ပျော်ရွှင်ကြည်နူးဖွယ်ကောင်းပြီး အပေးအယူမျှတဲ့ လိင်ဆက်ဆံမှု တစ်ခုမှာ ခံစားမှု အထွတ်အထိပ်ရောက်ခြင်း တစ်နည်းအားဖြင့် (Orgasm) ရရှိခြင်းကလည်း အရေးပါပါတယ်။ လိင်မှုကိစ္စမှာ စိတ်ကျေနပ်စေလောက်အောင် သာယာမှုမရရှိခြင်းက လိင်ပိုင်ဆိုင်ရာ စွမ်းဆောင်ရည်၊ နှစ်ဦးနှစ်ဖက် အခြေအနေနဲ့ ကျန်းမာရေးအပေါ် မူတည်နိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အခြေအနေအမျိုးမျိုး ကောင်းမွန်ပါလျက် စိတ်ကျေနပ်စေလောက်အောင် သာယာပျော်ရွှင်မှု မရဘူးဆိုရင် အချို့သော နည်းလမ်းလေးများက ကူညီပေးနိုင်ပါတယ်။ ဆက်လက်ပြီးတော့ ညိုကီတို့ကို အမြင့်ဆုံး သာယာမှုဆီ သို့ ခေါ်ဆောင်သွားနိုင်မယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ရအောင်။

Squeeze နည်းလမ်းကို စမ်းကြည့်ပါ

အမြင့်ဆုံး သာယာမှုဆီ

Photo : Giddy

ညိုကီတို့ကို ခံစားမှု အထွတ်အထိပ်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်း တစ်ခုကတော့ Squeeze  ပြုလုပ်ခြင်း ပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ လက်မနှင့် လက်ညိုးကို လိင်တံရဲ့ရိုးတံတစ်ဝိုက်တွင် ထားကာ “သုတ်လွှတ်ခြင်း အခိုက်အတန့်” မရောက်မီတွင် အနည်းငယ် ညှစ်ထားခြင်း ဖြစ်ပါတယ်။ ခံစားမှု အထွတ်အထိပ်ရောက်ခြင်း (Orgasm) နဲ့ သုတ်လွှတ်ခြင်းက သီးခြားဖြစ်ရပ်နှစ်ခု ဖြစ်ပါတယ်။ များများလေ့ကျင့်လေ သုတ်လွှတ်ခြင်းမပါပဲ အမြင့်ဆုံး ခံစားမှုကို ရနိုင်လေလေပါ။ ဒီနည်းလမ်းကို လိင်ဆက်ဆံစဉ်မှာ ကွီးတို့ ကိုယ်တိုင်သော်လည်းကောင်း ကွီးတို့ရဲ့ လက်တွဲဖော် အကူအညီဖြင့်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ ကွီးတို့ တစ်ကိုယ်ရည် အာသာဖြေချိန်မှာလည်း ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

Sex Toys များ အသုံးပြုကြည့်ပါ

အမြင့်ဆုံး သာယာမှုဆီ

Photo : We-Vibe Blog

Sex Toys များက တစ်ကိုယ်ရည် အာသာဖြေနေစဉ် (သို့) လက်တွဲဖော်တစ်ဦးဦးနဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုအတွင်း ခံစားမှုကို ပိုမိုကောင်းမွန်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။ Sex Toys အချို့ကို အသုံးပြုခြင်းက လက်တွဲဖော်နှစ်ဦးစလုံးအတွက် လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို တိုးမြင့်စေနိုင်ပါတယ်။ ဒါ့အပြင် လိင်မှုကိစ္စအတွက် ခံစားမှုအသစ်ကို ပေးစွမ်းနိုင်သလို ကွီးတို့ရဲ့ လိင်မှုဘဝကို ပိုပြီး တိုးတက်ကောင်းမွန်စေပါတယ်။

ပုံစံအသစ်အဆန်းလေးတွေကို စမ်းကြည့်ပါ

အမြင့်ဆုံး သာယာမှုဆီ

Photo : The US Sun

ကွဲပြားတဲ့ နေရာအသစ်‌လေးတွေမှာ မတူညီတဲ့ ပုံစံတွေ၊ နည်းလမ်းတွေကို အသုံးပြုပြီး လိင်မှုကိစ္စကို ဆောင်ရွက်ခြင်းကလည်း ခံစားမှု အသစ်အဆန်းကို ပေးစွမ်းနိုင်ပြီး ကွီးတို့ကို အမြင့်ဆုံး သာယာမှုဆီ ခေါ်ဆောင်သွားမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ နည်းလမ်းသစ်များဖြင့် အချင်းချင်း ထိတွေ့ပါ။ ဘယ်ဟာတွေက အကောင်းဆုံးဖြစ်မလဲဆိုတာ သိနိုင်ဖို့ မတူညီတဲ့ လိင်မှုပုံစံတွေကို လေ့လာပြီး စမ်းကြည့်နိုင်ပါတယ်။

လေ့ကျင့်ခန်းများ ပြုလုပ်ပါ

Photo : Don’t Change Much

လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက ကျန်းမာရေးအတွက်သာမက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ခံစားမှု အထွတ်အထိပ်ရောက်အောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ခြင်းက အိပ်ရာပေါ်မှာ သက်လုံကောင်းစေပြီး အချိန်ကြာကြာ စွမ်းဆောင်နိုင်စေပါတယ်။ တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။

အခုဖော်ပြပေးလိုက်တာကတော့ အိပ်ရာပေါ်မှာ ညိုကီတို့ကို အမြင့်ဆုံး သာယာမှုဆီသို့ ခေါ်ဆောင်သွားနိုင်မယ့် နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ ပိုပြီး ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ဖို့အတွက်လည်း ဒီနည်းလမ်းလေးတွေက ကူညီပေးနိုင်ပါတယ်။ အမျိုးသားတို့အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို အထောက်အကူပြုနိုင်တဲ့ နည်းလမ်းကောင်းတွေ အများကြီးရှိသေးတာကြောင့် ဆက်လက်ဖော်ပြပေးပါဦးမယ်။

Source : Yahoo! Life, Web MD

Featured Photo : Chopin Monument