ဆံကေသာပျက်စီးတာ ၊ ဆံပင်ကျွတ်တာတွေက များသောအားဖြင့် သက်ကြီးပိုင်းမှာ ဖြစ်လေ့ရှိတယ်ဆိုပေမယ့် တချို့ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်တာ ၊ ထိပ်ပြောင်တာတွေ ဖြစ်တတ်ပါတယ်။ ဆံပင်က လူတစ်ယောက်အတွက် ဒုတိယမျက်နှာလို့ ပြောကြတာကြောင့် ဆံပင်သန်စွမ်းကျန်းမာနေဖို့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရွယ်မတိုင်ခင် ဆံပင်တွေကျွတ်တာ ထိပ်ပြောင်တာတွေမဖြစ်စေဖို့ စားပေးသင့်တဲ့ ဆံပင်သန် စွမ်းစေမယ့် အကောင်းဆုံး အစားအစား ၅ မျိုး ကိုပြောပြပေးချင်ပါတယ်။

(၁) ဘယ်ရီသီး

Photo : Modern Farmer

ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်တဲ့အပြင် ဆံပင်တွေကို သန်စွမ်းစေမယ့် ဗီတာမင် ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဘလူးဘယ်ရီ ၊ စတော်ဘယ်ရီသီးတွေမှာဆိုရင် ဗီတာမင် C ဓာတ် ကြွယ်ဝစွာပါဝင်နေပြီး ဆံကေသာအတွက်လိုအပ်တဲ့ အာဟာရဓာတ်များစွာကို ထောက်ပံ့ပေးပါတယ်။

(၂) ကြက်ဥ

Photo : Australian Eggs

ကြက်ဥမှာ ဆံပင်သန်စွမ်းကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းနဲ့ ဘိုင်အိုတင်း ဓာတ်တွေ အဓိကပါဝင်နေပါတယ်။ လေ့လာမှုတွေအရ ပရိုတင်းနဲ့ ဘိုင်အိုတင်းဓာတ်လုံလောက်စွာ မစားဘူးဆိုရင် ဆံပင်ကျွတ်ခြင်း ၊ ထိပ်ပြောင်ခြင်းတွေပိုပြီး ဖြစ်နိုင်ခြေများတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်ခန့် ကြက်ဥ သို့မ ဟုတ် ဥအမျိုးမျိုး စားပေးရမှာ ဖြစ်ပါတယ်။

(၃) ထောပတ်သီး

Photo : Farmers’ Almanac

ထောပတ်သီးမှာ ဆံသားကြီးထွားဖို့အတွက် လိုအပ်တဲ့ ဓာက်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် E ဓာတ် အများအပြား ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး ဆံသားကျန်းမာရေးအတွက် အရေးပါတဲ့ အော်ရဲနစ်ဓာတ်ပေါင်း (Fatty Acids) တွေလည်း ပါဝင်နေတာကြောင့် ဆံပင်သန်စွမ်းဖို့  စားပေးသင့်တဲ့ အကောင်းဆုံး အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။

(၄) အဆီများတဲ့ငါး

Photo : The Healthy Fish

ဆယ်လ်မွန်နဲ့ မက်ကရယ်ငါးတွေမှာ ဆံပင်သန်စွမ်းကြီးထွားဖို့အတွက် လိုအပ်တဲ့ Omega-3 Fatty Acids ဓာတ်တွေ ပေါပေါများများ ပါဝင်ပါတယ်။ ဒါ့အပြင် အဆီများတဲ့ ငါးတွေက ဦးနှောက် ၊ မျက်စိနဲ့ အာရုံကြော ကျန်းမာရေးတွေကိုလည်း ကောင်းမွန်စေတဲ့အတွက်ကြောင့် ပုံမှန်စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။

(၅) ကန်စွန်းဥ

Photo : Southern Living

ကန်စွန်းဥမှာ ဆံသားနဲ့ ဦးရေပြား ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် A ကြွယ်ဝတာကြေင့် ဆံပင်ကျန်းမာရေးအတွက် စားသုံးသင့်ပါတယ်။ ဒါ့အပြင် ကန်စွန်းဥမှာ ဆံသား ကြီးထွားမှုနှုန်းမြန်စေတဲ့ အာဟာရဓာတ်တွေလည်း များစွာ ပါဝင်နေပါသေးတယ်။

Featured Photo : Men’s Journal