ဦးနှောက်ဟာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ အသက်ကြီးအိုမင်းလာ တတ်ပါတယ်။ ဒီလို ဦးနှောက်အသက်ကြီးလာတာနဲ့အမျှ တွေး ခေါ်နိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းရည်တွေလည်း ကျဆင်းလာတတ်ပါတယ်။ မှတ်ဉာဏ်ချိုယွင်းမှုကို အများဆုံးဖြစ်စေတဲ့ လူသိအများဆုံးရောဂါကတော့ အယ်လ်ဇိုင်းမား ရောဂါပါ။ ဒါ့ကြောင့် ဒီလို မှတ်ဉာဏ် ချို့ယွင်းမှုကိုဖြစ်စေတဲ့ အယ်လ်ဇိုင်းမား ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ ဆိုရင် ဘယ်လို အစားအစာ တွေ စားသင့်လဲဆိုတာ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) ဘလူးဘယ်ရီ

Photo : RedTom

ဘလူးဘယ်ရီသီးမှာ ပိုလီဖီနောဓာတ်ပါဝင်ပြီး အထူးသဖြင့် ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ အန်သိုဆိုက်ယာနင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ လေ့လာမှုတစ်ခုအရ ဘလူးဘယ်ရီသီးကို အစောပိုင်းမှတ်ဉာဏ် ပြဿနာရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက် ၁၂ ပတ်ကြာ ဖြည့်စွက်စာအဖြစ် ကျွေးပြီးတဲ့နောက်မှာ သင်ယူမှုနဲ့ ပြန်လည်မှတ်မိမှု မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဘလူးဘယ်ရီမှာပါတဲ့ အန်သိုဆိုက်ယာနင်ဓါတ်က အာရုံကြောယိုယွင်းမှုကိုလည်း လျော့နည်းစေပါတယ်။

(၂) အစိမ်းရောင် အရွက်များ

Photo : Eat This, Not That

အစိမ်းရောင်အရွက်တွေမှာ ဗီတာမင် K ၊ ဗီတာမင် E ၊ ဘီတာကာရိုတင်း ၊ လူတင်း ၊ ဖောလိတ်နဲ့ နိုက်ထရိတ်ဓာတ်တွေ အပါအဝင် အာရုံကြောအတွက် အကျိုးပြုတယ်လို့ယူဆရတဲ့ အာဟာရဓာတ်အများအပြား ပါဝင်ပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုအရ ဘီတာကာရိုတင်းကလွဲလို့ ကျန်တဲ့အာဟာရဓာတ်အားလုံးက အရွက်စိမ်း စားသုံးတဲ့သူတွေမှာ မှတ်ဉာဏ်ကျဆင်းမှုကို သိသိသာသာနှေးကွေးစေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် အယ်လ်ဇိုင်းမား ကာကွယ်ဖို့အတွက် အစိမ်းရောင်အရွက်တွေ စားပေးသင့်ပါတယ်။

(၃) Green Tea

Photo : Eat This, Not That

မကြာသေးမီက လေ့လာမှုတစ်ခုအရ လက်ဖက်စိမ်း သောက်သုံးမှုဟာ စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျှော့ချခြင်းနဲ့ တစ်စိတ်တစ်ပိုင်းဆက်စပ်နေတာ တွေ့ရပါတယ်။ ဒီအကျိုးအာနိသင်က Green Tea လို့ခေါ်တဲ့ လက်ဖက်စိမ်းမှာ တွေ့ရတဲ့ ဒြပ်ပေါင်းတွေဖြစ်တဲ့ ကဖိန်းဓာတ်နဲ့ L-Theanine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တွေကြောင့် ဖြစ်ပါတယ်။ သီးခြားလေ့လာမှုတစ်ခုမှာဆိုရင်လည်း ဒီဒြပ်ပေါင်းတွေကို အသုံးပြုပြီးတော့ မှတ်ဉာဏ်နဲ့ ဦးနှောက်သိမြင်မှု တိုးတက်မှု ရှိတာကို စမ်းသပ်ခဲ့ပါတယ်။

(၄) ဆယ်လ်မွန်ငါး

Photo : Eat This, Not That

ဆယ်လ်မွန်ငါး စားသုံးတာကလည်း အယ်ဇိုင်းမားရောဂါကာကွယ်ဖို့ အထောက်အကူ ပြုတာတွေ့ရပါတယ်။ ဆော်လမွန်ငါးမှာ မှတ်ဉာဏ်နဲ့ အသိ ဉာဏ်ကျဆင်းမှုဆိုင်ရာအတွက် ကောင်းမွန်စေတဲ့ Omega – 3 fatty acid ပါဝင်ပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ငါးစားသုံးမှုက အသက် ၆၅ နှစ်အထက် လူကြီးတွေမှာဆိုရင် အကြီးမားဆုံး အကျိုးကျေးဇူးအနေနဲ့ မှတ်ဉာဏ်ကျဆင်းမှုကို နှေးကွေးစေကြောင်း ပြသခဲ့ပါတယ်။ ရလဒ်ကတော့ တစ်ပတ်ကို 1 ကြိမ်ခန့် စားသုံးပေးတာကနေ ရရှိတာ ဖြစ်ပါတယ်။

(၅) နနွင်း

Photo : Times of India

နနွင်းကို Anti-inflammatory နဲ့ Antioxidant အဖြစ် အချိန်ကြာရှည်စွာ အသုံးပြုခဲ့ကြပါတယ်။ ၁၂ လကြာစမ်းသပ်မှုတစ်ခုမှာ ကျေးလက်တောရွာမှာနေတဲ့ လူကြီးတွေရဲ့ သိမြင်နိုင်စွမ်းကျဆင်းမှုကို ကာကွယ်တဲ့နည်းလမ်းအဖြစ် နနွင်းစားသုံးမှုကို လေ့လာခဲ့ပါတယ်။ ၆ လအတွင်း နနွင်းနဲ့ သူ့မှာပါဝင်တဲ့ Active component ဖြစ်တဲ့ အဝါရောင်ခြယ်ပစ္စည်း Curcumin က မှတ်ဉာဏ်ကျဆင်းမှုကို နှောင့်နှေးစေဖို့ အတွက် အတန်သင့်ထိရောက်ကြောင်း အကြံပြုထားပါတယ်။

Photo : Alzheimer’s News Today