အဝတ်အစားကို ဖက်ရှင်ကျအောင် ဝတ်တတ်ရုံနဲ့ ညိုကီတို့ ရှယ်လန်းနေပြီ လို့ထင်ပါသလား။ ဖက်ရှင်ကျအောင် ဝတ်စားတတ်ရုံသာမက ကိုယ့်ရဲ့စတိုင်လ်ကို တစ်ဆင့်မြင့်အောင် အချို့သော အသုံးအဆောင် လေးတွေကို လိုအပ်သလို အသုံးပြုတတ်ဖို့ လိုပါတယ်။ ဒီတစ်ခါမှာတော့ ညိုကီတို့ ရှယ် လန်းနေ‌အောင် ကူညီပေးနိုင်မယ့် အမျိုးသားသုံး အသုံးအဆောင်လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လက်ကောက်များ၊ လက်ပတ်များ

ညိုကီတို့ လန်းနေ‌အောင်

Photo : Lifestyle Asia

ဒီနေ့ခေတ် အမျိုးသား အသုံးအဆောင်တွေထဲမှာ ‌ရေပန်းစားလာတာကတော့ လက်ကောက်များနဲ့ လက်ပတ်များပဲ ဖြစ်ပါတယ်။ အမျိုသားဝတ် လက်ကောက်များ သို့မဟုတ် လက်ပတ်တွေက ပေ့ါပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက် စတိုင်လ်အတွက် လည်းကောင်း၊ အထာကျကျ ငယ်ရွယ်နုပျိုသော စတိုင်လ်အတွက်လည်းကောင်း ဝတ်ဆင်နိုင်တဲ့ ဆွဲဆောင်မှုရှိစေတဲ့ အသုံးအဆောင်တစ်မျိုး ဖြစ်ပါတယ်။ လက်ကောက်တွေနဲ့ လက်ပတ်တွေက ကွီးတို့ရဲ့ စတိုင်လ်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။

ညိုကီတို့ လန်းနေ‌အောင်

Photo : Ali Press

လက်ကောက်တွေ၊ လက်ပတ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ်ကျကျ ဝတ်ဆင်နိုင်သလို ပေါင်းစပ်ပြီးလည်း ခပ်မိုက်မိုက်ပုံစံ ဝတ်ဆင်နိုင်ပါတယ်။ လက်ကောက်နဲ့ လက်ပတ်ပုံစံများ ကွဲပြားမှုများစွာရှိတာကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ပုံစံ သို့မဟုတ် ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ လိုက်ဖက်တဲ့ပုံစံကို ရွေးချယ်နိုင်ပါတယ်။

ဆွဲကြိုးများ

ညိုကီတို့ လန်းနေ‌အောင်

Photo : Twisted Pendant

ဆွဲကြိုးများကလည်း အမျိုးသားများရဲ့ ဖက်ရှင်မှာ အရေးပါသော နေရာကနေ ပါဝင်လာပါတယ်။ အမျိုးသားများ အသုံးများသော ဆွဲကြိုးများမှာ ရွှေ (သို့မဟုတ်) ငွေရောင်လည်ဆွဲများ ဖြစ်ပြီး ချိန်းကြိုးပုံစံ လည်ဆွဲများကလည်း လူကြိုက်များပါတယ်။ ကိုယ့်ရဲ့ အဝတ်အစားများနဲ့ လိုက်ဖက်တဲ့ ဆွဲကြိုးများကို ကိုယ့်ရဲ့ဖက်ရှင် အမြင်ပေါ်မူတည်ပြီး စိတ်ကြိုက်တွဲဖက် ဝတ်ဆင်နိုင်ပါတယ်။

နေကာမျက်မှန်များ

ညိုကီတို့ လန်းနေ‌အောင်

Photo : Vista Create

နေကာမျက်မှန်များက မျက်လုံးကို နေရောင်မှ ကာကွယ်ပေးတဲ့ အသုံးအဆောင်တစ်ခု ထက်ပိုပါတယ်။ နေကာမျက်မှန်များက ဖက်ရှင်အသုံးအဆောင် တစ်ခုအနေနဲ့ သုံးရင်လည်း ကိုယ့်ရဲ့ ဖက်ရှင်နဲ့ အသွင်အပြင်ကို ကောင်း‌ကောင်းပံ့ပိုးနိုင်ပါတယ်။ စတိုင်လ်မိမိ အထာကျကျ ဖက်ရှင်အတွက်ဆိုရင်တော့ နေကာမျက်မှန်တွေက မပါမဖြစ်ပါပဲ။ သတိထားစရာတစ်ခုကတော့ ညိုကီတို့ မျက်နှာအကျနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်ဖြစ်ဖို့တော့ လိုပါတယ်။

ခါးပတ်များ

ညိုကီတို့ လန်းနေ‌အောင်

Photo : American Bench Craft

ညိုကီတို့ ခါးထက်မှာ ခစားနေတဲ့ ခါးပတ်တွေက အမျိုးသားများအတွက် နေ့စဉ် အသုံးအဆောင်တစ်ခု ဖြစ်သလို အလုံးစုံသော အသွင်အပြင်ကို မြှင့်တင်ပေးနိုင်ဆိုလည်း မမှားပါဘူး။ ခါးပတ်ကို ရွေးချယ်တဲ့ နေရာမှာ ကိုယ်ဝတ်ဆင်နေကျ ပုံစံနဲ့ လိုက်ဖက်တဲ့ အရည်အသွေးကောင်းတဲ့ ခါးပတ်ကို ရွေးချယ်ပါ။ ခါးပတ်များကို ဝတ်ဆင်တဲ့ နေရာမှာ ဖိနပ်အရောင်နဲ့ လိုက်ဖက်ပါစေ။

လက်ပတ်နာရီများ

Photo : Times of India

လက်ပတ်နာရီများကလည်း အမျိုးသားများအတွက် အသုံးအဆောင်တစ်ခုထက် ပိုပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနိုင်တဲ့ အကောင်းဆုံး အသုံးအဆောင်တစ်ခုပါ။ အခြားသော အသုံးအဆောင်များ မသုံးချင်ရင်တောင် ရိုးရိုးရှင်းရှင်း လက်ပတ်နာရီတစ်လုံးက ကွီးတို့ရဲ့ လေးနက်တဲ့ အသွင်အပြင်ကို ဖော်ပြဖို့ လုံလောက်ပါတယ်။

Photo : Real Man Real Style

ဒါ့အပြင် နာရီတွေက အမျိုးသားတို့ ဖက်ရှင်အတွက် ဘယ်တော့မှ မရိုးမယ့် အသုံးအဆောင်တစ်ခုပါ။ ဒါ့ကြောင့် ကွီးတို့ ဖက်ရှင်နဲ့ စတိုင်လ်ပေါ်မှာ အများကြီးသက်ရောက်နိုင်တဲ့ နာရီကောင်းကောင်းတစ်လုံးမှာ ရင်းနှီးမြှပ်နှံဖို့ မနှမြောပါနဲ့။

ညိုကီတို့ လန်းနေ‌အောင် အသုံးအဆောင်တွေက ပံ့ပိုးပေးနိုင်တာမို့ အထာကျကျဘဲတစ်ဗွေ ဖြစ်အောင် ဒါလေးတွေနဲ့ ရွှိင်းလိုက်ဗျာ။

Source : Classy Men Collection

Featured Photo : Roma