ရုပ်ရှင်ကြည့်တာက ဖျော်ဖြေရေးသပ်သပ်ဆိုတာထက် အဓိပ္ပါယ်များစွာပိုပါတယ်။ အချိန်ပေးပြီး ကြည့်ရတာဖြစ်တဲ့အတွက်ကြောင့် အဓိပ္ပါယ်မရှိတဲ့ ပေါတောတောကားတွေသာ ကြည့်မယ်ဆိုရင်တော့ စိတ်အာဟာရ ဖြစ်မှာမဟုတ်ပါဘူး။ Rating မကောင်းရင် အချိန်ပေးပြီး မ ကြည့် ချင်ဘူးဆိုတဲ့ ကွီးတို့အတွက် ကြည့်ရှုနှုန်း မြှင့်ပြီး စိတ်အာဟာရ တစ်ခုခု ပေးမယ့် ဇာတ်ကားများကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) The Shawshank Redemption

Andy Dufresne ဆိုတဲ့ အောင်မြင်တဲ့ ဘဏ်လုပ်ငန်းရှင် တစ်ယောက်သည် သူ့ရဲ့ဇနီးမယားကို သတ်လိုက်တဲ့ အတွက်ကြောင့် တစ်သက်တစ်ကျွန်းထောင်ဒဏ် အကျခံခဲ့ရပါတယ်။

ဒီဇာတ်ကားထဲက ပေးချင်တဲ့ မက်ဆေ့ချ်ကတော့ ကွီးတို့ရဲ့ မျှော်လင့်ချက်သည် ကွီးတို့ကို ဘဝအတွေ့အကြုံများစွာ ပေးစွမ်းမှာဖြစ်ကြောင်း ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဘဝသင်ခန်းစာ ရရှိစေမယ့် ဇာတ်ကားကောင်း တစ်ကားထဲမှာ သူလည်း ပါဝင်ပါတယ်။

Source: Warner Bros. Entertainment

(၂) The Dark Knight

ဒီဇာတ်ကားဆိုရင် IMDb 9 တောင် ရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး ဆုပေါင်း ၃၀ ကျော် ရရှိထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။​ Batman နဲ့ Joker တို့အကြား ပဠိပက္ခတွေကို ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ရွေးချယ်သင့်ပါတယ်။

Source: Warner Bros.

(၃) The Lord of the Rings: The Return of the King

ဒီဇာတ်ကားကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့ပြီး ထွက်ထွက်ချင်းမှာပဲ လူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ IMDb 9 တောင် ရရှိထားတာပဲ ဖြစ်ပါတယ်။

Source: Warner Bros. Entertainment

(၄) Forrest Gump

Forrest Gump ကတော့ ညွှန်းနေစရာ မလိုလောက်အောင် ကောင်းလွန်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးသည် ၁၉၈၆ ခုနှစ်က ထွက်ရှိထားတဲ့ ဝတ္ထုကို အခြေခံကာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Forrest Gump ဆိုတဲ့ လူငယ်သည် ဉာဏ်ရည်နိမ့်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူသည် သူ့ရဲ့ငယ်ချစ်ဦးဖြစ်သူ ဂျင်းနီနဲ့ ပြန်လည်ဆုံဆည်းချင်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သို့သော် သမိုင်းအလှည့်အပြောင်းတစ်ကွေ့က သူ့ဘဝအပေါ် ဘယ်လိုရိုက်ခတ်မလဲ ဆိုတာကိုတော့ Forrest တစ်ယောက် မသိသေးပါဘူး။

Source: Paramount Movies

(၅) Inception

Dom Cobb ဟာသာမာန် သူခိုးတစ်ယောက်မဟုတ်ပါဘူး။ သူ့ဆီမှာ လူတွေရဲ့အိပ်မက်ထဲကို ဝင်ပြီးလျှို့ဝှတ်ချက်တွေ ခိုးယူနိူင်တဲ့ ရှားပါး အစွမ်းသတ္တိ ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ စွမ်းရည်က သူတို့အဖွဲ့အတွက် အလွန်အရေးပါခဲ့တယ်။ ဒါပေမယ့် ရက်စက်တဲ့လောကကြီးက သူချစ်တဲ့လူကို အဝေးကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Dom Cobb တစ်ယောက် သူ ချစ်ရတဲ့သူကို အိပ်မက်ထဲကနေ ပြန်ဆွဲထုတ်ဖို့ ကြိုးစားပါတော့တယ်။

Source: Warner Bros. Pictures

(၆) The Matrix

Neo ဆိုတဲ့ သူသည် ပါရမီပါတဲ့ ကွန်ပျူတာ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး ဟက်ကာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူသည် သူ့ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးအကြောင်းကို အမြဲတစေ မေးခွန်းထုတ်နေတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Morpheus လို့ခေါ်တဲ့ အမျိုးသားက သူ့ကို ဆက်သွယ်လာတဲ့အခါမှာတော့ သူ သံသယဝင်နေတာတွေက အမှန်တကယ်ဆိုတာကို လက်ခံသွားပါတော့တယ်။

Source: Rotten Tomatoes Classic Trailers

(၇) Interstellar

ကမ္ဘာကြီးသည် အစာရေဆာ ပြတ်လပ်ခေါင်းပါးလာပြီး ရောဂါဘယမျိုးစုံနှင့် နေဖို့ရန်အတွက် မသင့်တော်တဲ့နောက်မှာ သိပ္ပံပညာရှင်များသည် လူသားများနေထိုင်ဖို့ရန်အတွက် ဂြိုလ်အသစ်တစ်လုံးကို ရှာဖွေရန် တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့ ဂြိုလ်တစ်ခုနဲ့ တစ်ခုရဲ့အချိန်က မတူညီကြပါဘူး။ အချို့ဂြိုလ်ရဲ့တစ်ရက်တာအချိန်သည် ကမ္ဘာကြီးရဲ့ တစ်နှစ်တာအချိန်နဲ့ ညီမျှပါတယ်။ အာကာသထဲမှာ ခရီးသွားခြင်းသည်လည်း လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒါဆိုရင် ထိုသိပ္ပံပညာရှင်များ ကမ္ဘာပေါ်ရှိ လူသားအားလုံးကို ဂြိုလ်အသစ်ဆီသို့ ပြောင်းရွေ့နိုင်ဖို့ရန်အတွက် ကူညီနိုင်ပါ့မလား။ ဒီဇာတ်ကားကတော့ (လုံးဝ) လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Christopher Nolan ရိုက်ကူးထားတာပါ။

Source: Warner Bros. UI & Ireland

(၈) Spirited Away

ချီဟီရိုဆိုတဲ့ ၁၀ နှစ်အရွယ် ကောင်မလေးသည် သူ့မိဘတွေနဲ့အတူတူ မြို့ကြီးပြကြီးကနေ ကျေးလက်တောရွာလေးဆီသို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ကားမောင်းလာရင်းနဲ့ပဲ လမ်းတစ်ခုရောက်တဲ့အခါ လမ်းမှားပြီး မဝင်သင့်တဲ့နေရာကို ဝင်မိသွားပါတော့တယ်။ ထိုနေရာကတော့ သဘာဝလွန်အရာတွေနဲ့ ပြည့်နှက်နေတဲ့ စွန့်ပစ် ပန်းခြံတစ်ခုပဲ ဖြစ်ပါတယ်။ ထိုပန်းခြံထဲ ဝင်ရင်း ဝင်ရင်းနဲ့ သာယာလွန်းတဲ့အတွက် ချီဟီရိုတဲ့ မိဘတွေက သတိမထားမိဘဲ အစားတွေ တဝကြီး စားပစ်လိုက်ပါတယ်။ ထိုအစားအစာတွေကို စားမိတဲ့နောက်မှာတော့ သူ့မိဘတွေက ဝက်အဖြစ် ပြောင်းသွားပါတော့တယ်။ ချီဟီရိုတစ်ယောက် သူ့မိဘတွေကို လူစင်စစ် ပြန်လည် ပြောင်းလဲဖို့ ဘယ်လို ကြိုးစားမလဲ။

Source: Netflix Anime

(၉) Spider-Man: Across the Spider-Verse

ဒီဇာတ်ကားရဲ့ IMDb ကတော့ ၁၀ မှာ ၈.၈ ရထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ စပိုက်ဒါမန်း ဇာတ်ကားတွေ ကြိုက်နှစ်သက်တဲ့ ကွီးတို့အားလုံး အကြိုက်တွေ့ကြမယ့် ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းကတော့ Miles Morales ဆိုတဲ့ စပိုက်ဒါမန်းက စကြာဝဠာ မြောက်မြားစွာဆီသို့ သွားလာကာ Gwen Stacy အပါအဝင် အခြားသော စပိုက်ဒါမန်းတွေနဲ့ ပူးပေါင်းကာ စူပါဗီလိန်ကြီးကို အနိုင်တိုက်ရတာပဲ ဖြစ်ပါတယ်။

Source: Sony Pictures Entertainment

(၁၀) Parasite

ဇာတ်လမ်းအကျဉ်းကတော့ Ki taek ( Song Kang-Ho)လို့ အမည်ရတဲ့အမျိုးသားဟာ Ki- Woo ( Choi Woo-Sik) , Ki – Jung( Park So-Dam)ဆိုတဲ့ ကလေးနှစ်ယောက်နဲ့အတူ ဆင်းရဲကျပ်တည်းမှုတွေနဲ့ လောကဓံကိုကောင်းကောင်း ရင်ဆိုင်နေရသူတွေပါ။ တစ်ရက်မှာတော့ သူတို့မိသားစုအတွက် ကံကြမ္မာအလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပြီး သားဖြစ်သူဟာ သူငယ်ချင်းနေရာမှာလူစားဝင်ကာ ချမ်းသာတဲ့အိမ်တစ်အိမ်မှာ စာသင်ပေးရတဲ့ Guide အလုပ်ကိုရရှိခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာ ဆင်းရဲတဲ့ လူတန်းစားနဲ့ ချမ်းသာတဲ့ လူတန်းစား နှစ်ခုကြား ကွာဟနေတဲ့ ခြားနားချက်ကြီးကို သေသေချာချာ ရိုက်ကူးပုံဖော်ပြထားပြီး ထိုလူတန်းစား ကွာဟမှုကြောင့် ဘယ်လိုတွေ ဆက်ဖြစ်သလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

Source: Madman Films

အခုဖော်ပြသွားတဲ့ ဇာတ်ကားများကတော့ IMDb ၈ နှင့် အထက် ရရှိထားတဲ့ ဇာတ်ကားတွေချည်းပါပဲ။

ကွီးတို့ရော Rating ကောင်းတဲ့ ဇာတ်ကားတွေထဲက ဘယ်နှကားလောက်ကို ကြည့် ပြီးပါပြီလဲ။

Source: Imdb