အမိုက်စား ကော့တေးတစ်ခွက်ကို မိမိအိမ်မှာပဲ ဖျော်စပ်ချင်သူများအတွက် Devil’s Punch လို့ခေါ်တဲ့ ကော့တေးတစ်မျိုးနှင့် မိတ်ဆက်ပေးချင်ပါတယ်။ ဒီကော့တေးသည် တကီလာ နှင့် လိမ္မော်ရည် တို့ကို အဓိကထားကာ ဖော်စပ်ထားတဲ့ ကော့တေးပဲ ဖြစ်ပါတယ်။

မည်သည့်ပါတီအမျိုးအစားနှင့်မဆို လိုက်ဖက်တဲ့ ကော့တေးတစ်မျိုးဖြစ်တာကြောင့် ပါတီပွဲတက် ဧည့်ပရိသတ်များကိုလည်း အကောင်းဆုံး ဧည့်ခံပေးနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ သူ့ရဲ့ကော့တေးအရသာသည် Margarita အရသာနှင့် ဆင်တူပြီး လူကို လန်းဆန်းသွားစေမယ့်အရသာမျိုးပဲဖြစ်ပါတယ်။

 ပါဝင်ပစ္စည်းများ

  • တကီလာ စားပွဲတင်ဇွန်း ၄ ဇွန်း
  • လိမ္မော်အရသာ အယ်ကိုဟောဖျော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • Limoncello စားပွဲတင်ဇွန်း ၂ ဇွန်း
  • Sour Mix စားပွဲတင်ဇွန်း ၂ ဇွန်း
  • လိမ္မော်ရည် ၂ စက်ခန့်

devil's punch

  • အလှဆင်ဖို့ရန်အတွက် လိမ္မော်သီးစိပ်

အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်သွားအောင် ပြင်ဆင်ထားလိုက်ပါ။

devil's punch

၂။ ကော့တေးရှိတ်ခါထဲသို့ တကီလာ၊ လိမ္မော် အယ်ကိုဟော၊ Limoncello ၊ Sour Mix နှင့် လိမ္မော်ဖျော်ရည်၊ ရေခဲတုံးတို့ထည့်ကာ အဖုံးပိတ်ပြီး ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

တကီလာ လိမ္မော်ရည်

၃။ ထို့နောက် ဖန်ခွက်ရှည် တစ်ခွက်ထဲသို့ လောင်းထည့်ကာ မိနစ်အနည်းငယ် ကြာအောင် အအေးခံထားလိုက်ပါ။

၄။ အနည်းငယ် အေးသွားပြီဆိုရင်တော့ ကော့တေးသောက်မယ့် အလှဖန်ခွက်ထဲသို့ ရေခဲတုံးများ မပါစေဘဲ စစ်ထည့်လိုက်ပါ။

တကီလာ လိမ္မော်ရည်

ဖန်ခွက်အသစ်ထဲမှာတော့ လိုအပ်ပါက ရေခဲတုံး ထပ်ထည့်နိုင်ပါတယ်။

၅။ ထို့နောက် လိမ္မော်သီးစိပ်ဖြင့် ဖန်ခွက်ကို အလှဆင်လိုက်ပါ။

တကီလာ လိမ္မော်ရည်

ဒါဆိုရင်တော့ ကွီးတို့ အကြိုက်တွေ့သွားစေမယ့် တကီလာ နှင့် လိမ္မော်ရည် တို့ကို အချိုးကျကျ ဖော်စပ်ထားတဲ့ အမိုက်စား ကော့တေးတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

တကယ်လို့ သင်သည် လူအများကြီးအတွက် ဖျော်စပ်ချင်တာဆိုရင်တော့ ဇလုံအကြီး (သို့) ရေကရားအကြီးထဲထည့်ကာ ဖျော်စပ်ရမှာပဲဖြစ်ပါတယ်။ ဖျော်စပ်တဲ့အခါမှာတော့ စောစောက ပါဝင်ပစ္စည်းများကို မိမိဖျော်စပ်ချင်တဲ့ ခွက် အရေအတွက်အလိုက် တိုးမြှင့်ပေးသွားရမှာပဲဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Thespruceeats