လူတစ်ယောက်ရဲ့ ဆံပင်စတိုင်လ်သည် သူ့ရဲ့ ဆွဲဆောင်မှုကို ပိုမိုတိုးလာအောင် ကူညီပေးနိုင်တယ်ဆိုတာ ကွီးတို့ ယုံပါသလား။ ကွီးတို့ ညှပ် တဲ့ ဆံပင် စတိုင်လ်က ကွီးတို့ရဲ့ မျက်နှာကျနဲ့ လိုက်ဖက်မယ်ဆိုရင် ဆွဲဆောင်မှု တိုးပြီး ပျိုမေလေးတွေ လည်ပြန်ငေးယူရလောက်တဲ့အထိ ညှို့ငင်စွမ်းအား ပြင်းနေမှာပဲဖြစ်ပါတယ်။

ဘယ်လို ဆံပင်စတိုင်လ်မျိုးကို ရွေးချယ်ကာ ညှပ် ရမလဲ ခေါင်းခြောက်နေတဲ့ ကွီးတို့အတွက်တော့ အခုဖော်ပြပေးမယ့် ဆံပင် စတိုင်လ်များကို ရွေးချယ်နိုင်ပါတယ်။

လူငယ်ဆန်ဆန် ဆံပင်စတိုင်လ်

hairstyle for men

ဒီဆံပင်စတိုင်လ်ကတော့ လူငယ်ဆန်ဆန် အထာကျကျ ဆံပင်ညှပ်ချင်တဲ့ ကွီးတို့အတွက် သင့်တော်တဲ့ ဆံပင်စတိုင်လ်လေးပဲ ဖြစ်ပါတယ်။ ဆံပင် မထူမပါး ဆံပင် အနေတော်ရှိတဲ့ ကွီးတို့နဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ပဲ ဖြစ်ပါတယ်။

ဆံပင် အလယ်ခွဲမျိုး ညှပ်ချင်ပါသလား

hairstyle for men

ကွီးတို့ မျက်နှာကျက လေးထောင့်စပ်စပ် မျက်နှာကျမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်လေးကို ညှပ်နိုင်ပါတယ်။ အလယ်ခွဲ စတိုင်လ်မျိုး ညှပ်ချင်တဲ့ ကွီးတို့ ရွေးချယ် သင့်တဲ့ ဆံပင်စတိုင်လ်ပဲ ဖြစ်ပါတယ်။

ဆံပင် တိုတိုကပ်ကပ် ညှပ်ချင်တဲ့ ကွီးတို့အတွက်

hairstyle for men

ဒီဆံပင်စတိုင်လ်ကတော့ ပူအိုက်တဲ့ နွေရာသီနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ် တစ်မျိုးပဲဖြစ်ပါတယ်။ ဆံပင် အရှေ့ပိုင်းကို ခပ်တိတိ ညှပ်ထားပြီး တိုတို ကပ်ကပ်လေး ထားထားမယ်ဆိုရင်တော့ ဟောလိဝုဒ် မင်းသားအလား အထင်မှားသွားရစေမှာပါ။

ဘဲဥပုံ မျက်နှာကျ ပိုင်ဆိုင်ထားသူများအတွက်

ညှပ် ဆံပင်

ဒီဆံပင်စတိုင်လ်ကတော့ ဘဲဥပုံ မျက်နှာကျ ပိုင်ဆိုင်ထားတဲ့ ကွီးတို့နဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ် တစ်မျိုးပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဖက်ရှင်ကို ခပ်ဟော့ဟော့လေးနဲ့ အထာကျစေမယ့် ဆံပင်စတိုင်လ်တစ်မျိုးပဲ ဖြစ်ပါတယ်။

ဆံပင် ခပ်လိပ်လိပ်လေး ကောက်နေတဲ့ ကွီးတို့အတွက်

ညှပ် ဆံပင်

ကွီးတို့ရဲ့ ဆံပင်စတိုင်လ်က ခပ်လိပ်လိပ်လေး ကောက်နေတယ်ဆိုရင်တော့ ဒီလို ဆံပင်ကေလေး ညှပ်သင့်ပါတယ်။ ဘေးနှစ်ဖက်နဲ့ အနောက်ဘက်ကို ခပ်တိုတို တိတိကလေး ညှပ်ထားပြီး အရှေ့ဘက်ကို မရှည် တရှည်လေး ထားထားတဲ့ ဆံပင်စတိုင်လ်ပဲ ဖြစ်ပါတယ်။​

ဆံပင် တိုတို ကပ်ကပ် ညှပ်ချင်တဲ့ ကွီးတို့အတွက်

ညှပ် ဆံပင်

ကွီးတို့ ဆံပင်က မထူမပါး ဆံပင်မျိုး ပိုင်ဆိုင်ထားပြီးတော့ ဆံသားက အနည်းငယ် ကြမ်းတမ်းတဲ့ဘက်ကို ရောက်တယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်မျိုး ထားသင့်ပါတယ်။ ကွီးတို့ရဲ့ ဖက်ရှင်ကို သပ်သပ်ရပ်ရပ်လေးနဲ့ ကြည့်ကောင်းသွားစေမယ့် ဆံပင်စတိုင်လ်လေးပဲ ဖြစ်ပါတယ်။

Gentleman ဆန်ဆန် ကြည့်ကောင်းသွားစေမယ့် ဖက်ရှင်

ညှပ် ဆံပင်

ကွီးတို့ရဲ့ ဖက်ရှင်ကို Gentleman ဆန်ဆန် ကြည့်ကောင်းစေတဲ့ ဖက်ရှင်မျိုး လိုချင်ပါသလား။ ဒါဆိုရင်တော့ ဒီဆံပင်စတိုင်လ်မျိုး ညှပ်ကြည့်လိုက်ပါ။ ဂျယ်လ်လေးပါ ထပ်လိမ်းလိုက်မယ်ဆိုရင်တော့ ကွီးတို့ ဖက်ရှင်က ကျော့ရှင်း သပ်ရပ်သွားမှာပဲ ဖြစ်ပါတယ်။​

ကိုရီးယား စတိုင်လ်မျိုး ညှပ်ချင်သလား

ညှပ် ဆံပင်

ကွီးတို့က ကိုရီးယား မင်းသားတွေကို အားကျပြီး ရေလည် မိမိုက်တဲ့ ဖက်ရှင်မျိုး ပိုင်ဆိုင်ချင်ပါသလား။ ဒါဆိုရင်တော့ ဒီ ကိုရီးယား စတိုင်လ်မျိုး ညှပ်ကြည့်သင့်ပါတယ်။​ ကွီးတို့ရဲ့ ဖက်ရှင်ကို ရေလည် မိမိုက်သွားဖို့ ကူညီပေးပါလိမ့်မယ်။

မေးရိုးပေါ်လွင်တဲ့ အမျိုးသားတို့ ညှပ်သင့်တဲ့ စတိုင်လ်

ညှပ် ဆံပင်

မေးရိုး ပေါ်တဲ့ အမျိုးသားတို့ကတော့ ဒီ ဆံပင်စတိုင်လ်မျိုးကို ညှပ်သင့်ပါတယ်။ ကွီးတို့ မျက်နှာက လီယိုနာဒို ငယ်ဘဝက ပုံစံလိုမျိုး ကြည့်ကောင်းပြီး ဆွဲဆောင်မှု တိုးနေမှာပါ။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ်တွေထဲက ဘယ်ဆံပင်စတိုင်လ်မျိုးကို နှစ်သက်ပါသလဲ။ ဒီဆံပင်စတိုင်လ်တွေထဲက တစ်ခုခုကို ရွေး ညှပ် ကြည့်လိုက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်က အလန်းစား ဖြစ်သွားပါလိမ့်မယ်။

Source: Gatsbyglobal

Featured Image: The Right Hairstyle