အသည်း ဟာ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်နေရာမှာရှိတဲ့ ခန္ဓာကိုယ်အတွက် အရေးကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘောလုံးတစ်လုံးခန့် အရွယ်အစားရှိတဲ့ အသည်းဟာ အစာချေဖျက်ခြင်းနဲ့ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်တွေ အဓိကလုပ်ဆောင်ပေးပါတယ်။ အသည်း ကိုပျက်စီးစေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးရှိပါတယ်။

ဥပမာ အရက်အလွန်အကျွံ သုံးစွဲခြင်း ၊ အဝလွန်ခြင်း ၊ ဗိုင်းရပ်စ်ပိုးများ ၊ အဆိပ်အတောက်နဲ့ ဆေးဝါးတွေဟာ အသည်းကျန်းမာရေး ထိခိုက်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ အသည်းရောဂါဟာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကွီးတို့ရဲ့ အသည်း စတင် ပျက်စီးလာနေပြီဆိုတာကိုတော့ တချို့သောရောဂါ ရှေ့ပြေး လက္ခဏာ လေးတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါဆို အသည်း ပျက်စီး နေပြီဆိုတာ ဖော်ပြနေတဲ့ ရှေ့ပြေး လက္ခဏာ တွေက ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်ပါ။

Photo : PiPa News

အသည်းရောဂါရဲ့ ရှေ့ပြေးလက္ခဏာများ

  • အသားအရေနဲ့ မျက်လုံးများ အဝါရောင်ပြောင်းလာခြင်း (အသည်းရောင်အသားဝါ)
  • ဝမ်းဗိုက်နာကျင်ခြင်း ၊ ရောင်ရမ်းခြင်း
  • ခြေထောက်နဲ့ ခြေကျင်းဝတ်နေရာများ ဖောရောင်ခြင်း
  • အရေပြား ယားယံခြင်း
  • ဆီအရောင်ညစ်ညစ်တွေသွားခြင်း
  • ဝမ်းအရောင်ပြောင်းလဲလာခြင်း
  • အချိန်တိုင်း ပင်ပန်းနွမ်းနယ်နေခြင်း
  • ပျို့အန်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • အိပ်ပျော်ရခက်ခြင်း
  • စိတ်အာရုံများရှုပ်ထွေးခြင်း/ အာရုံစိုက်ရခက်ခဲခြင်း

အသည်းရောဂါရဲ့ နောက်ဆက်ပြဿနာတွေဟာ အသည်းပြဿနာရဲ့ အကြောင်းအရင်းတွေပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အသည်းရောဂါဟာ အစောပိုင်းအခြေအနေအရ လက္ခဏာကြီးကြီးမားမားပြတာမျိုး မရှိပေမယ့် သေချာကုသမှုမခံယူဘူးဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။

Photo : Scripps Health

အသည်းရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ အောက်ပါအချက်တွေ လိုက်နာပါ

  • အရက်ကို ချင့်ချိန်ပြီးသောက်ပါ
  • လိင်ဆက်ဆံစဉ် ကွန်ဒုံးမသုံးခြင်း ၊ မသန့်ရှင်းတဲ့ ကိရိယာတန်ဆာပလာတွေနဲ့ တက်တူးထိုးခြင်း ၊ Body Piercings ပြုလုပ်ခြင်း ၊ ဘိန်းထိုးခြင်း စသည်ဖြင့် အန္တရာယ်ရှိတဲ့ အပြုအမူကို ရှောင်ကြဉ်ပါ
  • အသည်းရောင်အသားဝါ ကာကွယ်ဆေးထိုးပါ
  • ဆေးဝါးများမှီဝဲတဲ့အခါ ဆရာဝန်ရဲ့လမ်းညွှန်ချက်အတိုင်း စနစ်တကျသောက်သုံးပါ။ အရက်နဲ့ ဆေးဝါးတွေ တွဲဖက်သောက်သုံးတာမျိုး ရှောင်ကြဉ်ပါ
  • အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ကူးစက်ရနိုင်ခြေရှိတဲ့ တခြားသူတွေရဲ့ သွေးနဲ့ ခန္ဓာကိုယ်အရည်တွေ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
    တစ်ကိုယ်ရည်သန့်ရှင်းမှုကိုအထူးဂရုစိုက်ပါ။ အစားအစာတွေ ချက်ပြုတ်ပြင်ဆင်ခြင်း မပြုမီနဲ့ အစားမစားမီ လက်ကိုသေချာစွာဆေးကြောသန့်စင်ပါ
  • ပိုးသတ်ဆေး ၊ အိမ်သုတ်ဆေး ၊ အခြားအဆိပ်သင့်ဓာတုပစ္စည်းတွေ အသုံးပြုတဲ့အခါ Mask သေချာဝတ်ဆင်ပြီးမှ သုံးပါ။ အရေပြားကို အဆိုပါ ဓာတုပစ္စည်းတွေထိတွေ့ခြင်းမရှိအောင် ဂရုစိုက်ပါ
  • ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းပါ

Featured Photo : Sparrow