ဖက်ရှင်အသုံးအဆောင်ပစ္စည်းများသည် ကွီးတို့ရဲ့ပင်ကိုစတိုင်လ်ကို ပိုမိုဆွဲဆောင်မှုတိုးလာအောင် ကူညီပေးနိုင်ပါတယ်။ နေကာမျက်မှန်၊ ခါးပတ်၊ ဦးထုပ်၊ လက်ပတ် စသည်ဖြင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ အများအပြားရှိတဲ့အနက် ဆွဲကြိုး နှင့် ချိန်းကြိုး များ ဝတ်ဆင်ရတဲ့ နှစ်သက်တဲ့ ကွီးတို့အတွက် အမိုက်စား ဖက်ရှင် ဒီဇိုင်းများကို ဝေမျှပေးချင်ပါတယ်။

ဆွဲကြိုး နှင့် ချိန်းကြိုး ဖက်ရှင် ဒီဇိုင်းများသည် အခုမှ စတင်ခေတ်စားလာတာမဟုတ်ပါဘူး။ အရင်ကတည်းက ခေတ်စားနေတဲ့ ဖက်ရှင်စတိုင်လ်တစ်မျိုးဖြစ်ပါတယ်။ ၁၆၀၀ ပြည့်နှစ်မတိုင်ခင်ကတည်းက အမျိုးသားများသည် ဆွဲကြိုးများ ချိန်းကြိုးများကို ဝတ်ဆင်ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၆၀၀ ပြည့်နှစ်လည်းရောက်ရော ထိုဖက်ရှင်သည် မှေးမှိန် ပျောက်ကွယ်သွားပြန်ပါတယ်။ ထိုမှတဆင့် ၂၀ ရာစုအလယ်လောက်ကျမှ တစ်ခေတ်ပြန်လည် ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။

ကွီးတို့လည်း ဒီလိုမျိုး ဆွဲကြိုးနှင့် ဖန်စီး ချိန်းကြိုးတွေကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များကို သိထားသင့်ပါတယ်။

ဘယ်လိုသတ္တုမျိုးကို ရွေးချယ်မလဲ စဉ်းစားပါ

ဆွဲကြိုး ချိန်းကြိုး ဖက်ရှင်

ကိုယ်က ငွေဖြူ ကြိုက်တာလား၊ ရွှေ ကြိုက်တာလား၊ ပလက်တီနမ်ကို ရွေးချယ်ချင်တာလား ဆိုတာကတော့ ကိုယ့်ရဲ့ အကြိုက်ပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ကိုယ် ရွေးချယ်လိုက်တဲ့ သတ္တုသည် ကိုယ့်အသားနဲ့ ဓာတ်တည့်ဖို့တော့လိုအပ်ပါတယ်။ အချို့သော Sensitive အသားအရေပိုင်ရှင်တွေသည် ငွေနှင့် ရွှေသာ ဝတ်ဆင်လို့ရကြပါတယ်။ ငွေနှင့် ရွှေသည် သင် တစ်ချိန်လုံး ဝတ်ထားမယ်၊ အိပ်နေရင်းနဲ့ ဝတ်ထားမိမယ်ဆိုရင်တောင်မှ အရေပြား ဓာတ်မတည့်တာမျိုးတွေ မရှိသလောက်ရှားပါတယ်။

လော့ကတ်သီးများကို ကိုယ်ပိုင်ဒီဇိုင်းရရှိအောင် ပြုလုပ်ပါ

ဆွဲကြိုး ချိန်းကြိုး ဖက်ရှင်

အခြားသူများနှင့် မတူတဲ့ ကိုယ်ပိုင်ဒီဇိုင်းလေး လိုချင်တယ်ဆိုရင်တော့ ကိုယ်ပိုင် လော့ကတ်သီးဒီဇိုင်းလေးရအောင် ဒီဇိုင်နာထံ Customized လုပ်ပြီး အပ်လို့ရပါတယ်။ ဒီလိုဆိုရင်တော့ အဓိပ္ပာယ်ပြည့်ဝကာ ထူးခြားပြီး ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတဲ့ ကိုယ်ပိုင်ဆွဲကြိုးတစ်ခု ရရှိသွားပြီပဲဖြစ်ပါတယ်။

ဆွဲကြိုးအရှည်ကို ထည့်တွက်ပါ

fashion accessories for kwee

ပုံမှန် ဆွဲကြိုးနှင့် ချိန်းကြိုးများရဲ့ ဖက်ရှင် ဒီဇိုင်းတွေကတော့ များသောအားဖြင့် ၁၈ လက်မနှင့် ၂၂ လက်မကြားရှိပါတယ်။ ထိုအရှည်မျိုးဆိုရင်တော့ ညှပ်ရိုးနားတစ်ဝိုက်မှာ တွဲလွဲခိုနေမှာဖြစ်ပြီး မတိုမရှည်လေးနဲ့ ကြည့်ကောင်းနေမှာဖြစ်ပါတယ်။ တကယ်လို့ ၂၆ လက်မနှင့် ၃၀ လက်မကြား ရွေးချယ်မယ်ဆိုရင်တော့ ရင်အုပ်အထိ ရှည်သွားမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ရင်အုပ် ကျယ်ကျယ်ပြန့်ပြန့်လေးကို ကြွားချင်တဲ့ ကွီးတို့အတွက်တော့ အသင့်တော်ဆုံးပဲပေါ့။

ကြိုးရဲ့အမျိုးအစား

fashion accessories for kwee

အချို့ကလည်း ခပ်ကြီးကြီးမှ ကြိုက်ကြပြီး အချို့ကလည်း သေးသေးမျှင်မျှင်လေးကို သဘောကျကြပါတယ်။ ခပ်ကြီးကြီး အရွယ်အစားကို ကြိုက်နှစ်သက်သူများကတော့ ချိန်းကြိုးဆိုဒ်ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သို့တည်းမဟုတ် အမဲရောင်ဒီဇိုင်း ဆွဲကြိုးမျိုးသည်လည်း ခေတ်စားပါတယ်။ ကိုယ့်ရဲ့အကြိုက်အပေါ် မူတည်ပြီး ဆွဲကြိုးဒီဇိုင်းအမျိုးအစားများကို ရွေးချယ်ဝယ်ယူကာ ဝတ်ဆင်နိုင်ပါတယ်။

အဓိကအရေးကြီးတာကတော့ ကိုယ် ရွေးချယ်လိုက်တဲ့ ဆွဲကြိုး နှင့် ချိန်းကြိုး များသည် ကိုယ် သွားရမယ့် ပွဲအခမ်းအနား၊ ဝတ်ဆင်ရမယ့် ဖက်ရှင် အဝတ်အစားများနှင့် လိုက်ဖက်ညီနေဖို့ပဲ မဟုတ်လား။

Source: Fashionbeans

Featured Image: Fashionbeans