တစ်ခါလာလည်း ချစ် ကြိုက် ကွဲ ညားနဲ့ ဖန်တစ်ရာ ထပ်နေတဲ့ ဇာတ်ကား တွေကို စိတ်ကုန် နေပြီလား။ ဒါမှမဟုတ် အိုဗာ အိုက်တင်တွေနဲ့ မျက်လုံးတွေ ပြူးပြ၊ အသားကုန် အော်ဟစ်ပြတဲ့ ဇာတ်ကား တွေကြောင့် စိတ်ကုန် နေပြီလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားသစ်များကို မြည်းစမ်းကြည့်လိုက်ပါ။ ကွီးတို့ ပေးရတဲ့ အချိန်နဲ့ ပြန်ရမယ့် စိတ်အပန်းပြေမှုတွေက ဘာနဲ့မှကို လဲနိုင်မှာ မဟုတ်ပါဘူး။

Dune: Part Two

ဒီဇာတ်ကားကတော့ Paul Atreides တစ်ယောက်ရဲ့ စွန့်စားခန်းတွေ၊ သူ့ရဲ့ မိသားစုကို ဖျက်ဆီးခဲ့တဲ့သူတွေကို ပြန်လည် လက်စားချေမယ့် ဇာတ်လမ်း ဇာတ်ကွက်တွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ သူ ချစ်ရတဲ့သူနဲ့ သူ့ရဲ့ ကမ္ဘာအတွက် ရွေးချယ်မှု နှစ်ခုအကြား ဝေခွဲရခက်နေပုံကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ သူ တစ်ယောက်တည်း ကြိုမြင်နေရတဲ့ အန္တရာယ်ကြားကနေ အနာဂတ်ကို ခက်ခက်ခဲခဲ ကာကွယ်နေတာကို တွေ့မြင်ရပါလိမ့်မယ်။

Source: Warner Bros. Pictures

Outlaw Posse

၁၈၀၀ ပြည့်နှစ် နှောင်းပိုင်းကာလများကို အခြေတည်ကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အမေရိကန် အနောက်ပိုင်းရှိ ဥပဒေမဲ့ ပြုမူနေထိုင်ကြတဲ့ မြို့လေးတစ်မြို့ရှိ လူဆိုးဂိုဏ်းများအကြား ပဋိပက္ခတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားကောင်းကောင်းတစ်ကားကို ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ကြည့်ရှုသင့်ပါတယ်။

Source: Quiver Distribution

Spaceman

Jakub Prochazka ဆိုသူသည် မိဘမဲ့ ကလေးတစ်ယောက်ဖြစ်ပြီး ကျေးလက်တောရွာတစ်ခုရှိ အိမ်လေးတစ်အိမ်မှာ သူ့အဘိုးအဘွားတွေနဲ့အတူတူ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ သူသည် ငယ်စဥ်ကတည်းက သူ့နိုင်ငံရဲ့ ပထမဦးဆုံး အာကာသယာဥ်မှူးတစ်ယောက်ဖြစ်ဖို့ရန်အတွက် ရည်မှန်းချက် ထားရှိခဲ့တာပါ။ ဒီလိုနဲ့ သူ့အိပ်မက်တွေ ပြည့်မြောက်သွားပြီး ဗီးနပ်စ်ဂြိုလ်ပေါ်သို့ တစ်ယောက်တည်း သွားဖို့ စေလွှတ် တာဝန်ပေးခံရပါတော့တယ်။ တဖြည်းဖြည်းနဲ့ အာကာသထဲ သွားလာရင်း တစ်ယောက်တည်း အထီးကျန်လာခဲ့ရင်းနဲ့ ဂြိုလ်သား ပင့်ကူအကြီးကြီးတစ်ကောင်နဲ့ တွေ့ဆုံရင်း မိတ်ဆွေ ဖြစ်သွားတဲ့နောက်မှာတော့…

Source: Netflix

Scrambled

ပေါ့ပေါ့ပါးပါး ဟာသ ဇာတ်ကားတစ်ကားကို ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။

Nellie Robinson ဆိုတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူ့ သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေ၊ ကလေး ရက် (၁၀၀) ပြည့် ပွဲတွေ တက်ရင်း အချိန်ကုန်ဆုံးနေပါတယ်။ တစ်ရက်မှာတော့ သူ(မ)ရဲ့ အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီး ဒီလိုနဲ့ပဲ သူ(မ)သည် တစ်ယောက်တည်း အသက်ကြီးလာကာ အိုမင်းရင့်ရော်သွားတော့မှာပါလားဆိုပြီး တရားပေါက်သွားပါတော့တယ်။ အဲ့ဒီလိုနဲ့ပဲ သူ့အတွက် ဖူးစာရှင်ကို မတွေ့မချင်း သူ(မ)ရဲ့ မ မျိုးဥတွေကို ရေခဲထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီလို ပြုလုပ်ဖို့အတွက် ဆရာဝန် ရက်ချိန်းယူရင်း ဆရာဝန်ဆီ သွားတဲ့နောက်မှာ ဘာဆက်ဖြစ်မလဲဆိုတော့…

Source: Lionsgate Moves

Amelia’s Children

ခြောက်ခြောက် ခြားခြား ဇာတ်ကားတစ်ကားကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။

Edward တစ်ယောက်သည် သူ့ရဲ့ မိသားစုအရင်းနဲ့ ပြန်လည် တွေ့ဆုံနိုင်ဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။ နှစ်ရှည်လများကြာအောင် စောင့်စားခဲ့ပြီး သူ့ရဲ့ မွေးမိခင်နဲ့ အမြွှာအကိုတို့နဲ့ ပြန်လည် ဆုံတွေ့ရတဲ့အခါမှာတော့ သူ မျှော်လင့်ထားသလို ပျော်ရွှင်စရာများက သူ့ကို စောင့်ကြိုနေပါ့မလား။

Source: ONE Media

ဒီဇာတ်ကားများကတော့ မတ်လအတွင်းမှာ အသစ် ထွက်ရှိလာမယ့် ဇာတ်ကားကောင်းများပဲဖြစ်ပါတယ်။ ကွီးတို့လည်း ဖန်တစ်ရာ ထပ်နေတဲ့ ဇာတ်ကား များနဲ့ အချိန်ကုန် စိတ်ကုန် ခံကာ ညစ်နေမယ့်အစား ဒီဇာတ်ကားများကို ပြောင်းလဲ​ ကြည့်ရှုကြည့်လိုက်ပါ။

Source: Movieinsider

Featured Photo : Alcance Diario