ဆံပင်ဆေးဆိုး ချင်တဲ့ ကွီး တို့အနေနဲ့ ဘယ်လိုအချက်လေးတွေကို ဆောင်ရ ရှောင်ရမလဲဆိုတာ သိပြီးပါပြီလား။ ဒီဆောင်ရန်ရှောင်ရန် အချက်လေးတွေကို သိထားမှသာလျှင် ကိုယ့်ရဲ့ ဆံကေသာက နူးညံ့ပျော့ပျောင်းပြီး အမိုက်စား ဆံပင်စတိုင်လ်လေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဆံပင်ဆေးဆိုး ဖို့ ပြင်နေတဲ့ ကွီး တို့အားလုံး အမိုက်စား ဆံပင်ကေလေးတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် အချက်များကို ချက်ချင်းလက်ငင်း အသုံးချလိုက်ပါ။
ကွာလတီကောင်းသော ဆိုးဆေး Conditioner နှင့် Hair Serum တို့ ရွေးချယ်ပါ
Photo: Spy
Hair Saloon ဆီ ရောက်သွားပြီဆိုတာနဲ့ ကိုယ်က ဘယ်ဆိုးဆေးအမျိုးအစားထဲက အသုံးပြုချင်သလဲဆိုတာ စတင်ရွေးချယ်ရမှာဖြစ်ပါတယ်။ ဆံကေသာ မပျက်စီးစေချင်သူများကတော့ ကွာလတီကောင်းကောင်း ဆိုးဆေးများကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ ဆိုးဆေး အမျိုးအစား ရွေးချယ်ပြီးပြီဆိုရင်တော့ အရောင်အမျိုးအစားကို ဆက်လက်ရွေးချယ်နိုင်ပါတယ်။ ပြီးရင်တော့ ခေါင်းလျှော်ရည် အကောင်းစား၊ Conditioner နှင့် Hair Serum အကောင်းစားတို့ အသုံးပြုပေးရမှာဖြစ်ပါတယ်။
ဆံပင်အတွက် အချိန်ပေးပါ၊ အလျင်မလိုပါနှင့်
မအားတဲ့ရက်မှာ ဆံပင်သွားမဆိုးပါနဲ့။ ကိုယ် တစ်နေကုန် အားတဲ့ရက်မှာပဲ စိတ်ဖြောင့်ဖြောင့်နဲ့ ဆံပင်သွားဆိုးလိုက်ပါ။ ဆံပင် ဆိုးနေတုန်း တန်းလန်းနဲ့ Hair Stylist ကို မပြီးသေးဘူးလား၊ ပြီးတော့မှာလား ဆိုပြီး သွားမလောပါနဲ့။ စိတ်ရှည်သည်းခံမှသာလျှင် ကိုယ် လိုချင်တဲ့ ဒီဇိုင်းလေးကို ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်လား။
ဆိုးဆေးများကို ပျက်စီးနေသော ဆံသားပေါ်တွင် မဖြုန်းတီးပါနှင့်
Photo: Menshealth
ဆိုင်မသွားဘဲနဲ့ ကိုယ့်ဘာသာ ကိုယ် အိမ်မှာ ဆိုးတဲ့သူတွေ ရှိကြပါတယ်။ ဒီအချက်ကတော့ သူတို့အတွက်ပဲဖြစ်ပါတယ်။
တချို့ဆံကေသာတွေက အဖျား နှစ်ခွ ဖြစ်နေတာမျိုး၊ ပျက်စီးနေတာမျိုး ရှိတတ်ပါတယ်။ အဲ့ဒီလို ပျက်စီးနေတဲ့ နေရာတွေပေါ်မှာ ဆိုးဆေးတွေကို အလဟဿ သွားဖြုန်းတီးမနေပါနဲ့။ အလကားဖြစ်သွားပါလိမ့်မယ်။ အကောင်းဆုံးကတော့ အဖျားနှစ်ခွ ဖြစ်နေတဲ့ နေရာတွေကို ညှပ်ထုတ်လိုက်ရမှာပဲဖြစ်ပါတယ်။ ပြီးမှ ဆံပင် ဆက်လက် ဆေးဆိုးနိုင်ပါတယ်။
အကြောင်းသိ ဆံသဆရာထံတွင်သာ ပုံအပ်ပါ
Photo: iStock
ဆံပင်ဆေးဆိုး ချင်တဲ့ ကွီး တို့အတွက် အရေးအကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ ကိုယ် ညှပ်နေကျ ဆံသဆရာ၊ ကိုယ် သွားနေကျ ကိုယ့်အကြောင်းသိတဲ့ ဆံသဆရာထံမှာပဲ ဆံပင်သွားဆေးဆိုးဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်အကြောင်း သိပြီးသားသူဆိုတော့ ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာမလိုပါဘူး။
ကိုယ် လိုချင်တဲ့ ဒီဇိုင်းကာလကို ပွင့်ပွင့်လင်းလင်း ပြောပြပါ
Photo: Menshairstylesfix
ဆံပင်ဆေးဆိုးတဲ့အခါ ကိုယ် လိုချင်တဲ့ ဒီဇိုင်းကာလကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ကိုယ့်အကြောင်း သိပြီး စိတ်ရှည်လက်ရှည် ပြုလုပ်ပေးနိုင်တဲ့ သူဆီမှာပဲ ဆံပင်သွားဆိုးဖို့ အကြံပေးချင်ပါတယ်။
ရေနွေးပူဖြင့် ခေါင်းလျှော်ခြင်းကို ရှောင်ကြဉ်ပါ
အိမ်ပြန်ရောက်လာပြီး နှစ်ရက်၊ သုံးရက်လောက်ကြာလို့ ခေါင်းလျှော်ချင်တဲ့အခါ ရိုးရိုးရေနဲ့ပဲ ခေါင်းလျှော်ရပါမယ်။ နောက်ရက်တွေ ခေါင်းလျှော်မယ်ဆိုရင်လည်း ရိုးရိုးရေနဲ့ပဲ ခေါင်းလျှော်ပေးရမှာဖြစ်ပါတယ်။ ရေနွေးပူနဲ့ ခေါင်းလျှော်တဲ့အခါ ဦးရေပြား ပျက်စီးသွားပြီး ဆံကေသာ ခြောက်သွေ့ ကြမ်းတမ်းသွားနိုင်ပါတယ်။
ဆာလဖိတ်ပါဝင်သော ဆံပင်ထုတ်ကုန်ပစ္စည်းများကို ဝေးဝေးက ရှောင်ပါ
Photo: FashionBeans
ဆာလဖိတ်များသည် ခေါင်းလျှော်ရည် တော်တော်များများတွင် တွေ့ရတတ်တဲ့ ဓာတုပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သူသည် ဆံကေသာမှာ ကပ်ငြိတေနဲ့ ဖုန်မှုန့်နှင့် အညစ်အကြေးများကို ပြောင်စင်အောင် ဖယ်ရှားပေးနိုင်ပါတယ်။ သို့သော် ထိုဓာတုပစ္စည်းသည် အလွန်ပြင်းထန်တဲ့အတွက်ကြောင့် သင့်ဦးရေပြားရှိ သဘာဝအဆီကို ဖျက်ဆီးပစ်လိုက်ပြီး ဆံကေသာကို ပျက်စီးယို့ယွင်းသွားစေပါတယ်။ ဒါ့ကြောင့် ဆာလဖိတ်ပါဝင်မှု မရှိတဲ့ ထုတ်ကုန်ပစ္စည်းများကိုသာ သေချာရွေးချယ်ကာ အသုံးပြုသင့်ပါတယ်။
Source: Msccollege
Featured Image: FashionBeans