ကွီးတို့ရေ ညအိပ်ရာမဝင်ခင် ဝိုင် တစ်ခွက်ဘာကြောင့် သောက်သင့်သလဲ မပြောခင် ဝိုင်မှာ ဘာတွေ ပါဝင်သလဲဆိုတာ လေ့လာကြည့်ရအောင်။ အကြမ်းအားဖြင့် ဝိုင်မှာ ရေ ၈၆ ရာနှုန်း၊ အီသနော ၁၂ရာနှုန်း၊ ဂရစ်ဆရော ခေါ်တဲ့ အရက်သကြား၊ ပေါလီဆက်ခရိုက် နဲ့ သတ္တုဓါတ်တို့က ၁ ရာနှုန်း ပါဝင်ပါတယ်။ ဝိုင်ချက်ရာမှာ အဓိက ပါဝင်ပစ္စည်းကတော့ အချဉ်ဖောက်တဆေး၊ သစ်သီးအခြေခံ သကြားရရှိစေတဲ့ စပျစ်သီးနဲ့ ရေ တို့ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းရိုးရှင်းပေမဲ့ အရသာရှိတဲ့ ဝိုင် တစ်ခွက်ဟာ ကျန်းမာရေး အတွက် အထောက်အကူပြုကြောင်း ပညာရှင်တွေက ရှာဖွေတွေ့ရှိထားပါတယ်။

မျိုးပွားမှုဆိုင်ရာ ကျန်းမာမှု

ညအိပ်ရာမဝင်ခင် ဝိုင်

Photo : Wine Today

ညအိပ်ရာမဝင်ခင် ဝိုင် တစ်ခွက် သောက်မယ်ဆိုရင် ကွီးရဲ့ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကို အားကောင်း စေပါတယ်။ အိုမင်းခြင်းကို ဖြစ်စေတဲ့ ဓါတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပြီး ဓါတ်တိုးဆန့်ကျင့်ခြင်းကို မြှင့်တင်ပေးပါတယ်။ ဝိုင်မှာပါတဲ့ အဟာရဓါတ်တွေက ကွီးတို့ရဲ့ အရေပြားကို ချောမွေ့စေပြီး စိတ်ရော ခန္ဓာကိုယ်ပါ လန်းဆန်းစေပါတယ်။ ဒါ့အပြင် မျိုးပွားမှုဆိုင်ရာကျန်းမာမှုကို ရစေတဲ့အပြင် ကွီးကို လူငယ် တစ်ယောက်လို တက်ကြွမှု ရှိစေပါတယ်။

ကွီးရဲ့ နှလုံးကို သန်စွမ်းစေပါတယ်

ညအိပ်ရာမဝင်ခင် ဝိုင်

Photo : Medical News Today

ဝိုင်က သွေးလှည့်ပတ်မှုကောင်းအောင် အကူအညီပေးပါတယ်။ သွေးလွှတ်ကြောနံရံပေါ်မှာ ကိုလက်စထရော စုပုံမှုကို လျော့နည်းစေပါတယ်။ သွေးစီးဆင်းမှုကို ချောမွေ့စေတဲ့အတွက် နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

ကောင်းကောင်း အိပ်ပျော်စေပါတယ်

ညအိပ်ရာမဝင်ခင် ဝိုင်

Photo : Muscle and Fitness

အိပ်စက်ခြင်းက ကွီးတို့ရဲ့နေ့စဉ်ဘ၀မှာ အလွန်အရေးကြီးသောအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဝိုင်မှာပါဝင်တဲ့ မယ်လတိုနင်ဟော်မုန်းက အိပ်စက်ဖို့အတွက် ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ လေ့လာမှုတစ်ခုအရ ညအိပ်ရာမဝင်ခင် ဝိုင် (၅၀) မီလီလီတာ သောက်ရင် ကောင်းသော အိပ်စက်မှုအရည်အသွေးကို ဖြစ်စေတာကို တွေ့ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။

ဦးနှောက်ကို ကာကွယ်ပေးပါတယ်

ညအိပ်ရာမဝင်ခင် ဝိုင်

Photo : Spectrum Health Today

ဝိုင်က ကွီးကို စိတ်ငြိမ်သက်ခြင်း၊ စိုးရိမ်ပူပန်မှု မရှိခြင်း၊ ဒေါသမထွက်ခြင်းစတဲ့ ဖိစီးမှုမရှိတဲ့ အခြေအနေမျိုးကို ဖြစ်စေပါတယ်။ ဒီအခြေအနေက အလုပ်ပင်ပန်းတဲ့နေ့တွေမှာ ဖြစ်တတ်တဲ့ ဖိစီးမှုကို ပြေပျောက်စေပါတယ်။ ဝိုင်မှာပါတဲ့ ပေါလီဖီနော ဓါတ်တိုးဆန့်ကျင်ပစ္စည်းက အယ်ဇိုင်းမားနဲ့ ပါကင်ဆန် လိုရောဂါကို ဖြစ်စေတဲ့ အာရုံကြော အားနည်းပျက်စီးမှု အန္တရာယ်ကို လျော့နည်း စေပါတယ်။ ဒါကြောင့် ညစာစားပြီးရင် သို့မဟုတ် ညအိပ်ရာမဝင်ခင် ဝိုင် တစ်ခွက် သောက်ခြင်းက ဦးနှောက်နဲ့ စိတ်ကျန်းမာရေးကို ရေရှည်အကျိုးပြု ပါတယ်။

ရောင်ရမ်းမှုနဲ့ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်

a glass of wine

Photo : Inc Magazine

နာတာရှည်ရောင်ရမ်းခြင်းက အန္တရာယ်ရှိပြီး နှလုံးရောဂါ၊ Autoimmune ပုံမမှန်ခြင်း၊ အချို့သော ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ နာတာရှည်ရောင်ရမ်းခြင်းကို အစားအသောက်၊ စိတ်ဖိစီးမှုလျှော့ချခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် လျှော့ချနိုင်ပါတယ်။ လေ့လာမှုများအရ ဝိုင်တွင် Resveratrol ဟုခေါ်သော ဒြပ်ပေါင်းက ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဂုဏ်သတ္တိရှိပြီး ကျန်းမာရေးကို အကျိုးပြုနိုင်ပါတယ်။ ဝိုင်က ဓါတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသော အစားအစာများနှင့် အဖျော်ယမကာ များထဲမှာ ပါဝင်ပါတယ်။ ဝိုင်ချက်လုပ်ရာမှာ သုံးတဲ့ စပျစ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်တဲ့ polyphenols မြင့်မားစွာပါဝင်တယ်။ ဝိုင်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ရောင်ရမ်းမှု နှင့် ဓာတ်တိုးမှု ဖိအားကြောင့် ဖြစ်ပေါ်လာတဲ့ ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

သွားများကို ကာကွယ်ပေးပါတယ်

a glass of wine

Photo : New Hope Network

ဝိုင်မှာပါဝင်တဲ့ ပေါလီဖီနောက သွားချေးကနေ ဘက်တီးရီးယားပိုတွေ ပေါက်ပွားမှုကို နည်းစေပါတယ်။ ဒါကြောင့် ဘက်တီးရီးယားပိုတွေကြောင့် ဖြစ်တဲ့ သွားပေါက်များဖြစ်ခြင်းကို နည်းစေပါတယ်။

အစာခြေအင်္ဂါများရဲ့ လုပ်ငန်းကို အကျိုးပြုစေပါတယ်

a glass of wine

Photo : Eat This, Not That

ဝိုင်နီမှာပါတဲ့ ဘက်တီးရီးယားပိုးကို ဆန့်ကျင်သော သဘာဝက အစာအိမ်မသက်မသာဖြစ်ခြင်းကို သက်သာအောင်လုပ်နိုင်စွမ်း ရှိပါတယ်။ ဝိုင်ကို ပုံမှန်သောက်ခြင်းက အစာအိမ်မှာရှိတဲ့ ဟီလီကိုဘတ်တာ ပိုလိုရီ ပိုးကြောင့်ဖြစ်တဲ့ အစာအိမ်နာကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်။

ကိုယ်အလေးချိန်ကို လျှော့စေပါတယ်

a glass of wine

Photo : Eat This, Not That

ဝိုင်မှာပါတဲ့ ပေါ်လီဖိနောဒြပ်ပေါင်း ဖြစ်တဲ့ Resveratrol က ခန္ဂာကိုယ်မှာ အဆီစုခြင်းကို တားဆီးပေးပါတယ်။ ညတိုင်း ဝိုင် (၅)အောင်စပုံမှန်သောက်ခြင်းက အချို့လူတွေကို အလေးချိန်လျှော့ကျစေတာကို တွေ့ရှိရပါတယ်။

ကွီးတို့ရေ အထက်က ပြောပြတဲ့အချက်တွေကို ကြည့်ရင် ညအိပ်ရာမဝင်ခင် ဘာကြောင့် ဝိုင်တစ်ခွက် သောက်သင့်တာလဲဆိုတာ သိနိုင်ပါတယ်။ ဝိုင်က ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပေမဲ့ သင့်တင့်မျှတတဲ့ ပမာဏကို သောက်မှသာ အကျိုးရှိမှာ ဖြစ်ပါတယ်။ သင့်တင့်တဲ့ ပမာဏ ကိုတော့ အကြမ်းအားဖြင့် တစ်ကြိမ်သောက်ရင် ဝိုင် (၅)အောင်စ သတ်မှတ်ထားပြီး တစ်နေ့လျှင် (၂)ကြိမ်ထက် ပို မသောက်သင့်ပါဘူး။

Source : Lucaris

Featured Photo : Pure Healthy