လူငယ်ဆန်ဆန် ဆံပင် ပုံစံတွေထဲမှာ ရေပန်းစားလာတဲ့ ဒီဇိုင်းတစ်ခုက Curly Haircuts လို့ ခေါ်တဲ့ အခွေအတွန့် ဆံပင်စတိုင်တွေပါပဲ။ နာမည်ကျော် Game of Thrones မင်းသား ကစ်ဟာရင်တန် ကနေ Dune မင်းသား တင်မိုသီ ချာလမက်အထိ အခွေအလိပ်ဆံပင်ပုံစံနဲ့ နာမည်ကျော်ကြပါတယ်။ Curly စတိုင် လှိုင်းတွန့်အခွေအလိပ်ဆံပင်ပုံစံတွေက ယောကျာ်းလေးတွေ ထားနေကျ တခြား ဆံပင်ပုံစံတွေထက် ပြုပြင်ထိန်းသိမ်းမှုတော့ ပိုလိုအပ်ပါတယ်။
Photo : Man of Many
တကယ်လို့ ကိုယ်က Curly Hair စတိုင် ထားမယ်ဆိုရင် လိုက်နာသင့်တဲ့အချက်တွေက အများသားပါပဲ။ လှိုင်းတွန့်တဲ့ Wavy ဆန်ဆန် အမျိုးသားဆံပင်ပုံစံအတွက် ပင်လယ်ဆားပါတဲ့ စပရေး ဒါမှမဟုတ်လည်း အလားတူ Moisturizer တစ်မျိုးမျိုး သုံးပေးဖို့ လိုပါတယ်။ ဒီ Spray တွေက ဆံပင်သား Volume တက်စေသလို ဆံပင် ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဆံပင်ခြောက်တဲ့ ဒဏ်လည်း သက်သာရာရပါတယ်။
ဆံပင်ကို သိပ်ပြီး မလျှော်ဖို့ Over-Shampoo မဖြစ်စေဖို့လည်း သတိပြုရပါတယ်။ ၂ ရက် ၃ ရက်ကြာမှ တစ်ကြိမ်ပဲ ခေါင်းလျှော်ပြီး ခေါင်းလျှော်ရင်လည်း Moisturizing Conditioner သုံးဖို့ အကြံပေးချင်ပါတယ်။ ခေါင်းလျှော်ရည်နဲ့အတူ ပျော့ဆေးပါ တွဲသုံးတာက ဆံပင် ကို အစိုဓါတ်ပိုထိန်းရာရောက်သလို ကျန်းမာသန်စွမ်းမှုလည်း မြင့်စေပါတယ်။
Over-Shampoo လိုပဲ နောက်ထပ် သတိပြုရမှာက Wax ၊ Pomade ၊ Clay ၊ Cream နဲ့ Pastes တွေလိုမျိုး ဆံသားခြောက်လွယ်စေတဲ့ Hair Products တွေလည်း အလွန်အကျွံ မသုံးဖို့ လိုပါတယ်။ ဒီလိုမျိုး ဆံပင် အလှကုန်တွေက Curly Hairstyle သမားတွေ သုံးလို့ ရပေမယ့် Overuse သုံးလို့ မကောင်းပါဘူး။ ရေရှည်မှာ ထိန်းသိမ်းရခက်လာသလို ဆံပင်ခြောက်ပြီးဖွာလွန်းတဲ့ ပြဿနာတွေလည်း တက်နိုင်လို့ ဖြစ်ပါတယ်။
Photo : Man of Many
ဆံပင် အုံထူပြီး လှိုင်းတွန့်တဲ့ လူတွေက ဆံပင်ပျော့ပါးပြီး တိုကပ်ကပ်သမားတွေထက်စာရင် ဆံပင်ထိန်းသိမ်းရတာ အလုပ်ပိုများပါတယ်။ ဆံပင်ညှပ်ဆရာကောင်းနဲ့ တွေ့ရင်တော့ Curly Haircuts ကို သဘာဝဆန်ဆန်နဲ့ ထိန်းသိမ်းရမခက်တဲ့ ဒီဇိုင်းညှပ်လို့တော့ ရပါတယ်။
ဆံပင်ပုံစံအနေနဲ့ နာမည်ကြီးတဲ့ Curly Hairstyles တွေထဲမှာ လှိုင်းတွန့်နောက်လှန် Wavy Slicked Back ၊ သဘာဝဆန်ဆန် ဖွာကြဲထားတဲ့ လှိုင်းတွန့် Beachy Curls ၊ ဘေးပြောင် အပေါ်လှန် Wavy Quiff နဲ့ လှိုင်းတွန့် ဘေးခွဲ Curly Side Part စတိုင် တွေက လူငယ်လူလတ်အမျိုးသားတွေ အကြိုက်များကြပါတယ်။
Featured Photo : menshaircuts