လက်ရှိကိုင်နေတဲ့ ဖုန်းက ပုံမလာတော့လို့ ဖုန်း အသစ် ပြောင်း ဖို့ ကြံရွယ်နေပါသလား။ ဘယ်ဖုန်း အမျိုးအစားက လက်ရှိမှာ အကောင်းဆုံး ဖြစ်နေသလဲဆိုတာကိုရော သိရဲ့လား။

ကွီးတို့အနေနဲ့ ဖုန်း အသစ် ပြောင်း ဖို့ လေ့လာနေတယ်ဆိုရင်တော့ ဒီအမျိုးအစားများကို ဦးစားပေး လေ့လာကြည့်လိုက်ပါ။

(၁) OnePlus 10 Pro

OnePlus 10 Pro

ပေါ့ပါးတဲ့ ကိုယ်ထည်နဲ့ ဘက္ထရီကြာရှည်ခံပြီး ရေစိုခံနိုင်တဲ့ Android ဖုန်းကို ရှာနေတာဆိုရင်တော့ OnePlus 10 Pro ရှိပါတယ်။ ၎င်းမှာ ပါဝင်တဲ့ Qualcomm Snapdragon 8 Gen 1 Processor က ပေါ့ပါးမြန်ဆန်ပြီး သွက်လက်သော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းရဲ့ Water Resistant ကတော့ IP54 Rating ဖြစ်ပါတယ်။

(၂) Samsung Galaxy S23 Ultra

Samsung Galaxy S23 Ultra

သူ့ရဲ့ Display ကတော့ ၆.၈ လက်မရှိပြီး Super AMOLED ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ CPU ကတော့ Snapdragon 8 Gen 2 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ကင်မရာကလည်း အလန်းစားဆိုတော့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက်တော့ ကွက်တိပါပဲ။ သူ့ရဲ့ အလေးချိန်ကတော့ ၈.၃ အောင်စခန့်သာ လေးပါတယ်။ ဘက္ထရီကလည်း တစ်ခါ အားဖြည့်ထားတာနဲ့ အကြာကြီးခံတဲ့ စမတ်ဖုန်း အမျိုးအစားပဲဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၈၉၂ ဒေါ်လာ ကုန်ကျမှာ ဖြစ်ပါတယ်။

(၃) Realme C35

ဖုန်း အသစ် ပြောင်း

Realme ကလည်း စမတ်ဖုန်း ချစ်သူများအကြား နာမည်ကြီးတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဘက်ဂျက် ဖုန်းကိုမှ ကင်မရာ ကောင်းတာမျိုးကို ရှာတယ်နေတယ်ဆိုရင်တော့ Realme C35 ကိုလည်း ကွီးတို့ စာရင်းထဲမှာ ထည့်ထားသင့်ပါတယ်။ ဒီမော်ဒယ်အမျိုးအစားရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၉ ဒေါ်လာသာ ပေးချေရမှာ ဖြစ်ပါတယ်။

(၄) Google Pixel 7 Pro

ဖုန်း အသစ် ပြောင်း

နောက်ထပ် လူကြိုက်များတဲ့ စမတ်ဖုန်းကတော့ Google Pixel 7 Pro ပဲဖြစ်ပါတယ်။ သူ့ရဲ့ Display ကတော့ ၆.၇ လက်မရှိပြီး OLED ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Google ဖုန်းရဲ့ ထုံးစံအတိုင်း CPU ကတော့ Tensor G2 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ RAM ကတော့ 12GB ရှိပြီး Storage ပိုင်းကတော့ ကိုယ်ထည့်စိုက်ရင် စိုက်သလောက် 512GB အထိ စိုက်ထည့်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၉၉ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

(၅) iPhone 14 Pro Max

ဖုန်း အသစ် ပြောင်း

Android ထဲက မကြိုက်ဘူးဆိုရင်တော့ အိုင်ဖုန်းထဲကလည်း ရွေးချယ်စရာရှိပါတယ်။ အိုင်ဖုန်းထဲမှာမှ ဈေးမြှောက်လွန်းတာလည်း မကြိုက်ဘူး၊ ဒါပေမဲ့ မော်ဒယ်ကလည်း မြင့်ရမယ်ဆိုရင်တော့ iPhone 14 Pro Max ကို ရွေးချယ်သင့်ပါတယ်။

သူ့ရဲ့ Display ကတော့ စောစောက Samsung Galaxy S23 Ultra နဲ့ ယှဥ်မယ်ဆိုရင်တော့ (.၁) လက်မ လျော့သွားပါတယ်။ CPU ကတော့ A16 Bionic ကို အသုံးပြုထားတာဖြစ်ပြီး RAM ကလည်း 6GB အထိရှိပါတယ်။ သူ့ဘက္ထရီ သက်တမ်းကလည်း ကြာရှည်ခံတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ကင်မရာကလည်း အမိုက်စားဖြစ်ပြီး Dynamic Island Screen Upgrade လည်း ပါဝင်ပါသေးတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အမျိုးအစားတွေထဲက ဘယ်မော်ဒယ် အမျိုးအစားကို ဝယ်ဖြစ်မယ်လို့ စိတ်ကူးထားပါသလဲ။​

Source: Tomsguide

Featured Image: Phonearena