ကွီးတွေ ကွီးတို့ ဖွားဖက်တော်ဆီ သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ဆိုတာ ဘာကြောင့် အရေးကြီးတယ်လို့ ထင်ပါသလဲ။ တကယ်တော့ ဖွားဖက်တော်ရဲ့ အခြေအနေတွေနဲ့ ဖွားဖက်တော် ထောင်မတ်နိုင်မှု အခြေအနေတွေက သွေးစီးဆင်းမှုအပေါ်မှာ လုံးဝ မူတည်နေတာပါ။ လိင်တံအတွင်း သွေးစီးဆင်းမှု ဟန်ချက်ညီညီ ရှိနေလို့သာ လိင်တံ ထောင်မတ်ခြင်း ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ကွီးတို့ ညီလေး ဆီမှာ သွေးစီးဆင်းမှု ကောင်းဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာကို အခြေခံလောက်တော့ သိသွားလောက်ပြီ ထင်ပါတယ်။

Photo : Femme Actuelle

ဒါကြောင့်မို့ ကိုယ်က လိင်တံထောင်မတ်ခြင်းနဲ့ ပတ်သက်ပြီး တစ်ခုခုများ ပြဿနာ ရှိနေပြီဆိုရင်တော့ သွေးလည်ပတ်ပုံနဲ့ အခြားကိစ္စများအတွက် စစ်ဆေးသင့်သလို လိုအပ်ရင်လည်း ကုသမှု ခံယူသင့်ပါတယ်။ ဘာလို့ဆိုတော့ ချစ်တင်းနှောဖို့အတွက် လိုအပ်တဲ့ လိင်တံထောင်မတ်နိုင်မှု မရှိခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာများရဲ့ လက္ခဏာ ဖြစ်လေ့ရှိတဲ့ အကြောင်းအရင်းကြောင့်ပါပဲ။ ဒီလို အချက်အလက်တွေကြောင့် သွေးစီးဆင်းမှု သွေးလည်ပတ်မှုဆိုတာက ကွီးတို့ ညီလေး အတွက်သာမကပဲ ခန္ဓာကိုယ်က တစ်ခြားအင်္ဂါအစိတ်အပိုင်းတွေအတွက်ပါ အတော်လေး အရေးကြီးပါတယ်။

Photo : StoryMD

လိင်တံအတွင်း သွေးစီးဆင်းမှု အဟန့်အတား ဖြစ်စေနိုင်မယ့် အကြောင်းအရာတွေကလည်း တစ်ခုမကကို ရှိနေပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆီပိတ်ရောဂါ၊ အဝလွန်ရောဂါနဲ့ သွေးတိုးရောဂါတွေကလည်း လိင်တံအတွင်း သွေးလည်ပတ်မှုကို တားဆီးနိုင်စေတာဖြစ်လို့ အကျိုးဆက်အနေနဲ့ လိင်တံမထောင်မတ်နိုင်ခြင်းကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။

Photo : MOMIT Health

သွေးလည်ပတ်စီးဆင်မှု ကောင်းမွန်စေဖို့အတွက်ဆိုရင် ပြုမှုနေထိုင် စားသောက်တာတွေနဲ့လည်း လုပ်ဆောင်ကြည့်နိုင်ပါတယ်။ လေ့ကျင့်ခန်းတွေလုပ်မယ်။ ရေများများသောက်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်မယ်။ ဆေးလိပ်ဖြတ်မယ်။ စိတ်ဖိစီးမှု ကင်းအောင်နေမယ်။ ဒါတွေက အခြေခံ အချက်အလက်တွေပါပဲ။ အစားအသောက်နဲ့ ပတ်သက်ပြီး အဓိကစားရမှာက သံဓါတ် အမျှင်ဓါတ်နဲ့ Omega-3 ဓါတ်တွေ ပေါများစွာ ပါဝင်တဲ့ အစားအစာတွေကို ဦးစားပေး စားပေးတာမျိုး လုပ်သင့်ပါတယ်။ အချိုများတာ အဆီများတာနဲ့ အယ်လ်ကိုဟော ပါဝင်တာတွေကို ရှောင်သင့်ပါတယ်။ နောက်ပြီး နှလုံးသွေးကြောကျဉ်းတာ အဝလွန်တာတွေ မဖြစ်စေဖို့အတွက်လည်း ပုံမှန်ကိုယ်လက်လှုပ်ရှားမှုက မဖြစ်မနေ ရှိသင့်သလို စိတ်သောကကင်းအောင် နေဖို့လည်း အရေးကြီးပါတယ်။

Featured Photo : MTV Uutiset