာကျနဲ့ မလိုက်ဖက်ဘူးဆိုရင်တော့ ဘယ်လိုမှ ကြည့်ကောင်းမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဆံပင်ကေ ချိန်းခါနီးမှာ သေချာစဥ်းစားသင့်ပြီး ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်မျိုးကို ရွေးချယ်သင့်တာပဲဖြစ်ပါတယ်။

ဒီဆောင်းပါးလေးကတော့ ဆံပင်ကေ ချိန်းဖို့ စဥ်းစားနေတဲ့ ကွီးတို့အတွက် ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်မယ့် အလန်းစား ဆံပင်စတိုင်လ်မျိုးကို ရွေးချယ်နိုင်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

ကပိုကရိုစတိုင်လ်

man hairstyles

ဘေးနှစ်ဖက်ကို ခပ်တိုတိုကပ်ကပ်ကလေး ညှပ်ထားပြီး အပေါ်ပိုင်းကို ရှည်ရှည်လေး ညှပ်ထားတာဖြစ်ပါတယ်။ လေးထောင့်စပ်စပ်မျက်နှာကျပိုင်ရှင်၊ အသည်းပုံမျက်နှာကျ ပိုင်ရှင်များနှင့် လိုက်ဖက်ပါတယ်။

ဆံပင်ကောက်စတိုင်လ်

man hairstyles

ကွီးတို့ဆီမှာ သိသာထင်ရှားတဲ့ Jawline များ ရှိပါသလား။ ထို Jawline များရှိတယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်မျိုး ညှပ်သင့်ပါတယ်။ ဆွဲဆောင်မှုတိုးပြီး ကြည့်ကောင်းလာစေမှာပဲ ဖြစ်ပါတယ်။

ဘေးခွဲဆံပင်စတိုင်လ်

man hairstyles

ဘေးခွဲကိုမှ သေသေချာချာပုံသွင်းထားတဲ့ ဆံပင်စတိုင်လ်ပဲဖြစ်ပါတယ်။ မျက်နှာဝိုင်းတဲ့ကွီးတို့နှင့် လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်တစ်မျိုး ဖြစ်ပါတယ်။

ဘေးနှစ်ဖက်ကို ခပ်ပါးပါး ညှပ်ထားပြီး အလယ်မှာတော့ ခပ်ရှည်ရှည်ထားထားတဲ့ ဆံပင်စတိုင်လ်

man hairstyles

ဒီဆံပင်စတိုင်လ်ကတော့ မျက်နှာကျဝိုင်းတဲ့သူများ၊ လေးထောင့်စပ်စပ်မျက်နှာကျပိုင်ရှင်များနှင့် လိုက်ဖက်ပါတယ်။ ဆံပင်ကို ဂျယ်လ်သေချာထည့်ကာ ပုံသွင်းရမယ့်ဆံပင်ကေဖြစ်တဲ့အတွက်ကြောင့် သေသေချာချာ ထိန်းသိမ်းပေးနိုင်မှ ထားသင့်ပါတယ်။

ဆံပင် ခဏခဏ မဖြီးချင်တဲ့ ကွီးတို့အတွက် ဆံပင်စတိုင်လ်

ဆံပင်ကေ အလန်းစား

ဒီဆံပင်စတိုင်လ်ကတော့ ဆံပင်ကို ခဏခဏ ပုံသွင်းမှာမှာ စိတ်ညစ်တဲ့ကွီးတို့အတွက် အသင့်တော်ဆုံးပါပဲ။ ဘဲဥပုံမျက်နှာကျပိုင်ရှင်များနှင့် လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။

ထောင့်ချိုးများနှင့် အတိအရိညှပ်ထားတဲ့စတိုင်လ်

ဆံပင်ကေ အလန်းစား

ဆံပင်အရှေ့နားကို တိတိရိရိလေး ညှပ်ထားပြီး အပေါ်ပိုင်းကိုတော့ အနောက်သို့ လှန်ဖြီးထားတဲ့ ဆံပင်စတိုင်လ်ပဲဖြစ်ပါတယ်။ လတ်တလောမှာ ခေတ်စားနေတဲ့ စတိုင်လ်တစ်ခုဆိုလည်း မမှားပါဘူး။

မျက်နှာရှည်သောပုရိသများ၊ မျက်နှာသွယ်သောသူများနှင့် လေးထောင့်စပ်စပ်မျက်နှာကျပိုင်ရှင်များနှင့် လိုက်ဖက်သော ဆံပင်စတိုင်လ်

ဆံပင်ကေ အလန်းစား

ဒီဆံပင်စတိုင်လ်ကတော့ အပေါ်ပိုင်းမှာ အနောက်သို့ လှန်ဖြီးထားပြီး နောက်စေ့နားမှာတော့ မတိုမရှည်လေး ညှပ်ထားတဲ့ပုံစံ ဖြစ်ပါတယ်။ လူကြီးဆန်ဆန် ရင့်ကျက်တဲ့အသွင်ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်မျိုးကို ရွေးချယ်သင့်ပါတယ်။

Comb Over Fade

ဆံပင်ကေ အလန်းစား

ဒီဆံပင်စတိုင်လ်လေးကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက ခေတ်စားခဲ့တဲ့ ဆံပင်စတိုင်လ်တစ်မျိုးပါ။ ကွီးတို့အနေနဲ့ ပြန်လည်ခေတ်စားလာအောင် လုပ်ချင်ရင်တော့ ဒီဆံပင်စတိုင်လ်မျိုးကို ရွေးချယ်နိုင်ပါတယ်။

အလယ်ခွဲစတိုင်လ်

ဆံပင်ကေ အလန်းစား

ဆံပင်အလယ်ခွဲကိုမှ အနောက်သို့ လှန်ဖြီးထားကာ ပုံသွင်းထားတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ စိတ်ပါတယ်ဆိုရင်တော့ ဆံပင်ကာလာပါ တစ်ခါတည်း ပြောင်းနိုင်ပါတယ်။

မတိုမရှည်ဆံပင်စတိုင်လ်

ဆံပင်ကေ အလန်းစား

ဒီဆံပင်စတိုင်လ်မျိုးကတော့ အရင်တုန်းက David Beckham ဆံပင်စတိုင်လ်လို့ ခေါ်ကြတာဖြစ်ပါတယ်။ ဆံပင်အရှည်က မေးစေ့နားလောက်ထိ ရှည်အောင် ထားထားတာဖြစ်ပါတယ်။ သင့်အနေနဲ့ ဆံပင်အရှည်ထားလို့ဆိုပြီး ဆံပင်ညှပ်ဆိုင်ကို မသွားဘဲနေတာမျိုးတော့ လုပ်လို့မရပါဘူး။ ဆံပင်ညှပ်ဆိုင် ပုံမှန်သွားပြီး ဆံပင်ပုံသွင်းတာမျိုး ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

Source: Menshairstyletrends

Featured Image: Design Trends