သီချင်းတွေသည် လူသားတွေရဲ့ စိတ်ခံစားချက်ကို အမျိုးမျိုး ပြောင်းလဲပေးနိုင်ပါတယ်။ သီချင်း တွေ နားထောင်ရင်း လွမ်းဆွေးမှုကိုလည်း ခံစားရနိုင်သလို စိတ်ဓာတ် တွေ တက်ကြွလာတာကိုလည်း ခံစားရနိုင်ပါတယ်။ အခြေအနေ အချိန်အခါပေါ်လိုက်ပြီး သီချင်းများကို ပြောင်းလဲ နားဆင်သင့်ပါတယ်။

ဝမ်းနည်းနေတဲ့အချိန်မှာ လွမ်းဆွေးတဲ့ သီချင်းတွေကို နားထောင်မယ့်အစား အခုဖော်ပြပေးမယ့် သီချင်းများကို နားဆင်ကြည့်လိုက်ပါ။ ခံစားချက်တွေ အလိုလို ကောင်းမွန်လာပါလိမ့်မယ်။

(၁) I’m Good (Blue) – David Guetta & Bebe Rexha

Source: David Guetta

ဘဝမှာ ဘာပဲကြုံလာခဲ့ပါစေ ရင်ဆိုင်ဖို့အသင့်ပဲ။ လက်ရှိအချိန်ကိုလည်း အကောင်းဆုံး ဖြတ်သန်းမယ်ဆိုပြီး သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ David Guetta ပရိသတ်တွေရော Bebe Rexha ပရိသတ်တွေလည်း အကြိုက်တွေ့ကြမယ့် သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၂) Like A Saviour – Ellie  Goulding

Source: elliegoulding

သီချင်းလေးက မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးထဲက ဇာတ်ဆောင်သည် အတိတ်က အချစ်ရေးကြောင့် စိတ်ဒဏ်ရာများ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ သူ့ကို ကယ်တင်ပေးတဲ့သူကြောင့် မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည်ပေါ်ပေါက်လာကြောင့် သီကျူးထားတာပဲ ဖြစ်ပါတယ်။

(၃) All She Wanna Do – John Legend, Feat. Saweetie

Source: John Legend

ပါတီတွေ ပျော်ပွဲရွှင်ပွဲတွေရှိတဲ့အခါ ကခုန်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပုဒ်နဲ့ ကချင်တယ်ဆိုရင်တော့ ဒီသီချင်းလေးဖွင့်ပြီး ခုန်ပေါက်မြူးတူးနိုင်ပါတယ်။ သီချင်း တီးလုံးလေးက မြူးမြူးလေးမို့လို့ စိတ်ဓာတ် တွေ မြူးကြွလာအောင် ကူညီပေးပါလိမ့်မယ်။

(၄) Trippin Bout It – Calboy

Source: Calboy

ဒီသီချင်းလေးထဲမှာတော့ Calboy ရဲ့ အရည်အချင်းများကို တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကို ပြုလုပ်ဖို့အတွက် သူသည် အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း သီချင်းတစ်ပုဒ်ဖြစ်မြောက်အောင် ပြုလုပ်နိုင်ခဲ့တာကတော့ အထင်ကြီး လေးစားစရာပါပဲ။ ကွီးတို့လည်း ဒီသီချင်းကနေတဆင့် မိုတီယူနိုင်ပါတယ်။

(၅) Dusty – Ed Seeran

Source: Ed Sheeran

Ed Sheeran ပရိသတ်တွေအတွက် မကြာသေးခင်ကမှ သီချင်းအသစ်တစ်ပုဒ် ထပ်ထွက်ထားပါတယ်။ စွယ်စုံရ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အားလျော်စွာ Shape of You လိုမျိုး သီချင်းမြူးမြူးတွေလည်း သီဆိုနိုင်သလို သီချင်းအေးအေးလေးတွေ သီဆိုတဲ့အခါမှာလည်း ပရိသတ်ရင်ထဲ ရောက်အောင် သီဆိုနိုင်တာကတော့ သူ့ရဲ့ ပါရမီလို့ ပြောရမှာပါပဲ။ သီချင်းစာသားထဲမှာလည်း အဓိပ္ပါယ်ပြည့်ဝတဲ့ သီချင်းစာသားများကို ကြားရမှာပဲ ဖြစ်ပါတယ်။

(၆) Colourblind – Ed Sheeran

Source: Ed Sheeran

သီချင်းအေးအေးလေးဆိုပေမယ့် အမှန်တကယ် စိတ်ခွန်အား ရစေမယ့် သီချင်းပဲ ဖြစ်ပါတယ်။ စန္ဒယားသံလေးနဲ့ သာယာငြိမ့်ညောင်းပြီး နားဆင်ခံစားလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၇) I Want – Hurricane On Saturn

Source: Hurricane On Saturn

EDM ၊ Rock ၊ Metal နဲ့ Rap သီချင်း အမျိုးအစားများကို ပိုင်နိုင်စွာ သီဆိုနိုင်တဲ့ Band ကတော့ Hurricane On Saturn ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးနဲ့ ပေါက်ကွဲလို့လည်း ရပါတယ်။

(၈) Curtains – Ed Sheeran

Source: Ed Sheeran

ဒီသီချင်းလေးကတော့ စိတ်ကျန်းမာရေးကြောင့် ဘဝမှ အခက်အခဲကြုံနေရပေမယ့် လွတ်လပ်မှုနဲ့ နွေးထွေးတဲ့ နေရာင်ခြည်ကို လိုလားကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၉) Boat – Ed Sheeran

Source: Ed Sheeran

ဒီသီချင်းလေးကတော့ ဘဝဆိုတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ရွက်လွှင့်နေရတဲ့ လှေငယ်လေးတစ်စင်းအကြောင်းကို သီဆိုထားတာပဲဖြစ်ပါတယ်။ ဒီသီချင်းလေးထဲမှာ Ed Sheeran သည် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခဲ့ သူ ကြုံတွေ့ခဲ့ရတဲ့ စိတ်ကျရောဂါအကြောင်းကို သီကျူး ဖွဲ့ဆိုထားတာပဲ ဖြစ်ပါတယ်။

(၁၀) Throwback Tears – Valley

Source: This Is Valley

ဒီသီချင်းလေးကတော့ ကိုယ့်ရဲ့ ဝမ်းနည်းတဲ့ စိတ်ခံစားချက်များကို ထိန်းချုပ်ကာ လုပ်စရာရှိတာများကို နောက်ဆံမတင်းဘဲ ဆက်လက် ပြုလုပ်သွားဖို့ လိုအပ်ကြောင်း တွန်းအားပေးနေမယ့် သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ကွီးတို့ရော စိတ်ဓာတ်ကျလာပြီဆို ဘယ်လိုသီချင်းတွေ နားထောင်ရင်း မိုတီပြန်ယူလေ့ ရှိပါသလဲ။