စတိုင်လ်ကျပြီး မိမိဖက်ရှင်ကို ဦးစားပေးတဲ့ ကွီးတို့အနေနဲ့ ပွဲတက်တဲ့အခါ ကိုယ့်ရဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်း များကို သေသေချာချာရွေးချယ်ပြင်ဆင်ကာ ဆင်မြန်းသွားသင့်ပါတယ်။

ပွဲတက်အခမ်းအနားတွေမှာ ကိုယ့်ရဲ့ ဖက်ရှင် က ဆွဲဆောင်မှုရှိပြီး ပေါ်လွင်နေစေဖို့အတွက် ဘယ်လို အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်သင့်သလဲဆိုတာကို ကွီးတို့ သိပြီးပါပြီလား။

အကောင်းစား လက်ပတ်နာရီ

ဖက်ရှင် အသုံးအဆောင်ပစ္စည်း

ကွီးတို့ရဲ့ ဖက်ရှင်အသုံးအဆောင် ပစ္စည်းတွေထဲမှာ လက်ပတ်နာရီသည် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ပွဲတက်အခမ်းအနားတွေ သွားတဲ့အခါမှာလည်း အရည်အသွေး သိပ်မကောင်းတဲ့ လက်ပတ်နာရီတွေ ဝတ်ဆင်မယ့်အစား အကောင်းစားလက်ပတ်နာရီတစ်လုံး ဝတ်ဆင်မယ်ဆိုရင်တော့ အသင့်တော်ဆုံးပါပဲ။

လက်စွပ်

ဖက်ရှင် အသုံးအဆောင်ပစ္စည်း

အမျိုးသားတွေသည် လက်စွပ်အကြီးကြီးတွေကို ဝတ်ဆင်ရတာ သဘောကျပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လက်စွပ်သေးသေးမျှင်မျှင်တွေထက်စာရင် လက်စွပ်ခပ်ကြီးကြီးတွေက အမျိုးသားတွေနဲ့ ပိုမိုလိုက်ဖက်လို့ပါပဲ။

အရည်အသွေးကောင်းသော ခါးပတ်

ဖက်ရှင် အသုံးအဆောင်ပစ္စည်း

ဟုတ်ပါတယ်။ ခါးပတ်သည်လည်း မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်း တစ်မျိုးပဲဖြစ်ပါတယ်။ ခါးပတ် ရွေးချယ်ဝတ်ဆင်တဲ့အခါမှာလည်း အရည်အသွေးကောင်းတဲ့ ခါးပတ်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒါမှသာလျှင် ပွဲတက်တဲ့အခါ သစ်လွင်တောက်ပတဲ့ ခံစားချက်မျိုး ပုံသဏ္ဍာန်မျိုး ပေါ်နေမှာဖြစ်ပါတယ်။

ရှူးဖိနပ်

man fashion

ပွဲတက်အခမ်းအနားတွေအတွက်ဆိုရင်တော့ အားကစားဖိနပ်၊ ကွင်းထိုးဖိနပ်တွေထက်စာရင် ရှူးဖိနပ်တွေက အသင့်တော်ဆုံးပါပဲ။

ပွဲတက်ဝတ်စုံ

man fashion

ပွဲတက်ဝတ်စုံကတော့ ပွဲတက်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါပဲ။

ကွီးတို့အနေနဲ့ ပွဲတက်ဝတ်စုံပြည့်လို့ ပြောလိုက်တာနဲ့ ကိုယ့် မျက်စိထဲ ဘယ်လိုဖက်ရှင်မျိုးကို မြင်ယောင်မိပါသလဲ။ အနောက်တိုင်း ဝတ်စုံပြည့်လိုတော့ နက်ခ်တိုင်အပြည့်၊ ကုတ်အပြည့်နဲ့ ဝတ်စရာမလိုပါဘူး။ တီရှပ်တစ်ထည်၊ စတိုင်လ်ဘောင်းဘီ၊ ခါးပတ်၊ ရှူးဖိနပ်နှင့် လက်ပတ်နာရီတို့ဖြင့် ဝတ်ဆင်လိုက်ခြင်းအားဖြင့် ကွီးတို့အတွက် ပြီးပြည့်စုံတဲ့ ပွဲတက်ဖက်ရှင်အမျိုးအစားလေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Noragouma

Featured Image: Threadcurve