ညီအစ်ကိုတို့ရေ အသည်းက ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းများထဲက တစ်ခုပါပဲ။ ။ အသည်းရဲ့ အဓိကတာဝန်က သွေးတွင်း ဓါတုပစ္စည်းတွေရဲ့ အနေအထားကို ပုံမှန်ဖြစ်အောင် လုပ်ပေးတာနဲ့ အညစ်အကြးနဲ့ အဆိပ်အတောက်တွေကို သွေးမှတဆင့် ဖယ်ရှားပေးတာ ဖြစ်ပါတယ်။ ဒီအတွက် လုပ်ငန်းစဉ်ပေါင်း (၅၀၀) ကျော်ကို လုပ်ပေးနေရတဲ့အတွက် ညီအစ်ကိုတို့ရဲ့ အသည်း ဟာ အရေးကြီးတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

liver

Photo : Dr. Sebi

ဒါ့အပြင် အသည်းက ကိုလက်စထရောအဆင့်ကိုလည်း ထိန်းညှိပေးတယ်၊ ပရိုတင်းတွေကို တည်ဆောက်ပေးပြီး သည်းခြေရည်ကို ဖန်တီးပေးတယ်၊ အဆီစုပ်ယူဖို့ ကူညီပေးတယ်၊ ကွီးတို့ တကယ်လိုအပ်တဲ့အခါ သကြားကို သိုလှောင်ပေးပြီး ဟော်မုန်းပမာဏကို ထိန်းညှိပေးပါတယ်။ အသည်းအတွက်၊ ဒါတွေအားလုံးဟာ တစ်နေ့တာအလုပ်တွေပါပဲ။ ဒီလို အရေးကြီးတဲ့ ညီအစ်ကိုတို့ရဲ့ အသည်း ကို ကြင်နာဖို့လိုပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အသည်း ကျန်းမာရေးအတွက် လိုက်နာရမဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

အသည်းရော အသည်းဝါ A, B, C ကို ကာကွယ်ပါ

ညီအစ်ကိုတို့ရဲ့ အသည်း

Photo : www.healthgene.com.hk

ကွီးတို့အသည်းကို ပျက်စီးစေတဲ့ အသည်းရောင် အသားဝါ A, B, C ကို ကာကွယ်ဖို့လိုပါတယ်။ အသည်းရော အသည်းဝါ A, B, C တို့က အသည်းရဲ့ ဗိုင်းရပ်စ်ရောဂါများ ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ B နှင့် C သည် နောက်ဆုံးတွင် ကွီးတို့ရဲ့ အသည်းကို ပျက်စီးစေမည့် နာတာရှည်အခြေအနေများအထိ ဖြစ်လာနိုင်သည်။ ၎င်းတို့က သွေးနှင့် အခြားခန္ဓာကိုယ်အရည်များမှ ကူးစက်နိုင်တယ်။ ဒါကြောင့် ဘေးကင်းသော လိင်ဆက်ဆံမှု ဖြစ်ပါစေ။

အသည်းရောင်အသားဝါ A ကတော့ မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေနှင့် ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လက်ကို သေချာဆေးကြောဖို့လိုပါတယ်။ ထိုအသည်းရောင် အသားဝါရောဂါများကို လုံးဝ ကာကွယ်နိုင်တာကတော့ ကာကွယ်ဆေး ထိုးခြင်းပါပဲ။ ဒါကြောင့် ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

ညီအစ်ကိုတို့ရဲ့ အသည်း

Photo : The list

ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းကလည်း ညီအစ်ကိုတို့ရဲ့ အသည်း ကို ကြင်နာခြင်းတစ်မျိုးပါပဲ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ ထိရောက်ပြီး ကွီးတို့ ရေရှည်လုပ်နိုင်တဲ့ ‌လေ့ကျင့်ခန်းကို ရွေးချယ်ပါ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် ခပ်သွက်သွက် လမ်းလျှောက်တာ၊ ပြေးတာ၊ ကြိုးခုန်တာ တွေက ရုပ်ပိုင်းရော စိတ်ပိုင်းကိုပါ ကြံ့ခိုင်စေပါတယ်။ ရိုးရှင်းသောလေ့ကျင့်ခန်းဖြင့် ပုံမှန် အလုပ်လုပ်ခြင်းနဲ့ မျှတသော အစားအသောက် များက အသည်းကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

ဆေးများကို အလွန့်အကျွံမသောက်ပါနဲ့

ညီအစ်ကိုတို့ရဲ့ အသည်း

Photo : Healthline

ဆေးဝါးများ အလွန်အကျွံသောက်ခြင်း၊ အမျိုးအစားများခြင်း သို့မဟုတ် ဆေးဝါးများ ရောစပ်ခြင်းသောက်ခြင်း အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆေးဝါးအများစုက ဓါတုပစ္စည်းတွေ ဖြစ်လို့ပါ။ ဒါကြောင့် အသည်း ကျန်းမာရေး ကို ထိခိုက်မှု မရှိအောင် ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အယ်လ်ကိုဟော၊ ဆေးလိပ်စတာတွေကလည်း အသည်းကိုထိခိုက်စေတာကြောင့် သတိပြုဖို့ အကြံပေးချင်ပါတယ်။

ကောင်းမွန်သော အိပ်စက်ခြင်းနဲ့ အာဟာရမျှတသော အစားအစာများကို စားပါ

liver

Photo : MensXP

ကောင်းမွန်စွာ အိပ်စက်ခြင်းမရှိတာက အသည်းကို ထိခိုက်စေတာကို သိပါသလား။ အိပ်ရေး ပျက်တဲ့အခါ အသည်းရဲ့ ဂလူးကို့စ်နဲ့ အင်ဆူလင် လုပ်ငန်းစဉ်တွေကို ထိခိုက်ပါတယ်။ ဒါက အသည်း အဆီဖုံးရောဂါ နှင့် နံပါတ် ၂ အမျိုးအစား ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ၊ အဆီများတဲ့ အစားအစာတွေဟာ အသည်းရောဂါကို ဖြစ်စေနိုင်တယ်။ ဆိုလိုတာကတော့ အသည်းမှာ အဆီတွေ ဖုံးနေပါလိမ့်မယ်။ ဒါက ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေပြီး အမာရွတ်များကို ဖန်တီးကာ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ နောက်ဆုံးမှာ အသည်းချို့ယွင်းမှုကို ဖြစ်စေပါတယ်။

ရေသောက်ပါ

liver

Photo : The New York Time

အသည်းအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသလို ရေဓာတ်လည်း အရေးကြီးပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်လောက်သောက်ပေးမယ်ဆိုရင် အသည်းကို သန့်စင်ပေးနိုင်ပါတယ်။ တစ်ဖက်က ရေသောက်နည်းပြီး ရေဓာတ်ခန်းခြောက်တာက သွေးတွေ ပိုပျစ်လာစေပါတယ်။ သွေးတွေ ပျစ်လာတဲ့အခါ အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ပိုခက်ခဲနိုင်ပါတယ်။ ထို့ကြောင့် ရေသောက်ခြင်းဟာ အသည်းကို စောင့်ရှောက်ခြင်းခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ သိသင့်ပါတယ်။

ညီအစ်ကိုတို့ရေ အသည်း ကျန်းမာရေးက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အသည်းကျန်းမာရေးကို ထိန်းသိမ်းတာက အခြားသော ကျန်းမာရေး ပြဿနာတွေကိုလည်း အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ဒါကြောင့် Crush လေးကို ကြင်နာသလို ညီအစ်ကိုတို့ရဲ့ အသည်းကို ကြင်နာဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source : Medicircle, Johns Hopkins Medicine

Featured Photo : Your Liver