တက်တူးတွေက ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေလိုပဲ ကွီးတို့ရဲ့စတိုင်နဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်နေစေပါတယ်။ လွတ်လပ်ပေါ့ပါးမှုကို နှစ်သက်တဲ့ ကွီးတို့အတွက်ကတော့ ရိုးရိုးရှင်းရှင်းနဲ့ အထာကျတဲ့ တက်တူးဒီဇိုင်းတွေက စံပြရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ တက်တူး ဆိုရင် ပြူးပြူးပြဲပြဲ ဟဲဗီးပုံကြီးတွေထက်စာရင် ခပ်သေးသေးနဲ့ ဖက်ရှင်ကျတဲ့ ဒီဇိုင်းမျိုးမှ ကြိုက်တယ်ဆိုရင်တော့ အခုပြောပြမယ့် ရိုးရိုးလေးနဲ့ အထာကျတဲ့ တက်တူးဒီဇိုင်း တွေက ကွီးတို့အကြိုက်နဲ့ ထပ်တူကျစေမှာ သေချာပါတယ်။

(၁) နတ်သမီးတောင်ပံတက်တူးဒီဇိုင်း

Photo : The Trend Spotter

နတ်သမီးတောင်ပံ တက်တူးဒီဇိုင်း တွေက ရိုးရှင်းပေမယ့် အထာကျပါတယ်။ ကြောက်မက်ဖွယ်ဖြစ်ရပ်တစ်ခုမှ ကယ်တင်ခဲ့တဲ့ လူပုဂ္ဂိုလ်တစ်ဦး ဒါမှမဟုတ် ကွီးတို့ ချစ်ခင်လေးစားရတဲ့ ကွယ်လွန်သူ တစ်ဦးကို ကိုယ်စားပြုတဲ့အနေနဲ့ ရေးထိုးနိုင်ပါတယ်။ နတ်သမီးတောင်ပံတက်တူးတွေက ကြီးမြတ်ခြင်း ၊ ချစ်ခင်လေးစားခြင်း အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။

(၂) Dream Catcher တက်တူးဒီဇိုင်း

Photo : The Trend Spotter

Dream Catcher တက်တူးကတော့ အိပ်မက်ဆိုးတွေကနေ တားဆီးကာကွယ်ပေးတဲ့ အမှတ် သင်္ကေတတစ်ခုအဖြစ် ရေးထိုးလေ့ရှိကြပါတယ်။ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ရေးထိုးနိုင်ပြီး ရိုးရိုးရှင်းရှင်း ဒီဇိုင်း သို့မဟုတ် အနည်းငယ်ရှုပ်ထွေးတဲ့ Geometric စတိုင် စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်ရေးထိုးနိုင်ပါတယ်။

(၃) မြှားပုံ တက်တူးဒီဇိုင်း

Photo : The Trend Spotter

ရိုးရှင်းပြီး စတိုင်ကျတဲ့ တက်တူးမျိုးကြိုက်ရင် မြှားပုံတက်တူးဒီဇိုင်းတွေ ရွေးချယ်နိုင်ပါတယ်။ မြှားပုံတက်တူးဒီဇိုင်းတွေက ခန္ဓာကိုယ်ရဲ့ မည်သည်နေရာမျိုးမှာမဆိုး ရေးထိုးလို့ လိုက်ဖက်ပြီးအထူးသဖြင့် လက်နဲ့ ခြေထောက်လိုနေရာတွေမှာ အထိုးများကြပါတယ်။ ဘဝရဲ့ ဦးတည်ရာလမ်းကြောင်းကို အထူးသဖြင့် အောင်မြင်မှုရဲ့ လားရာပန်းတိုင်တွေကို ကိုယ်စားပြုပါတယ်။

(၄) ခြင်္သေ့ပုံ တက်တူးဒီဇိုင်း

Photo : The Trend Spotter

ကြီးကျယ်မြင့်မြတ်ခြင်း ၊ ဩဇာပါဝါကြီးမားခြင်းကို ကိုယ်စားပြုတဲ့ တောဘုရင် ခြင်္သေ့ပုံတက်တူးဒီဇိုင်းတွေဟာ ကမ္ဘာတစ်ဝှမ်းက အမျိုးသားတွေကြား ရေးထိုးမှုအများဆုံး တက်တူးဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။ ခြင်္သေ့ပုံတက်တူးတွေကို လက်မောင်းအပြည့် ၊ ရင်ဘတ်နဲ့ ကျောပြင်လိုနေရာတွေမှာ အရွယ်အစား ခပ်ကြီးကြီး ရေးထိုးကြပါတယ်။ ရိုးရှင်းပြီး ခပ်သေးသေးဒီဇိုင်းမျိုး ကြိုက်ရင်တော့ လက်ဖျံ ၊ လက်ကောက်ဝတ်နဲ့ လည်ပင်းလိုနေရာတွေမှာ ရေးထိုးနိုင်ပါတယ်။

(၅) ဇီးကွက်ပုံတက်တူးဒီဇိုင်း

Photo : The Trend Spotter

ငှက်ပုံတက်တူးဒီဇိုင်းတွေထဲမှာ အနုပညာဆန်ပြီး အသိပညာနဲ့ ဉာဏ်ပညာ ကြီးမားခြင်းကို ကိုယ်စားပြုတဲ့ ဇီးကွက်ပုံတက်တူး ဒီဇိုင်းတွေက ရေပန်းစားပါတယ်။ ဇီးကွက်ပုံတက်တူးကို ခေတ်ဆန်ပြီး စတိုင်ကျချင်ရင်တော့ လိုင်းတစ်ကြောင်းတည်းနဲ့ ရေးဆွဲတဲ့ တက်တူးဒီဇိုင်းမျိုး ရေးထိုးနိုင်ပါတယ်။

(၆) အသည်းပုံတက်တူးဒီဇိုင်း

Photo : The Trend Spotter

ချစ်ခြင်းမေတ္တာကို ဖော်ကြူးတဲ့ အသည်းနှလုံးပုံ တက်တူးဒီဇိုင်းတွေကလည်း ဘယ်တော့မှ ရိုးမသွားတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် အသည်းပုံတက်တူးဒီဇိုင်းတွေကို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေဒါမှမဟုတ် ချစ်သူလေးနဲ့ ဆင်တူရေးထိုးနိုင်ပါတယ်။

(၇) သရဖူ တက်တူးဒီဇိုင်း

Photo : The Trend Spotter

ကိုယ်သည်သာ ကိုယ်ဘဝရဲ့ဘုရင်လို့ ခံယူထားတဲ့ ကွီးတို့အတွက်ကတော့ သရဖူတက်တူးဒီဇိုင်းက အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။ သရဖူတက်တူးတွေကို တခြားသော ရည်ညွှန်းချင်တဲ့ စာတန်း သို့မဟုတ် ပုံတွေနဲ့ တွဲဖက်ရေးထိုးနိုင်သလို သရဖူတစ်လုံးတည်း သီးသန့်လည်း ရေးထိုးနိုင်ပါတယ်။ အကယ်၍ ချစ်သူလေးနဲ့ ဆင်တူရေးထိုးမယ်ဆိုရင်တော့ ဘုရင်နဲ့ မိဖုရား သရဖူးတက်တူးဒီဇိုင်းတွေကို ရေးထိုးလို့ရပါတယ်။

(၈) လက်ဝါးကပ်တိုင် တက်တူးဒီဇိုင်း

Photo : The Trend Spotter

အရိုးရှင်းဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး တက်တူးတွေထဲက တစ်ခုကတော့ လက်ဝါးကပ်တိုင် တက်တူးဒီဇိုင်းပါပဲ။ ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်ထားရာ တက်တူးတစ်ခုအနေနဲ့ ရေးထိုးနိုင်သလို ယုံကြည်မှုနဲ့ စွမ်းအားများစွာကို ဆောင်ကျဉ်းပေးတဲ့ အဓိပ္ပါယ်တစ်ခုအနေနဲ့လည်း ရေးထိုးလို့ ရပါတယ်။

(၉) မျဉ်းကြောင်းပုံတက်တူးဒီဇိုင်း


Photo : The Trend Spotter

အခုနောက်ပိုင်း လူငယ်တွေကြားမှာတော့ ရိုးရိုးလေးနဲ့ ဆန်းတဲ့ အထာကျကျ မျဉ်းကြောင်းပုံ တက်တူးဒီဇိုင်းတွေ ရေးထိုးလာကြပါတယ်။ မျဉ်းကြောင်းပုံ တက်တူးကို အနည်းငယ် ကွန့်ချင်ရင်တော့ လက်ရေးမူစာတန်းတစ်ကြောင်းတည်းကို မျဉ်းကြောင်းပုံစံ ရေးထိုးနိုင်ပါတယ်။ အရောင်ကတော့ မှင်အနက်တစ်မျိုးတည်းနဲ့ ရေးထိုးတာ အမိုက်ဆုံး ဖြစ်ပါတယ်။

(၁၀) နှင်းဆီပန်းပွင့်ပုံ တက်တူးဒီဇိုင်း


Photo : The Trend Spotter

လက်ခုံနဲ့ လက်ဖျံလိုနေရာတွေမှာတော့ နှင်းဆီပန်းပွင်ပုံ တက်တူးဒီဇိုင်းတွေကို အထာကျကျ ရေးထိုးလို့ရပါတယ်။ နှင်းဆီပန်းတစ်ပွင့်တည်းကိုပဲ ရိုးရိုးရှင်းရှင်းနဲ့ ခေတ်ဆန်ဆန် ရေးထိုး နိုင်ပါတယ်။ တချို့ကလည်း နှင်းဆီပန်းနဲ့အတူ နှစ်သက်ရာ စာတန်း သို့မဟုတ် နာမည်စာလုံးတွေ တွဲဖက်ရေးထိုးကြပါတယ်။ လူငယ်ဆန်ပြီး အထာကျတဲ့ တက်တူးဒီဇိုင်းတွေ ကြိုက်နှစ်သက်ရင်တော့ နှင်းဆီပန်းပွင့်ပုံ တက်တူးဒီဇိုင်း က သေချာပေါက်ရေးထိုးသင့်တဲ့ တက်တူးဒီဇိုင်းတစ်ခုပါပဲ။

Featured Photo : Man of Many