ခေတ်မီပြီး ဖက်ရှင်ရေစီးကြောင်းနောက် လိုက်လေ့ရှိတဲ့ စတိုင်လ်ကျတဲ့ ကွီးတို့အတွက် ဆံပင် ကာလာချိန်း ခြင်းသည် ထူးဆန်းတဲ့အရာတစ်ခုတော့မဟုတ်တော့ပါဘူး။ ဒီလို ဆံပင် ကာလာချိန်း တဲ့အခါမှာ အဓိက အရေးအကြီးဆုံးအချက်ကတော့ ကိုယ် ရွေးချယ်လိုက်တဲ့ ဆံပင်ဆိုးဆေးအရောင်သည် ကိုယ့်အသားအရေနဲ့ လိုက် မလိုက်ဆိုတာကို ထည့်သွင်းစဉ်းစားဖို့ပဲ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ဆံပင်အရောင်မပြောင်းခင်မှာ ကိုယ် ညှပ်ထားတဲ့ ဆံပင်သည် ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ဆံပင်စတိုင်လ်က ကိုယ်နဲ့ မလိုက်ဖက်ဘူးလို့ ထင်နေတယ်ဆိုရင်တော့ အရင်ဆုံး ဆံပင်စတိုင်လ်ကို ပြောင်းလိုက်ပါ။ နောက်မှ ဆံပင် ကာလာချိန်း လိုက်ရမှာဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ဆံပင် ကာလာချိန်း ဖို့အတွက် ဘယ်အရောင်ကို ရွေးချယ်ရမှန်းမသိ ဝေခွဲမရဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးရဲ့အကူအညီကို ရယူနိုင်ပါတယ်။

လတ်တလောမှာ ရေပန်းစားနေတဲ့ ဆံပင်အရောင်တွေက ဘယ်အရောင်တွေဖြစ်မလဲ။

ကြေးနီညိုရောင်

ဆံပင် ကာလာချိန်း

ဒီဆံပင်အရောင်ကတော့ အသားအရောင်မဖြူ မညို၊ အလယ်အလတ် အသားအရောင်ပိုင်ရှင်များနှင့် လိုက်ဖက်ပါတယ်။ ဒါ့အပြင် ဆံပင်အနားသားလေးမှာ အနည်းငယ် ကောက်သယောင်ယောင်ဖြစ်နေမယ်ဆိုရင်တော့ ပိုပြီးလိုက်ဖက်ပါတယ်။

သို့သော်လည်း ကိုယ့်ဆံပင်က အဖြောင့်သမားဖြစ်နေတယ်ဆိုရင်တော့ ဆံပင်ကို တိုတိုကပ်ကပ်ကလေး ညှပ်ထားပြီး ဆံပင် မဖြီးထားဘဲ ကပိုကရိုစတိုင်လ်လေး ထားထားမယ်ဆိုရင်တော့ ဆွဲဆောင်မှုတိုးစေမှာပါ။

ရွှေအိုရင့်ရောင်

ဆံပင် ကာလာချိန်း

ဒီဆံပင်အရောင်ကတော့ အသားဖြူတဲ့ ကွီးတို့နဲ့ လိုက်ဖက်တဲ့ ဆံပင်အရောင်တစ်မျိုးပဲဖြစ်ပါတယ်။ ဆံပင်စတိုင်လ်ကတော့ တစ်ဖက်ခြမ်းက ဆံပင်အုံထူခြင်း (သို့) ဆံပင်ခပ်ရှည်ရှည်ဖြစ်နေပြီး ကျန်တစ်ဖက်က ခပ်တိုတိုကပ်ကပ်ကလေး ညှပ်ထားရင်တော့ ပိုကြည့်ကောင်းနေမှာဖြစ်ပါတယ်။

အလယ်အလတ်အညိုရောင်

ဆံပင် ကာလာချိန်း

ဒီဆံပင်အရောင်ကတော့ အသားဖြူသူများ၊ အသားလတ်သူများနှင့် လိုက်ဖက်တဲ့ ဆံပင်အရောင်တစ်ခုဖြစ်ပါတယ်။ ဒီဆံပင်အရောင်နဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ကတော့ ဆူးချွန်ပုံသဏ္ဍာန်မျိုး ညှပ်ထားတဲ့ ဆံပင်တိုတိုစတိုင်လ်နဲ့ လိုက်ဖက်ပါတယ်။

မဟော်ဂနီရောင်

ဆံပင် ကာလာချိန်း

ဒီဆံပင်အရောင်ကတော့ အသားအနည်းငယ် ညိုသူများ၊ အသားလတ်တဲ့ ကွီးတို့နဲ့ လိုက်ဖက်ပါတယ်။ ဆံပင်စတိုင်ကတော့ ဆံပင်အုံထူထူလေးနဲ့ဆို ညှို့ငင်အားပြင်းနေမှာပဲဖြစ်ပါတယ်။

အညိုရောင်

ဆံပင် ကာလာချိန်း

ဆံပင်အရောင်လည်း ချိန်းချင်တယ်။ သို့သော် ဆံပင်အရောင်တောက်တောက်ကြီးတွေလည်း သဘောမတွေ့ဘူးဆိုရင်တော့ ဒီလိုမျိုးသဘာဝအရောင်လေးကို ရွေးချယ်နိုင်ပါတယ်။ ဒီအရောင်လေးကတော့ အသားလတ်သူများ၊ အသားညိုသူများနှင့် လိုက်ဖက်ပါတယ်။ ဆံပင်စတိုင်လ်ကိုတော့ ဘယ်လိုမျိုး ညှပ်သင့်သလဲဆိုရင် မတိုမရှည်စတိုင်လ်လေးဆို ရပါပြီ။ ဆံပင်ရှည်လွန်းတဲ့အခါ ဆံပင်ပါးတဲ့ပုံပေါ်နေစေပါတယ်။

အညိုမှိုင်းမှိုင်း

ဆံပင် ကာလာချိန်း

အညိုရောင်တွေချည်းပဲကို ဘယ်နှမျိုး ခွဲနေတာလဲလို့ မထင်လိုက်ပါနဲ့။ ကွီးတို့အနေနဲ့ ဆံပင်အရောင်ချိန်းမယ်ဆိုရင် ဒီလိုအရောင်ကွဲတွေကိုလည်း သိထားမှ တော်ရာကျမှာမဟုတ်လား။

ဒီပုံထဲကလို အညိုမှိုင်းမှိုင်းကတော့ အသားလတ်သူများ၊ အသားညိုသူများရော အသားဖြူတဲ့ ကွီးတွေနဲ့ပါ လိုက်ဖက်ပါတယ်။ ဒါ့အပြင် ဆံပင် မထူမပါးပိုင်ရှင်များ (သို့) ဆံပင်အုံထူသော ကွီးတို့နဲ့လည်း လိုက်ဖက်တဲ့ ဆံပင်အရောင်တစ်ခုဖြစ်ပါတယ်။

ရွှေအိုရောင်ဆံပင်

kwee hair colours

ဒီရွှေအိုရောင်ဆံပင်အရောင်လေး ဆိုးထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ဆံကေသာကို ဂျယ်လ်လိမ်းပြီး သေသေချာချာဖြီးလိမ်းပြင်ဆင်ဖို့တော့လိုအပ်ပါလိမ့်မယ်။ ဒါမှ ကွီးတို့ရဲ့ဆံကေသာက အရောင်တောက်တောက်လေးနဲ့ ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။

အရောင်သိပ်မတောက်တဲ့ ဆံပင်အရောင်လေးတွေအကြောင်း ဖော်ပြပြီးသွားပြီဆိုရင်တော့ ဒီတစ်ခါမှာတော့ အများနဲ့မတူ တစ်မူထူးခြားတဲ့ ဆံပင်အရောင်တွေဆီ သွားလိုက်ရအောင်။

အမိုက်စား အစိမ်းရောင်စတိုင်လ်

kwee hair colours

ဆိုးဆေးအစိမ်းရောင်ကိုမှ ဆံပင်အရင်းနားမှ တစ်ရောင်၊ ဆံပင်အဖျားနားမှာ နောက်ထပ် အစိမ်းရောင် အရောင်ကွဲတစ်ရောင် ထပ်ဆိုးထားတာဖြစ်ပါတယ်။ အလန်းစားဆံပင်စတိုင်လ်တစ်ခုပါပဲ။

လိမ္မော်ရောင်

kwee hair colours

ဆံပင်အရောင်တောက်တောက်လေးကိုမှ သဘောကျတယ်ဆိုရင်တော့ ဒီဆံပင်အရောင်ကိုသာ ရွေးချယ်လိုက်ပါ။

သက်တံရောင်

kwee hair colours

ဒီသက်တံရောင် ဆံပင်ကာလာသည်လည်း ယခုတလောမှာ ဖက်ရှင်ချစ်သူကွီးတို့အကြား ရေပန်းစားနေတဲ့အရောင်တစ်ခုပဲဖြစ်ပါတယ်။

နှစ်ရောင်စပ်

kwee hair colours

ရွှေရောင်လေးနဲ့ အနီရောင်လေးကို ဖောက်ကာ ဆိုးထားတဲ့ ဆံပင်စတိုင်လ်လေးပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဆန့်ကျင်ဘက်အရောင်နှစ်ရောင်ကို တွဲစပ်ကာ ဆံပင်အရောင်ဆိုးလိုက်လို့လည်းရပါတယ်။

နောက်ဆုံးပေါ်စတိုင်လ်

kwee hair colours

အလန်းစားဆံပင်စတိုင်လ်ကိုမှ အမိုက်စားဆံပင်အရောင်နဲ့ ပေါင်းစပ်လိုက်တော့ အခုလိုမျိုး ဆွဲဆောင်မှုအရှိဆုံးကွီးတစ်ယောက်ဖြစ်သွားပြီပေါ့။

အခုဖော်ပြသွားတဲ့ ဆံပင်အရောင်အမျိုးအစားအများကြီးထဲကမှ ကွီးတို့ဘဝင်အခိုက်ဆုံး ဆံပင်အရောင်က ဘယ်အရောင်ဖြစ်မလဲ။

Source: Machohairstyles

Featured Image: Kingssleeve