အမျိုးသားတွေ စိတ်ထဲ ‌မကြာခဏ မေးဖြစ်တဲ့ မေးခွန်းတစ်ခုက ” မိန်းကလေးတွေက ဘာဝတ်တာကို ကြိုက်တတ်သလဲ ” ဆိုတာပါပဲ။ အဝတ်အစား အသုံးအဆောင်ဆိုတာ လူတစ်ယောက်ရဲ့ ပုံပန်းကို အကြီးအကျယ် ပြောင်းလဲစေနိုင်တဲ့ အရာတွေပါ။ ဒါကြောင့်ပဲ ဖက်ရှင်ကဏ္ဍဟာ အမြဲတမ်း ဆန်းသစ်မှုတွေ လုပ်ပြီး လူတွေရဲ့ လှချင်စိတ်/အများပေါ် ဆွဲဆောင်ချင်တဲ့စိတ်ကို အားပေးနေတာ ဖြစ်ပါတယ်။ မိန်းကလေး တွေ သဘောကျတဲ့ ယောကျာ်း လေးတစ်ယောက်ရဲ့ စတိုင်တွေအကြောင်း ပြောရင် ဒီလို ဖက်ရှင် ပစ္စည်းလေးတွေကို မပြောလို့ မဖြစ်ပါဘူး။

(၁) Fit ဖြစ်တဲ့ Suit

Suit

Photo : Real Men Real Style

ကိုယ်နဲ့ ကွက်တိ တိုင်းချုပ်ထားတဲ့ Suit ဖက်ရှင် နဲ့ အမျိုးသားတွေဟာ ပုံမှန်ဖက်ရှင်ထက် ပိုပြီး ခန့်ညားနေတတ်ပါတယ်။ Suit ဟာ အမျိုးသားတစ်ယောက်ရဲ့ ရင်ဘတ် ၊ ပခုံးနဲ့ ကိုယ်လုံးကို ပိုပြီး ပုံစံကျစေသလို မိန်းကလေးတွေ နှစ်သက်တဲ့ V-Shape ဘော်ဒီမျိုး ထွက်လာစေလို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မင်္ဂလာဆောင်လို အခမ်းအနားမျိုးမှာ Suit သန့်သန့် ဝတ်လာတဲ့ အမျိုးသားကို အမျိုးသမီးတွေက ချက်ချင်း သတိထားမိပြီး မျက်စိကျလွယ်တာ ဖြစ်ပါတယ်။

(၂) နာရီကောင်းကောင်း

men-watch

Photo : Real Men Real Style

ယောကျာ်း တစ်ယောက်အတွက် အရည်အသွေးမြင့် High-Quality နာရီဆိုတာ ဖက်ရှင် ဆိုတာထက် ပိုပါတယ်။ နာရီဟာ လူရဲ့ အဆင့်အ တန်းတစ်ခုကိုပါ ကိုယ်စားပြုတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး လူတစ်ယောက်ကိုလည်း ပိုပြီး ခန့်ညားထည်ဝါစေနိုင်ပါတယ်။ နာရီကောင်းတစ်လုံး သင့်လက်ကောက်ဝတ်မှာ ရှိနေတာက သင်ဟာ လူကြီးလူကောင်းတစ်ဦး ဖြစ်ပြီး အတွေးအခေါ်ရှိသလို အပြုအမူအဆင့်ရှိသူအဖြစ် အမြင်ရောက်စေပါတယ်။

(၃) ကိုယ်ပိုင်အမှတ်လက္ခဏာဆောင်တဲ့ ရေမွှေး

Scent

Photo : Real Men Real Style

နှစ်သက်ကြည်နူးဖွယ် ရေမွှေးရနံ့လေးဟာ လူရဲ့ စိတ်ကိုပါ ကြည်လင်စေသလို တခြားသူတွေနဲ့ ဆက်ဆံရာမှာလည်း ဆွဲဆောင်မှုမြင့် ပစ္စည်းတစ်ခုလို အသုံးချနိုင်ပါတယ်။ ရေမွှေးကောင်းကောင်းဟာ လူရဲ့ တော်ရုံ ချို့ယွင်းချက်တွေကိုပါ မှေးမှိန်ပျောက်ကွယ်အောင် စွမ်းဆောင်နိုင်ပါတယ်။ ရေမွှေးသုံးရာမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခုလို ဖြစ်အောင် ရေမွှေးကောင်းတစ်မျိုးတည်းကိုပဲ စွဲသုံးဖို့လည်း အကြံပြုချင်ပါတယ်။

(၄) Boxer ဘောင်းဘီတို

Boxer Briefs

Photo : Real Men Real Style

ပေါင်အထိ ရောက်တဲ့ Boxerတွေက ယောကျာ်း တစ်ယောက်ကို Sexy ဆန်စေပါတယ်။ အမျိုးသမီးတွေရဲ့  ၅၈% ခန့်ဟာ အမျိုးသားဝတ် Underwear Types တွေထဲမှာ Boxer Brief တွေကို ပိုကြိုက်ကြတယ်လို့ ဆိုပါတယ်။

(၅) စတိုင်ကျတဲ့ Jeans

Stylish Jeans

Photo : Real Men Real Style

Jeans Pant ကို စတိုင်ကျကျ ဝတ်တတ်ရင်လည်း ဆွဲဆောင်မှုရှိတဲ့ ယောကျာ်း တစ်ယောက် ဖြစ်နိုင်ပါတယ်။ ပိန်တဲ့ အမျိုးသားတွေအတွက် အသားကပ် Skinny ၊ ချပ်ချပ်ရပ်ရပ် ရှိတဲ့ Slim ၊ ပုံမှန်ဆိုဒ် Regular Fit စတိုင်တွေက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပြီး အနေတော် Fit ဖြစ်တဲ့ အမျိုးသားတွေအတွက် Slim ၊ Regular နဲ့ ခပ်ပွပွ Relaxed စတိုင် Jeans ဘောင်းဘီတွေ ရွေးချယ်နိုင်ပါတယ်။ ဘော်ဒီတောင့်တဲ့ Muscular Man တွေအဖို့ Regular Fit ၊ Relaxed Size တွေနဲ့ ပိုလိုက်ဖက်ပါတယ်။ ဗိုက်နည်းနည်းပူတဲ့ အမျိုးသားတွေဟာ Regular ၊ Relaxed နဲ့ ပွယောင်းယောင်း Loose ဖြစ်တဲ့ ဘောင်းဘီမျိုး ရွေးချယ်နိုင်ပြီး ခါးတုတ်ပြီး ဝနေတဲ့ အမျိုးသားတွေဆိုရင်တော့ Relaxed နဲ့ Loose ဖက်ရှင် မျိုး ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

Featured Photo : Her Way