ကွီးတို့ရေ လူတိုင်းဟာ စိတ်ခံစားမှု တစ်မျိုးမျိုးနဲ့ ရှင်သန်လှုပ်ရှားနေကြပါတယ်။ ကွီးရဲ့ ပတ်ဝန်းကျင်က အချို့အရာတွေဟာ ကွီးကို တက်ကြွရွှင်လန်းမှုကို ဖြစ်စေပါတယ်။ ဒီအရာတွေက ကွီးတို့နဲ့ တကယ့်ကို ဆက်စပ်မှု ရှိတယ်ဆိုတာ ကွီးကိုယ်တိုင်သိချင်မှ သိမယ်လို့ ထင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်သဘောထားတွေ၊ ကွီးတို့ရဲ့ အလုပ်ဖွဲ့စည်းထားတဲ့ ပုံစံတွေ ၊ အလုပ်ခွင်ထဲက မိတ်ဆွေတွေရဲ့ အံ့အားသင့်စရာ ပြုစုကူညီမှုတွေဟာ ကွီးတို့အတွက် အလုပ်ခွင် အတွင်း နေ့စဉ် ပျော်ရွှင်မှုကို လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ကို တက်ကြွ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင် တစ်ခုဖြစ်ဖို့ ဖန်တီးလို့ ရတဲ့ အရာလေးတွေကို ပြောပေးလို့ ရပါတယ်။

အလုပ်ခွင်မှာ ကွီးတို့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ အရာလေးတွေက ဘာတွေ ဖြစ်မလဲ။

(၁) ပေါင်းသင်းဆက်ဆံရေးကောင်းသော လုပ်ဖော်ကိုင်ဖက်များ

တက်ကြွ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်

Photo :  Archievers

တက်ကြွ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင် တစ်ခုဖြစ်ဖို့ ဆိုရင် လုပ်ငန်းခွင်ထဲမှာ  ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်များ ရှိဖို့ လိုအပ်သလို ကွီးတို့ကိုယ်တိုင်ကလည်း သူတစ်ပါးအပေါ်မှာ ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံဖို့လည်း အရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းသော လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ အလုပ်လုပ်ရတဲ့ အလုပ်ခွင်ဟာ ပျော်ရွှင်စရာနဲ့ စိတ်ကျေနပ်မှု အကောင်းဆုံး ရနိုင်တယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။

(၂) အဓိပ္ပါယ်ရှိသော အလုပ်ကို လုပ်ပါ

တက်ကြွ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်

Photo :  AsksMan

ကွီးတို့ အခုလုပ်နေတဲ့ အလုပ်ဟာ  ကွီးအတွက် လိုအပ်နေတဲ့ ဝင်ငွေ၊  အလုပ် အိမ်မက်အခွင့်အလမ်းတို့ အတွက် ကျေနပ်မှု ရချင်မှ ရမယ်။ ဘာဘဲ ဖြစ်ဖြစ် ကွီးလုပ်တဲ့ အလုပ်ကို တန်ဖိုးထားပါ။ ဘယ်လို အခြေအနေမျိုးမှာမဆို ကိုယ့်ဘဝအတွက် အဓိပ္ပါယ်ရှိသော အလုပ်ဖြစ်ပါစေ။

(၃) အပြု သဘောဆောင်သော တုန့်ပြန်မှုကို ပေးပါ

တက်ကြွ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်

Photo : Engoo

ကွီးတို့ရဲ့ အလုပ်မှာ ပြန်ပြီး ဝေဖန်အကြံပြုချက်ပေးတဲ့ အလုပ်ဟာ အလွန်အရေးကြီးတဲ့ အပိုင်းတစ်ခု  ဖြစ်ပါတယ်။  အကောင်းမြင် အပြု သဘောဆောင်တဲ့ တုန့်ပြန်မှု ဖြစ်စေ မကောင်းတဲ့ တုန့်ပြန်မှု ဖြစ်စေ ဘာဘဲ ဖြစ်ဖြစ် အလုပ်အောင်မြင်မှုနဲ့ အရည်အသွေးကို တိုင်းတာတဲ့  အရေးကြီးတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။  ဒါမှသာ အပြောင်းအလဲအတွက် စဉ်းစားနိုင်မှာပါ။  အကောင်းမြင် အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုဟာ ကွီးရဲ့ အလုပ် တိုးတက်အောင်မြင်ဖို့ အတွက် အတွေးအခေါ်ကောင်းတွေကို ပေးပါတယ်။  အတွေးအခေါ်ကောင်းတွေ အစီအစဉ်ကောင်းတွေက ကွီးရဲ့ အလုပ်ကို အလွန်ကောင်းအောင် ကျေနပ်ဖွယ်ကောင်းအောင် လုပ်ပေး နိုင်ပါတယ်။

(၄) လုပ်ဖော်ကိုင်ဖက်တွေကို အပြုံးနဲ့ ဆက်ဆံပါ

တက်ကြွ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်

Photo : Ladders

တက်ကြွပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်တစ်ခု ဖန်တီးတဲ့ နေရာမှာ ကွီးတို့ရဲ့ အပြုံး ဟာလည်း အရေးပါလှပါတယ်။ အပြုံး ကွီးရဲ့ အပြုံးဟာ ဘာကုန်ကျစရိတ်မှ မရှိပါဘူး၊ ဒါပေမဲ့ အပြုံးကြောင့် ကွီးကို ကူညီပေးချင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဝန်းရံနေမှာပါ။ ကွီး အဆင်မပြေဖြစ်တဲ့ အချိန်မှာ အပြုံးကြောင့် ကွီးကို ပွေ့ဖက်အားပေးမှုကို ရစေနိုင်ပါတယ်။

(၅) စိတ်အား တတ်ကြွ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အလုပ်ခန်းတစ်ခု ဖန်တီးပါ

Happy Workplace

Photo :  Communicate Influence

အလုပ်ခွင်မှာ သဘာဝတရားကို ခံစားနိုင်တဲ့ အပင်တွေနဲ့ အခန်းအပြင်အဆင်မျိုး ဒါမှမဟုတ် ပျော်ရွှင်နိုင်ဖို့အတွက်  ပျော်ရွှင်မှုကို ဖန်တီးတဲ့ ဖျော်ဖြေရေးအခန်း သို့မဟုတ် ဂိမ်းအခန်းလို သဏ္ဍာန်တူ ပြင်ဆင်ထားတဲ့ အခန်းတစ်ခန်း ရှိသင့်ပါတယ်။  ဒီလို လုပ်ပေးခြင်းက စိတ်ဖိစီးမှုကို ဖယ်ထုတ်နိုင်ပါတယ်။

(၆) အလုပ်နေရာကို သန့်ရှင်းအောင်ထားပါ

Happy Workplace

Photo : RPA Cleaning

အလုပ်နေရာ သန့်ရှင်းခြင်းသာ စိတ်ကြည်နူးမှုကို ဖြစ်စေပြီး တစ်နေ့တာ စပြီး အလုပ်လုပ်မဲ့ ကွီးတို့ကို အကောင်းဆုံး တွန်းအားဖြစ်စေပါတယ်။ အလုပ်စားပွဲ ၊ ဖိုင်စင် ၊ ကွန်ပျူတာ တွေကို စနစ်တကျ နေရာချတာ၊  အခန်းနံရံတွေကို နံရံကပ် စက္ကူတွေနဲ့ အလှဆင်ထားမယ်ဆိုရင် ကွီးတို့ကို စိတ်ကြည်နူး ခွန်အားတိုးစေပါတယ်။ ကွီးတို့ရဲ့ စိတ်နေစိတ်ထားကို ကောင်းမွန်တဲ့ လွှမ်းမိုးနိုင်တဲ့ အရာတွေ ကိုထားပါ။

(၇) နေ့တိုင်းသင်ယူလေ့လာပါ

Happy Workplace

Photo : Clean Method

ကွီးတို့အနေနဲ့ ပုံမှန် အလုပ်လုပ်နေရင်း နေ့စဉ်အချိန်အနည်းငယ်ယူပြီး ကိုယ်စိတ်ဝင်စားတဲ့ အကြောင်အရာသစ်၊  အတွေးအခေါ်သစ်တွေ ကို လေ့လာသင်ယူပါ။ ကွီးတို့ကို ပညာဗဟုသု တိုးစေမဲ့ တစ်ခုတည်းသောအကြောင်း ဖြစ်ပါတယ်။  တစ်ချိန်မှာ ကွီးဟာ အရည်အချင်းပြည့်ဝသူ ဖြစ်လာပါလိမ့်မယ်။ တက်ကြွပျော်ရွှင် လာပါလိမ့်မယ်။

(၈) ကော်ဖီကောင်းကောင်း သို့မဟုတ် အရသာကောင်းတဲ့ လက်ဖက်ရည် တစ်ခွက် သောက်ပါ

Happy Workplace

Photo : Morning Laziness

စွဲမက်ဖွယ်ကောင်းတဲ့ စပယ်ရနံ့ လက်ဖက်ရည် သို့မဟုတ် အင်အားပြည့် နွားနို့ ပါ ကော်ဖီ တစ်ခွက် က အလုပ်များပြီး  စိတ်ဖိစီးနေတဲ့ နေ့မှာ အလုပ်ကို ကောင်းကောင်း လုပ်နိုင်ပါတယ်။

ကွီးတို့ရေ တက်ကြွပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်တစ်ခု ကို ဖန်တီးနိုင်တဲ့ နည်းတွေ အများကြီးရှိပါတယ်။ ဘယ်နည်းလမ်းတွေက အကောင်းဆုံးလဲ ဆိုတာ ကွီးကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကွီးတို့အတွက်  တက်ကြွပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင် တစ်ခုကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ပါစေ။

Source : The HR and Employee Engagement Community

Featured Photo : Business