ဝိုင် သောက်တာ တကယ်စွဲနိုင်လား။ ကွီးတို့ရေ အဖြေကတော့ စွဲနိုင်တယ်လို့ ဖြေရမှာပါ။ ဘီယာ နဲ့ ဝိုင်ဟာ အခြားအရက်တွေလိုဘဲ မူးယစ်‌စေပါတယ်။ စွဲလမ်းစေပါတယ်။ ဝိုင် (၅) အောင်စတစ်ခွက် သို့မဟုတ် ဘီယာ (၁၂)အောင်စ တစ်ခွက် မှာပါဝင်တဲ့ မူးယစ်စေသောအရာ အယ်ကိုဟော ပမာဏဟာ  အခြား အရက် (၁.၅)အောင်စ မှာပါတဲ့ အယ်လ်ကိုဟော ပမာဏနှင့်တူပါတယ်။ ဝိုင် ၅ အောင်စတစ်ခွက်မှာ အယ်လ်ကိုဟော အေဘီဗွီ (၁၂)  ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကွီးတို့ အရက် ဘယ်လောက် သောက် နိုင်မနိုင် ဆိုတာ ဝိုင် သို့မဟုတ် အခြားအရက်ပမာဏကိုပြောတာထက် ပါဝင်တဲ့ အယ်လ်ကိုဟော ပမာဏ သာ အဓိကကျပါတယ်။

နေ့စဉ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက် အကြိမ်ရေ ပိုများ လာတာ၊ သောက်နေကျ  ပမာဏထက် ကျော်လွန်ပြီး  သောက်လာမယ်ဆိုရင် အရက်စွဲလာမှာ ဖြစ်ပါတယ်။ ဝိုင် အပါအဝင် ဘယ်အရက် မဆို စွဲလာရင် ကွီးတို့ရဲ့ ကျန်းမာရေးနဲ့ လူမှုဘဝ ကို ထိခိုက် စေမှာ အမှန်ပါ။ ဒါကြောင့် ဝိုင်သောက် တတ်တဲ့သူတွေ စွဲမစွဲသိစေဘို့ ကွီးတို့ကို ဝိုင်သောက်ခြင်းကို စွဲလမ်းနေပြီ ဆိုတာ သိရှိသတိမူ နိုင်မဲ့ လက္ခဏာများကို ပြောပြလိုက်ပါတယ်။ ဝိုင်စွဲလာတာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ပါဘူး။ ကွီးတို့ အနေနဲ့ ဝိုင်သောက်ခြင်းဟာ နေ့စဉ်ဘဝရဲ့ပုံမှန်အလုပ်လို ဖြစ်နေပြီး ရပ်ပစ်ဖို့ခက်ခဲနေပြီဆိုရင် ဝိုင်စွဲခြင်း လက္ခဏာတွေကို တွေ့လာ ရမှာ ဖြစ်ပါတယ်။

(၁) အယ်လ်ကိုဟောခံနိုင်စွမ်းများလာခြင်း

ဝိုင်သောက်ခြင်းကို စွဲလမ်းနေပြီ

Photo : Flickr

ဝိုင်ကို နေ့တိုင်းလိုလို မှန်မှန်နဲ့များများ သောက်လာတဲ့အခါ ခန္ဓာကိုယ်က ခံနိုင်စွမ်းကို မြင့်အောင်လုပ်လာပါတယ်။ ခံနိုင်စွမ်း အတော်လေး မြင့်လာတဲ့အခါ စိတ်ကြေနပ်မှုဖြစ်ဖို့ ဝိုင်ကို သောက် နေကျ ကြိမ်ရေ ရော ပမာဏပါ ပိုပြီး သောက်လာပါတယ်။ ဒါဟာ ကွီးတို့ကို ဝိုင်သောက်ခြင်းကို စွဲလမ်းနေပြီ ဆိုတာ သိရှိသတိမူနိုင်မဲ့ ပထမဆုံး လက္ခဏာ ဖြစ်ပါတယ်။

(၂) အသောက်ကို ပို၍ ဦးစားပေးလာခြင်း

ဝိုင်သောက်ခြင်းကို စွဲလမ်းနေပြီ

Photo : Washburn House

မိသားစု သို့မဟုတ် သူငယ်ချင်းတွေနဲ့ အစားသောက် ကောင်းတွေ စားတဲ့အခါ ဖြစ်ဖြစ်၊ စိတ်ပင်ပန်းစွာ အလုပ်လုပ်ပြီးတဲ့အခါ ဖြစ်ဖြစ် အစားအသောက်နဲ့ အခြားအရာတွေထက် အသောက်ကို ဦးစားပေးလေ့ရှိလာတယ်။ ကွီးတို့ရဲ့ နေ့စဉ်ဘဝနဲ့ တာဝန်များ အပေါ်အနှောင့်အယှက်ဖြစ်ပေါ်နိုင်ပါတယ်။ နေ့စဉ်အလုပ်တွေ ထိခိုက်လာပြီလား၊ ဆက်ဆံရေးနယ်ပယ်မှာ အခက်အခဲရှိလာပြီလား၊ ဒီအခြေအနေရောက်နေတာတောင် ဆက်သောက်နေရင် ဝိုင်သောက်ခြင်းကို စွဲလမ်းနေပြီ လို့ ပြောနိုင်ပါတယ်။ ကွီးတို့ မိသားစုနဲ့ အလုပ်အပေါ် ဆိုးကျိုးတွေ ရောက်နေတာတောင် ဝိုင် သောက်တာကို မရပ်နိုင်ဘူး ဆိုရင် လုံးဝကို စွဲလမ်းနေပါပြီ။

(၃) မကောင်းတဲ့ အပြုအမူတွေများလာခြင်း

wine

Photo : Addicted To Alcohol

ဝိုင်သောက်ခြင်းကို အလွန်အကျွံစွဲလာပြီ ဆိုရင် အရက်သောက်ခြင်းလိုပါပဲ ကွီးတို့မှာ အရှက်အကြောက်နည်း လာပါတယ်။ အန္တရာယ်ရှိတဲ့အပြုအမူတွေ လုပ်လာတယ်။ မူးပြီးကားမောင်းတာ၊ လိင်ပိုင်းဆိုင်ရာ မသင့်တဲ့ အပြုအမူတွေ လုပ်လာတတ်ပါတယ်။

(၄) ဝိုင်ကို ဖြတ်ရန်ခက်ခဲခြင်း

wine

Photo : Northern Illnois Recovery Center

ကွီးတို့ အရက်ဖြတ်လိုက်တာနဲ့ ဖြစ်လာတဲ့စဉ်းစားတွေးခေါ်မှု ခက်ခဲလာတာ၊ ခေါင်းကိုက်တာ၊ မောပန်းတာ၊ ကိုယ်လက်တုန်တာ၊ အရေပြားယားယံတာတွေ ဖြစ်လာရင် အရက်စွဲတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဝိုင်ကလည်း အလွန်အကျွံသောက်နေမိပြီ ဆိုရင် ထိုနည်းလည်းကောင်းပါပဲ။ ဒီအခြေအနေမျိုးက သာမန်ကနေ အသက်အန္တရာယ်ဖြစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီ အခက်အခဲတွေကြောင့်လည်း ဝိုင် စွဲလမ်းတာကို မဖြတ်နိုင်ကြပါဘူး။

ကွီးတို့ရေ ဝိုင် အလွန်အကျွံ သောက်ခြင်းနဲ့ နေ့စဉ်ရက်ဆက်သောက်ခြင်းဟာ ကျန်းမာရေးနဲ့ နေ့စဉ်လူမှုဘဝကို ထိခိုက်စေပါတယ်။ ဝိုင်သောက်ခြင်းကို စွဲလမ်းနေပြီ ဆိုတာသိရှိသတိမူနိုင်မဲ့လက္ခဏာ များ ကို လေ့လာမှတ်သားပြီး  ဝိုင် ကြိုက်သူများ မစွဲအောင် သတိပြုသောက်ကြပါလို့ ပြောပါရစေ။

Source : Gateway Foundation

Featured Photo : Create