သီချင်းချစ်သူများအတွက် ဇူလိုင်လ အတွင်း ထွက်ထားတဲ့ သီချင်း သစ်များ အများအပြားရှိကြတဲ့အနက် လူကြိုက်အများဆုံး သီချင်းကောင်းတွေက ဘယ်သီချင်းတွေဖြစ်မလဲ။

ယခုလထွက် သီချင်းများအပြင် ယခင်လတွေက ထွက်ရှိထားတဲ့ သီချင်းများသည်လည်း သီချင်းချစ်သူများရဲ့ရင်ထဲမှာ နေရာယူထားဆဲပဲဖြစ်ပါတယ်။ ကွီးတို့လည်း တစ်ခါနားဆင်ပြီးသွားတာနဲ့ ထပ်နားထောင်ချင်ကြဦးမှာပါ။

Stay With Me – Calvin Harris, Ft. Justin Timberlake, Halsey And Pharrell

Source: Calvin Harris

ဒီသီချင်းလေးကတော့ ဇူလိုင် ၁၅ ရက်နေ့ကမှ ထွက်ရှိထားတဲ့ သီချင်းသစ်တစ်ပုဒ်ဖြစ်ပြီး Calvin Harris ရဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒါ့အပြင် တကယ့်ဒိတ်ဒိတ်ကြဲ အဆိုတော်တွေဖြစ်တဲ့ Justin Timberlake ၊ Halsey နဲ့ Pharrell Williams တို့က Featuring အဖြစ် သီဆိုထားပါသေးတယ်။

ဇူလိုင်လ သီချင်း

Photo: Spotify

ပါတီနဲ့ လိုက်ဖက်တဲ့ မြူးမြူးကြွကြွသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ပါတီပွဲအထဲမှာ လူတွေ မြူးမြူးကြွကြွ ပျော်ရွှင်နေကြကြောင်း၊ ဒါ့ကြောင့်မို့လို့ ပါတီပွဲကနေ ပြင်မထွက်ချင်ကြောင်း သီဆိုထားတာဖြစ်ပါတယ်။

3am – Gianna Ernst

Source: Gianna Ernst

ပေါ့ပ်သီချင်းကောင်းကောင်းလေးကို ကြိုက်နှစ်သက်သူများအတွက် Gianna Ernst ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဆွေးသီချင်းလေးဆိုတော့ မိုးအေးအေးလေးနဲ့ ဖီးလ်ချင်သူများအတွက် ကွက်တိပါပဲ။ မနက် ၃ နာရီအထိ အိပ်စက်မရဘဲ သူ့ရဲ့ရည်းစားဟောင်းကို သတိရနေကြောင်း စပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

Easy Lover – Ellie Goulding, Feat. Big Sean

Source: elliegoulding

Love Me Like You Do သီချင်းလေးကို အားလုံးပဲ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ထိုသီချင်းအဆိုရှင် Ellie Goulding ရဲ့ Easy Lover ဆိုတဲ့ သီချင်းသစ်လေးတစ်ပုဒ်ရှိပါသေးတယ်။ ဒီသီချင်းလေးကတော့ ကောင်လေးတစ်ယောက်ကို ကြွေနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခံစားချက်တွေကို ရေးသားထားတာဖြစ်ပါတယ်။

THE SHADE – Rex Orange County

Source: Rex Orange County

ဒီသီချင်းလေးကလည်း သူ့ရဲ့ရည်းစားဟောင်းကို ပြန်လည်သတိရအောက်မေ့နေကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

She Wants To See The Sun – Julien Simonni

Source: Julien Simonni

ဒီသီချင်းလေးရဲ့ ဇာတ်လမ်းလေးအရတော့ သူ(မ)သည် သူ(မ) လိုချင်တဲ့အရာကို ရှာဖွေနေကြောင်း၊ သူ(မ)ရဲ့ ဘဝအတွက် ဘယ်လိုအရာကို လိုချင်သလဲဆိုတာကို စွန့်စားခန်းဖွင့်နေတာကို ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။

because i liked a boy – Sabrina Carpenter

Source: Sabrina Carpenter

ဒီသီချင်းလေးကတော့ ဇူလိုင် ၁၅ ရက်နေ့က ထွက်ရှိထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Music Video လေးကလည်း စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားပြီး သီချင်းလေးကလည်း နားထောင်လို့ကောင်းတဲ့အတွက်ကြောင့် လူကြိုက်များပါတယ်။

2 Be Loved (Am I Ready) – Lizzo

Source: Lizzo Music

ကွီးတို့အနေနဲ့ မြူးမြူးကြွကြွသီချင်းလေးတစ်ပုဒ်ကို နားဆင်ခံစားချင်တယ်ဆိုရင်တော့ Lizzo ရဲ့ 2 Be Loved သီချင်းလေးကို နားဆင်ခံစားနိုင်ပါတယ်။ ဒီသီချင်းသည်လည်း ဇူလိုင်လ အတွင်း လူကြိုက်များနေတဲ့ သီချင်း ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

Conversation – Gianna Branca

Source: Gianna Branca

သီချင်းအေးအေးလေးနဲ့ ဆွေးဆွေးလေး နားထောင်ချင်တဲ့ ကွီးတို့အတွက် ဒီသီချင်းလေးက ကွက်တိကျမယ့် သီချင်းလေးပါပဲ။ Gianna Branca သည် သူ့အသက် ၁၄ နှစ်အရွယ်တုန်းက ခက်ခဲတဲ့အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လူကြီးတစ်ယောက်က သူ(မ)ကို ဒိုင်ယာရီပုံစံမျိုး ဂျာနယ်ရေးဖို့ ပြောခဲ့ပါတယ်။

အဲ့ဒီလိုနဲ့ပဲ သူ(မ)လည်း သူမရဲ့ ခံစားချက်တွေကို စုစည်းကာ ရေးသားခဲ့ပါတယ်။ ဒီသီချင်းလေးကလည်း သူ(မ)ရဲ့ ခံစားချက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။

Biutyful – Coldplay

Source: Coldplay

Coldplay ရဲ့ ပရိသတ်တွေအတွက် Biutyful ဆိုတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ ဒီသီချင်းကလည်း သီချင်းချစ်သူများအကြား ဇူလိုင်လ အတွင်း လူကြိုက်အများဆုံး သီချင်း တစ်ပုဒ်အဖြစ် ရပ်တည်နေပါတယ်။

Left And Right – Charlie Puth,  (Feat. Jung Kook of BTS)

Source: Charlie Puth

KPop ဖန်တွေနဲ့ အင်္ဂလိပ်သီချင်း ကြိုက်နှစ်သက်တဲ့ သူတွေအတွက် Charlie Puth နဲ့ BTS အဖွဲ့ထဲက Jung Kook တို့ရဲ့ Collaborate လုပ်ကာ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ သီချင်းလေးက မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ကောင်းပြီး သီချင်းစာသားလေးတွေကလည်း ချစ်စရာကောင်းတဲ့အဓိပ္ပာယ်လေးနဲ့ ပြည့်နှက်နေပါတယ်။

Featured Image: Pitchfork