လူတစ်ယောက်မှာ အရေးကြီးဆုံး အရာကတော့ တစ်ကိုယ်ရည် သန့်ရှင်းရေး ရှိဖို့ပါပဲ။ ဘယ်လောက်ပဲ ရုပ်ချောနေပါစေ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး မရှိရင်တော့ ဘယ်လောက်ရုပ် ချောချော မဒီလေးတွေက အနားတောင် ကပ်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိပြီး ဆွဲဆောင် မှုရှိတဲ့ ပုရိသများ နေ့စဥ် အသုံးပြုနေတဲ့ ပစ္စည်း တချို့ ရှိပါတယ်။

အခုဖော်ပြမယ့် ပစ္စည်းများ အားလုံး ကွီးတို့ လက်ထဲမှာ ရှိတယ်ဆိုရင်တော့ ကွီးတို့က ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက် ဖြစ်တယ်ဆိုတာ မလွဲမသေပါပဲ။

(၁) မျက်နှာသစ်ဆေး

မျက်နှာသစ်ဆေး

ကွီးတို့က တစ်နေကုန် အပြင်သွားထားရတဲ့အခါ မျက်နှာပေါ်မှာ ဖုန်မှုန့်၊ အဆီနဲ့ ချေးညှော်များ ကပ်ငြိနေမှာပဲဖြစ်ပါတယ်။ ထိုဖုန်မှုန့်များ၊ အဆီနဲ့ အညစ်အကြေးများက မျက်နှာပေါ်ကနေ လွယ်လွယ်နဲ့ ပျောက်မသွားပါဘူး။ တကယ်လို့ ကွီးတို့က မျက်နှာမသစ်ဘဲ ညအိပ်ရာဝင်မယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ဝက်ခြံတွေ အဖုအပိန့်တွေ ပေါက်လာမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးဖို့ လိုအပ်ပါတယ်။

(၂) မျက်နှာ ကြေးချွတ်ဆေး

မျက်နှာ ကြေးချွတ်ဆေး

မျက်နှာ ကြေးချွတ်ခြင်းက ကွီးတို့ အသားအရေကို အတွင်းဆုံး အလွှာအထိ သန့်စင်ပေးပါတယ်။ ဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေကို ပြန်လည်အားဖြည့်ပေးပါတယ်။ မျက်နှာ ကြေးချွတ်တာကိုတော့ နေ့တိုင်း ပြုလုပ်စရာမလိုပါဘူး။ တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ် အများဆုံးသာ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

(၃) အစိုဓာတ် ထိန်း ခရင်မ်

ဆွဲဆောင် ပစ္စည်း

မျက်နှာသစ်၊ တိုနာလိမ်း အားလုံး လုပ်ပြီးတဲ့အခါမှာတော့ Moisturizer လိမ်းကျံဖို့ လိုအပ်လာပါပြီ။​ ကွီးတို့ အသားအရေက အဆီပြန်တဲ့ အသားအရေပဲဖြစ်ဖြစ်၊ ခြောက်သွေ့တဲ့ အသားအရေပဲဖြစ်ဖြစ် ဘယ်လို အသားအရေ ပိုင်ရှင်မျိုးမဆို Moisturizer လိမ်းကျံဖို့ လိုအပ်ပါတယ်။

(၄) နေလောင်ကာခရင်မ်

ဆွဲဆောင် ပစ္စည်း

နေလောင်ကာခရင်မ်ကလည်း ဆွဲဆောင် မှုရှိတဲ့ အမျိုးသားတိုင်းမှာ ပိုင်ဆိုင်ထားတဲ့ နေ့စဥ်သုံး ပစ္စည်း တစ်မျိုးပဲဖြစ်ပါတယ်။ သူကတော့ ကွီးတို့ အပြင်ထွက်ခါနီး မိနစ် ၃၀ အလိုလောက်မှာ ကြိုတင် လိမ်းပေးထားဖို့ လိုအပ်ပါလိမ့်မယ်။

(၅) နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ရိတ်တဲ့အခါ အသုံးပြုသော ပစ္စည်းများ

ဆွဲဆောင် ပစ္စည်း

တချို့ အမျိုးသားတွေက အမွှေးရှည်နှုန်း မြန်တဲ့အတွက်ကြောင့် တစ်ရက်ကို တစ်ခါ မဖြစ်မနေ နှုတ်ခမ်းမွှေး ရိတ်ကြရပါတယ်။ ကိုယ့်ရဲ့ အသားအရေကို မပျက်စီးချင်ဘူးဆိုရင်တော့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ရိတ်တဲ့အခါ Shaving Cream လေး သေချာ လိမ်းကျံပြီးမှ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ရိတ်သင့်ပါတယ်။

အခုဖော်ပြသွားတဲ့ ပစ္စည်းများ အားလုံးရော ကွီးတို့ဆီမှာ ရှိကြရဲ့လား။

Source: Garnier.in

Featured Image: Thetimes.co.uk