Boxing လို့ ခေါ်တဲ့ လက်ဝှေ့သတ်နည်းလမ်းတွေဟာ ဟိုးရာစုနှစ်တွေကတည်းက ထွန်းကားလာခဲ့တာပါ။ Boxing အားကစားဟာ ပြိုင်ပွဲတစ်ခုအပြင် လူမှုဘဝ ကျန်းမာကြံ့ခိုင်ရေးအနေနဲ့ပါ လေ့ကျင့်သင်ကြားစရာ အတတ်ပညာတစ်ခုအဖြစ် ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Boxing Gym သင်တန်းတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ယောကျာ်းလေး တစ်ယောက်အဖို့ Boxing Gym တစ်ခု တက်သင့်တဲ့ အကြောင်းရင်းတချို့ အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုတွေ ရှင်းထုတ်နိုင်မယ်

beginner-boxing-gym

Photo : evolve-mma

Stress များနေတယ်လို့ ခံစားရရင် ခပ်ပြင်းပြင်းလေ့ကျင့်ခန်းတွေ လုပ်ကြဖို့ Trainers တွေက ထောက်ခံချက်ပေးပါတယ်။ Boxing ထိုးတာလိုမျိုး ခပ်ပြင်းပြင်း လေ့ကျင့်ခန်းတွေ လုပ်တာဟာ စိတ်ခံစားချက် Mood ပိုကောင်းစေတဲ့ ပျော်ရွှင်မှုဟော်မုန်းတွေ ထွက်လာစေပြီး စိတ်ဖိစီးမှု Level ကို လျှော့ချပေးနိုင်ပါတယ်။ လက်ဝှေ့အိတ်မှာ လက်သီးပြင်းပြင်းတွေ လွှတ်လိုက်တဲ့နောက်မှာ ကိုယ့်ရင်ထဲက မွန်းကြပ်နေတဲ့ အစိုင်အခဲတွေ နဲ့ ဖိစီးမှုတွေပါ ထွက်သွားနိုင်ပါတယ်။ စိတ်ဖိစီးမှု ကျဆင်းလာခြင်းနဲ့အတူ သွေးဖိအား Blood Pleasure ကို လျှော့ချပြီး စိတ်ကို ပို သက်တောင့်သက်သာရှိစေပါတယ်။

(၂) လက်-မျက်စိ ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းမယ်

 

boxing-head-movement

Photo : evolve-mma

Boxing ထိုးတာဟာ လက်လှုပ်ရှားမှုတွေနဲ့ မျက်စိအကြည့်ကို အတွဲညီညီ ပူးပေါင်းလှုပ်ရှားစေတဲ့ စွမ်းရည် မြင့်တက်စေနိုင်ပါတယ်။ အဖော်နဲ့ Boxing လေ့ကျင့်သူတွေ ၊ Speed Bag တစ်လုံးကို ထိုးရာမှာဆို ကိုယ့်ရဲ့ ပစ်မှတ်နဲ့ လက်သီးကို အချက်ကျကျ ထိတွေ့နိုင်အောင် လေ့ကျင့်ရတာ ဖြစ်လို့ တုံ့ပြန်မှုနဲ့ အတက်အဆုတ် ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် လေ့ကျင့်ရာလည်း ရောက်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ၊ အထင်ကြီး ကိုးစားစိတ် တက်လာမယ်

boxing-punch-accuracy

Photo : evolve-mma

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု Self-Confidence ဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို တန်ဖိုးထားတာ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကိုးစားယုံကြည်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနေတာပဲ ဖြစ်ပါတယ်။ Boxing ကစားတာဟာ ကိုယ့်ရဲ့ စွမ်းရည်ကို ပိုစိတ်ချယုံကြည်လာပြီး ဒီလို ယုံကြည်စိတ်ကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ် ပိုတန်ဖိုးထားဖြစ်လာပါတယ်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း Cardio နဲ့ Strength Training နှစ်ခုပေါင်းထားတဲ့ ထိရောက်တဲ့ Workout ဖြစ်လို့ အပြည့်စုံဆုံး Body တစ်ခု ရဖို့လည်း အထောက်အကူ ဖြစ်စေမှာပါ။

(၄) အာရုံစုစည်းမှု ပိုပြတ်သားရှင်းလင်းတယ်

Student-punching-heavy-bag-4-800x450

Photo : evolve-mma

Boxing ထိုးဖို့အတွက် အာရုံစုစည်းမှု အပြည့်ရှိဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Focus နဲ့ အမြင်ပြတ်သားမှုကို အားထည့်ပြီးမှ လှုပ်ရှားရတဲ့ အားကစားဖြစ်ပါတယ်။ Boxing ထိုးနေချိန်မှာ စိတ်ကို လက်တွေ့ပစ္စုပ္ပန်မှာပဲ ထည့်ထားပြီး လှုပ်ရှားမှုတိုင်းကို တွက်ချက်ခန့်မှန်းနေရတာပါ။ ဒီအလေ့အကျင့်ဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာပါ သတိကပ်ပြီး Focus ပြတ်သားမှုကို အကူအညီဖြစ်စေပါတယ်။

(၅) အပေါင်းအသင်းမိတ်ဆွေ တိုးတယ်

boxing-gym-training

Photo : evolve-mma

ဒါကတော့ Gym ကစားသူတိုင်း ရနိုင်တဲ့ အကျိုးကျေးဇူးပါ။ MMA လို Boxing အတန်းတွေမှာဆို ကိုယ်နဲ့ စိတ်ဝင်စားရာ နယ်ပယ်တူမိတ်ဆွေတွေ နဲ့ အချိတ်အဆက် ရလာ ၊ ရှိလာဖို့ အခွင့်အလမ်း ပိုများပါတယ်။ Boxing Gym တစ်ခု တက်ခြင်းအားဖြင့် ကိုယ်နဲ့ စရိုက်ချင်းနီးစပ်တဲ့ ဝါသနာသူ အပေါင်းအဖော်တွေ ရလာမှာ ဖြစ်လို့ မိတ်ဆွေလည်း တိုး ၊ Motivation လည်း တက်လာနိုင်ပါတယ်။

Featured Photo : evolve-mma