ဆံပင်စတိုင်က လူတစ်ယောက်ရဲ့ အသွင်အပြင်ကို လုံးဝပြောင်းလဲပေးနိုင်ပါတယ်။ အကယ်၍ နှစ်သစ်မှာ ကွီးတို့ရဲ့ ဒီဇိုင်းကာလာကို အရင်နဲ့မတူတဲ့ ပုံစံအသစ်တစ်မျိုး ပြောင်းလဲချင်တယ်ဆိုရင်တော့ ယောက်ျားလေးတွေအတွက် ခေတ်ဆန်ပြီး စတိုင်ကျတဲ့ အမိုက်စား ဆံပင်ပုံစံတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ အခု ၂၀၂၃ ခုနှစ်ထဲမှာ အမျိုးသားထုကြား ခေတ်စားလာဦးမယ့် ဆံပင်စတိုင် အချို့ကို ပြောပြပေးပါမယ်။ ဘဲအချင်းချင်းငေးရုံမက ဆော်လေးတွေပါကြွေသွားရမယ့် ခေတ်သစ် ဆံပင်ကေ တွေကို ရှိုးလိုက်ရအောင်ပါ။

(၁) Quiff ဆံပင်ကေ

 ဆံပင်ကေ

Photo : LUXUO

Modern Look မျိုး လိုချင်တဲ့ ကွီးတို့အတွက် ညှပ်သင့်တဲ့ အမိုက်ဆုံး ဆံပင်စတိုင်တွေထဲက တစ်ခုကတော့ Quiff ပါ။ ဘေးဘက်နဲ့ နောက်ဘက်တွေကို ခပ်ပါးပါးရှိတ်ထိုးထားပြီး အပေါ်ကိုတော့ အနည်းငယ် ရှုပ်ပွပွစတိုင်ဘက်ကို သွားထားပါတယ်။ လူလတ်ပိုင်း အမျိုးသားတွေနဲ့ ပိုမို လိုက်ဖက်မှုရှိပြီး Professional Life ကနေ Nights Out ထွက်ချိန်တွေအထိ ပြီးပြည့်စုံတဲ့ စတိုင်မျိုးပေးစွမ်းမှာ ဖြစ်ပါတယ်။

(၂) French Crop ဆံပင်ကေ

 ဆံပင်ကေ

Photo : LUXUO

French Crop ကတော့ ယောက်ျားပီသပြီး ဆံပင်ထိန်းသိမ်းမှုနည်းတဲ့ ဆံပင်တိုစတိုင် ဖြစ်ပါတယ်။ ဘေးနှစ်ဖက်နဲ့ အနောက်ဘက်ကို အပြောင်ရှိတ်ထိုးထားပြီး အပေါ်ပိုင်းကိုတော့ တစ်လက်မကနေ တစ်လက်မခွဲခန့် အရှည်ရှိတဲ့ဆံပင်ပုံစံနဲ့ ပေါင်းစပ်ထားတဲ့ စတိုင်ပါ။ ပေါ့ပါးလွတ်လပ်ပြီး ခေတ်ဆန်တဲ့ စွယ်စုံရဆံပင်စတိုင်တစ်ခုလို့ ပြောလို့ရသလို ယောကျာ်းလေးတိုင်းနဲ့ လိုက်ဖက်မှုရှိပါတယ်။

(၃) Side Part ဆံပင်ကေ

 ဆံပင်ကေ

Photo : LUXUO

Side Part ဆံပင်ကေကတော့ သန့်သန့်ခန့်ခန့် Professional Look မျိုးကို အပြည့်အဝပေးစွမ်းပြီး ဒီဘက်ခေတ် လူငယ် Businessmen တွေကြားမှာ အညှပ်များပါတယ်။ ဘေးနှစ်ဘက်ကို ခပ်တိုတို ခပ်ပါးပါး ညှပ်ထားပြီး အပေါ်ကတော့ ဆံပင်အရှည်ကိုမှ ခပ်စောင်းစောင်း နောက်ကိုလှန်ဖြှီးထားတဲ့ ပုံစံပါ။ သပ်သပ်ရပ်ရပ်စမတ်ကျတဲ့ ဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံး ဖြစ်ပါတယ်။

(၄) Afro ဆံပင်ကေ

Photo : LUXUO

Classic Afro Haircut ကတော့ ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေမှာ ရေပန်းစားခဲ့တဲ့ ဆံပင်စတိုင်တစ်ခုဖြစ်ပြီး ဒီဘက်ခေတ်မှာ တကြော့ပြန် လူကြိုက်များလာတာ ဖြစ်ပါတယ်။ အထူးသဖြင့် လူမည်းတွေကြားမှာ ရေပန်းစားပြီး ဆံပင်စတိုင်တစ်ခု ဆိုတာထက် ကိုယ်ပိုင်အမှတ်အသားတစ်ခုအဖြစ် ရည်ညွှန်းဖော်ပြလေ့ရှိပါတယ်။ Afro ဆံပင်စတိုင်ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အကြိုက်ပေါ်မူတည်ပြီး အတို/အရှည် ကိုယ့်စိတ်ကြိုက် အမျိုးမျိုးထားလို့ရသလို အခုလက်ရှိမှာ ဘေးဘက်အပြောင်နဲ့ အပေါ်ကို ခပ်ပွပွခပ်ထူထူထားတဲ့ ပုံစံက အမျိုးသားတွေကြား ရေပန်းအစားဆုံး ဖြစ်လာပါတယ်။

Featured Photo : Next Luxury