ဆံပင် ပုံစံတွေဘယ်လို ပြောင်းပြောင်း ယောကျာ်းလေးတွေ ခေါင်းနဲ့ အလိုက်ဖက်ဆုံးက ခပ်တိုတို Short Hairstyle ပါပဲ။ ဆံပင်တို ဆိုပေမယ့် သူ့မှာလည်း ပုံစံ ဒီဇိုင်းတွေက အများသား။ လူကြိုက်များသလောက် ခေတ်မရိုးတဲ့ Short Hairstyle တွေထဲမှာမှ ၂၀၂၂ ခုနှစ်မှာ ခေတ်စားလာတဲ့ ဆံပင် တိုတို Haircuts တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
(၁) Buzz Cut Haircut
Photo : Dmarge
ဆံပင်ထိန်းသိမ်းဖို့ ခေါင်းအရှုပ်မခံချင်သူတွေအတွက် အကောင်းဆုံး ဆံပင်ပုံစံက Buzz Cut Haircut ပါ။ ဒီဆံပင်ပုံစံက Hair Stylist တိုင်း ကျွမ်းကျွမ်းကျင်ကျင် ညှပ်နိုင်သလို ဘယ်တော့မှလည်း ရိုးအီသွားတယ် မရှိတဲ့ ဆံပင်ပုံစံလည်း ဖြစ်ပါတယ်။
(၂) Butch Cut Haircut

Photo : Dmarge
နွေရာသီမှာ ကတုံးကေညှပ်ချင်တယ်ဆိုရင် Buzz Cut အပြင် ရွေးစရာက Butch Cut Haircut ဖြစ်ပါတယ်။ သူက Buzz Cut ထက်တောင် တိုကပ်ကပ်ထား ညှပ်ထားတာ ဖြစ်ပါတယ်။
(၃) Crew Cut Haircut

Photo : Dmarge
အပေါ်က Haircuts တွေလောက် မတိုချင်ဘူး ဆိုရင်တော့ Crew Cut Haircut ကို ရွေးချယ်နိုင်ပါတယ်။ Crew Cut Haircut ဆံပင်ပုံစံ မျက်နှာလေးထောင့်ဆန်ပြီး ဆံပင်အုံထူသူတွေနဲ့ အဆင်ပြေပါတယ်။
(၄) Short Side-Part Haircut

Photo : Dmarge
ဘေးပြောင် ဘေးခွဲဆံပင်တိုပုံစံ လိုချင်ရင်တော့ Short Side-Part Haircut ပုံစံ ညှပ်ဖို့ အကြံပေးချင်ပါတယ်။ ဘေးခွဲ Side-Part စတိုင်တွေထဲမှာ ဒီဖက်ရှင်က ဆွဲဆောင်မှု ရှိသလို ပွဲတက်ဖို့အတွက်လည်း အဆင်ပြေတဲ့ ဆံပင်ပုံစံ ဖြစ်ပါတယ်။
(၅) French Crop Haircut

Photo : Dmarge
ဟိုးအရင် ရှေးခေတ်တွေကနေ အခုခေတ်အထိ အမျိုးသားတွေ အကြိုက်တွေ့ခဲ့တဲ့ ဆံပင်တိုပုံစံတစ်ခုက French Crop Haircut ဖြစ်ပါတယ်။ French Crop Haircut က နောက်နဲ့ ဘေးကို တိုကပ်ကပ် ညှပ်ပြီး အပေါ်မှာ နည်းနည်း အရှည်ထားပါတယ်။ Messy ဆန်ဆန် အဖွနဲ့ ဆံပင်အောက်ချထားလို့ Casual ဆန်ပြီး လွတ်လပ်ပေါ့ပါးမှု ရသ ပေးစွမ်းနိုင်ပါတယ်။
Featured Photo : apetogentleman

