ကျွန်တော်တို့ ယောကျာ်းလေးအများစုက ညီလေး နဲ့ ပတ်သတ်ရင် လက်တည့်စမ်းချင်ကြတဲ့ စိတ်ကခပ်များများရယ်ပါ။ ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ညီလေး အရွယ်အစား ပိုကြီး ပိုကိတ်လာဖို့ ဘာဆီလိမ်း ညာဆီလိမ်း ၊ ဘာနဲဘာရောလိမ်း ဆိုတဲ့ စကားတွေကို ဘာမှအများကြီး မစဉ်းစားပဲ အရပ်ပြောစကား ဆေးမြှီးတို ပေါင်းစုံကို လုပ်ကြည့်ချင်ကြတာပါ။ ဒီထဲမှာ လူပြောအများဆုံးကတော့ သွားတိုက်ဆေးပါပဲ။ သွားတိုက်ဆေးကို လိမ်းပေးရင် ညီလေး အရွယ်အစား သိသိသာသာ ပြောင်းလဲလာမယ် ၊ ခံစားမှုအာရုံတိုးလာမယ် ၊ အနံ့အသက်ဆိုးတွေ သက်သာမယ် စသည်ဖြင့် ပြောကြတဲ့ စကားတွေကို ယုံကြည်ပြီး လက်တည့်စမ်း လိုက်လုပ်ချင်ကြပါတယ်။ တကယ်တော့ ဒါတွေဟာ ယုံတမ်း ပုံပြင်သပ်သပ်သာ ဖြစ်ပါတယ်။ ယုံမှားမိပြီး လုပ်မယ်ဆိုရင်တော့ အခုပြောပြမယ့် ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

(၁) ပြင်းထန်တဲ့ အရေပြားယားယံခြင်းကို ဖြစ်စေနိုင်တယ်

Chilli

Photo : Promescent

သွားတိုက်ဆေး ကို ညီလေးမှာလိမ်းမယ်ဆိုရင် သေချာပေါက် ကြုံရနိုင်တာကတော့ ပြင်းပြင်းထန်ထန်း ခံစားရမယ့် အရေပြားယားယံမှု ပြဿနာပါပဲ။ အမျိုးသားတွေရဲ့ ဖွားဖက်တော် အရေပြားဟာ အလွန်နူးညံ့ပြီး ထိရှလွယ်ပါတယ်။ ဆိုတော့ သွားတိုက်ဆေးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ ၊ ပရုတ်ပင်နဲ့ အခြား ပါဝင်ပစ္စည်းတွေဟာဆိုရင် ညီလေး အရေပြားကို ယားယံစေတာ ၊ အရေပြားလောင်တာနဲ့ တခြား ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာတွေကို ခံစားရနိုင်ခြေရှိတာပဲ ဖြစ်ပါတယ်။

(၂) ဓာတုပစ္စည်းတွေ ပါဝင်မှုရှိတယ်

Photo : Giddy

သွားတိုက်ဆေး တွေမှာ ခံတွင်းသန့်ရှင်းရေးအတွက် အခြေခံအားဖြင့် ဖော်စပ်ထားတဲ့ ဓာတုဒြပ်ပေါင်းတွေနဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်ပါတယ်။ ဒီဓာတု ဒြပ်ပစ္စည်းတွေက သွားတွေနဲ့ သွားဖုံးကျန်းမာရေးအတွက်ပဲ အထူးထုတ်လုပ်ထားတာ ဖြစ်တာကြောင့် လိင်အင်္ဂါအရေပြားဧရိယာတဝိုက်ကို လိမ်းမယ်ဆိုရင် အရေပြား ခြောက်သွေ့ကြမ်းတမ်းမှုတွေကို ဖြစ်ပေါ်စေမှာပါ။ ဆက်စပ်အနေနဲ့ အရေပြား ခြောက်သွေ့ယားယ့ခြင်း ၊ ရောင်ရမ်းခြင်းနဲ့ မသက်မသာဖြစ်ခြင်းတွေ ကဲ့သို့ ပြဿနာအချို့ကို ခံစားရနိုင်ပါတယ်။

(၃) အဖုအပိန့်တွေ ထွက်ပေါ်စေနိုင်တယ်

lump

Photo : Netdoctor

ဟုတ်ပါတယ် သွားတိုက်ဆေး တွေမှာ ပါဝင်ပစ္စည်းတွေဟာ ခန္ဓာကိုယ်ရဲ့ နူးညံ့တဲ့ အရေပြားဧရိယာတဝိုက်ကို လိမ်းမယ်ဆိုရင် ဓါတ်မတည့်မှုအချို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဓါတ်မတည့်မှုရဲ့နောက်ဆက်တွဲ တုံ့ပြန်မှုတွေဖြစ်တဲ့ အရေပြား ယားယံခြင်း ၊ ပူစပ်ပူလောင် ခံစားရခြင်းတွေအပြင် ညီလေးနဲ့ ညီလေး အရေပြားပေါ်မှာ အဖုအပိမ့်တွေကို ထွက်ပေါ်လာစေနိုင်ပါတယ်။

(၄) ရောဂါပိုး ကူးစက်ခံရနိုင်တယ်

banana

Photo : Men’s Health

သွားတိုက်ဆေး တွေကို ညီလေး ဧရိယာတဝိုက်မှာ လိမ်းမယ်ဆိုရင် လိင်အင်္ဂါ ပိုးဝင်ခြင်း ဖြစ်ခြေနိုင် များပါတယ်။ လိင်အင်္ဂါ ပိုးဝင်တဲ့ ပြဿနာ ဖြစ်လာပြီဆိုရင် အချိန်မီ မကုသပါက မသက်မသာ ခံစားရခြင်း ၊ အနံ့အသက်ဆိုးတွေ ထွက်ခြင်းနဲ့ အခြား ပိုမိုဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပြီး ရေရှည်မှာ လိင်မှုကျန်းမာရေးအပေါ်ပါ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ကြုံလာရ နိုင်ပါတယ်။

(၅) သက်သေပြနိုင်တဲ့ အကျိုးကျေးဇူးတွေ မရှိပါ

Banana

Photo : Medium

ညီလေး ကို သွားတိုက်ဆေး လိမ်းပေးခြင်းဖြင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေဆိုတာ အရပ်ပြောစကားတွေသာ ဖြစ်ပါတယ်။ သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားရယ်လို့ မရှိပါဘူး။ သွားတိုက်ဆေးဟာ ကောင်းကျိုးထက် ဆိုးကျိုးအန္တရာယ်တွေသာ ပိုများတာကြောင့် လက်တည့်မစမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

Source : My Fit Brain

Featured Photo : Yahoo Life UK