သတ္တဝါရယ်လို့ ဖြစ်တည်လာတဲ့အခါ လိင်ဆက်ဆံခြင်းသည် အလိုအလျောက် ဖြစ်တည်လာတဲ့ လိုအင်ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ သတ္တဝါဆိုပေမယ့် လူသားများသည် တိရစ္ဆာန်များထက် အသိဥာဏ်ပိုမြင့်တဲ့အားလျော်စွာ ဆန္ဒကို သက္ခာဖြင့် ထိန်းသိမ်းကြပါတယ်။ ဒီအချက်ကတော့ လူသားနှင့် တိရစ္ဆာန်ကြား ခြားနားသွားစေတဲ့အရာပဲဖြစ်ပါတယ်။ အသိဥာဏ်မြင့်မားသူများ ဖြစ်သည့်အားလျော်စွာ နှစ်ပါးသွားကမယ်ဆိုရင် Private ဆန်ဆန် နှစ်ကိုယ်ကြား ဖဲမွေ့ယာထက်မှာ ကခုန်ကြတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး နှစ်ဦးသား ချစ်ကြည်နူး တစ်တီတူးတဲ့အခါ ကွီးတို့ဘက်ကပဲ အမြဲတမ်း ဇာတ်လမ်းစ မယ့်အစား သူ့ဘက်က အစပျိုးတာကို စောင့်ပါ ။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ့်ဘက်ကပဲ ဇာတ်လမ်းစနေရင် ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာလည်း သူ ဦးဆောင်တာကို စောင့်ဆိုင်းသင့်ပါတယ်။

ကိုယ့်ဘက်က ထိုကဲ့သို့ စောင့်ဆိုင်းနေစဥ်မှာ ဘယ်လောက်ပဲ ဇာတ်လမ်းစချင်နေပါစေ အောင့်ထားရမှာပဲဖြစ်ပါတယ်။ ဒါမှသာ တစ်ဖက်က မနေနိုင်ဘဲ ဇာတ်လမ်းစမှာ မဟုတ်လား။

ဒီလိုမျိုး ဇာတ်လမ်းစဖို့ဆိုရင် ကွီးတို့ဘက်ကလည်း မသိမသာလေး တွန်းပို့ပေးဖို့လိုအပ်ပါတယ်။​

ကြိုတင်ပြင်ဆင်ထားပါ

ဇာတ်လမ်းစ စောင့်ပါ

ကွီးတို့အနေနဲ့ တစ်ဖက်က ဇာတ်လမ်းစ တာကို စောင့်ပါ။ သို့သော် ကိုယ့်ဘက်ကလည်း မသိမသာ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ဥပမာ ခံတွင်းရနံ့ကို သင်းပျံ့အောင် ပြုလုပ်ထားတာမျိုး၊ ဒါမှမဟုတ် အကာအကွယ် ပစ္စည်းများကို အသင့်ဆောင်ထားတာမျိုး စသည်ဖြင့် ကြိုတင်ပြင်ဆင်ထားရမှာပဲဖြစ်ပါတယ်။

သူ(မ)ရဲ့ ခံစားချက်များ ပြင်းထန်လာအောင် ပြုလုပ်ပါ

ဇာတ်လမ်းစ စောင့်ပါ

နှစ်ယောက်သား ချစ်ကြည်နူး တစ်တီတူးဖို့ အစီအစဥ် ရှိတယ်ဆိုရင် သူ(မ)ရဲ့ စိတ်ခံစားချက်များကို ပြောင်းလဲသွားအောင် ပြုလုပ်ရပါမယ်။ တစ်နည်းအားဖြင့် ဆိုရသော် သူ(မ)ကို စိတ်ပါလာအောင် လှုံ့ဆော်ရမှာပဲဖြစ်ပါတယ်။ ဥပမာ – ဝိုင်ဖျော်ရည်များ၊ ရိုမန့်တစ်ဆန်တဲ့ အိပ်ခန်း အပြင်အဆင်၊ ရိုမန့်တစ်ဆန်တဲ့ တေးဂီတများ စသည်ဖြင့် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် မီးရောင်ကို မှိန်မှိန်လေးထားပြီး အလှဖယောင်းတိုင်များ ထွန်းထားမလား၊ ကွီးတို့ စိတ်ကြိုက် ပြင်ဆင်ထားရမှာပဲဖြစ်ပါတယ်။ သူ(မ) စိတ်ပါလာပြီဆိုရင်တော့ သူ(မ)က ကွီးတို့ကို ဦးဆောင်သွားပါလိမ့်မယ်။ သူ(မ) ဦးဆောင်တဲ့နောက်ကို ကွီးတို့က အလိုက်သင့်လေး လိုက်သွားလိုက်ရုံပါပဲ။ တစ်ခါတစ်လေမှာ ကိုယ်က ဦးဆောင်တာထက် သူ့ဘက်က ဇာတ်လမ်းစ ပြီး ဦးဆောင်တာမျိုးကို စောင့်ပါ ၊ ဒါမှ အတွေ့အကြုံသစ်ကို ခံစားရမှာပါ။

အနမ်းဘုရင်ကြီးဖြစ်အောင် လုပ်ပါ

ဇာတ်လမ်းစ စောင့်ပါ

ကိုယ့်ပါတနာကို စိတ်ပါလာအောင် လုပ်ဆောင်တဲ့နေရာမှာလည်း အထာကျကျ လုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကွီးတို့ကိုယ်တိုင်ကလည်း အနမ်းခြွေတဲ့နေရာမှာ ဆရာတစ်ဆူလို ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ အနမ်းခြွေတဲ့နေရာမှာ အကြာကြီး Kissing ဆွဲတာမျိုး မဟုတ်ဘဲ သူ(မ)ရဲ့ ပါးနားကို သွားပြီး အနမ်းပေးလိုက်၊ သူ(မ) မေ့လောက်သွားတဲ့အချိန်ကျရင် လည်တိုင်နားကို အနမ်းပေးလိုက် စသည်ဖြင့် သူ(မ) စိတ်ပါလာအောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ သူ(မ)ရဲ့ စိတ်ထဲမှာ ကွီးတို့နဲ့ ချစ်ကြည်နူး တစ်တီတူးချင်စိတ် ပေါ်လာအောင် လှုံ့ဆော်ရမှာပဲဖြစ်ပါတယ်။​

သာမန်အထိအတွေ့ကလည်း စကားပြောပါတယ်

couple

သူ(မ)ကို စိတ်ပါလာအောင် လုပ်တဲ့နေရာမှာ အနမ်းခြွေခြင်းအပြင် အခြားသော နည်းလမ်းများလည်း ရှိပါသေးတယ်။ ဥပမာ – သူ(မ)ရဲ့ ဆံပင်လေးကို ဖွဖွလေး ပွတ်သပ်ပေးတာမျိုး၊ သူ(မ)ရဲ့ ခါးလေးကို ပွေ့ဖက်ပေးတာမျိုး စသည်ဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။ ကိုယ့်ဘက်က အကြမ်းပတမ်းတွေ မလုပ်ဘဲ ညင်သာတဲ့ အပြုအမူများနဲ့သာ သူ(မ)ကို ဆွဲဆောင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ကွီးတို့ လိုချင်တဲ့ အခြေအနေကို ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ဘက်က အရင်ဇာတ်လမ်းစသလား၊ ဒါမှမဟုတ် သူ့ဘက်က ဇာတ်လမ်းစတာကို စောင့်လေ့ရှိပါသလား။

Source: Wikihow

Featured Image: Freepik