တက်တူး ချစ်သူ ကွီး တို့သည် နာကျင်မှုအနည်းဆုံးနေရာမှာ တက်တူးထိုးချင်တယ်ဆိုရင်တော့ ခြေသလုံး ပေါ်မှာ ရေးထိုးသင့်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းများ အများအပြားရှိတဲ့အနက် ခြေသလုံးမှာ ရေးထိုးခြင်းသည် အလွယ်ကူဆုံးနှင့် နာကျင်မှုအနည်းဆုံးနေရာပဲဖြစ်ပါတယ်။

တက်တူး ချစ်သူ ကွီး တို့အနေနဲ့ ကိုယ့် ခြေသလုံးပေါ်မှာ တက်တူးအမိုက်စားလေး ထိုးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တက်တူးဒီဇိုင်းလေးတွေကို ရွေးချယ်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်ကြိုက်တက်တူးဒီဇိုင်းများနှင့် သူတို့ရဲ့အဓိပ္ပာယ်အပြည့်အစုံကို လေ့လာနိုင်ဖို့ရန်အတွက် အခုပဲ အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ခြေသလုံးရှိ ခြင်္သေ့တက်တူး

calf tattoos for kwee

ခြင်္သေ့ တက်တူး များသည် ကွီး တို့အတွက်တော့ ရဲရင့်ခြင်း၊ သတ္တိရှိခြင်းကို ညွှန်ပြတာဖြစ်ပြီး ခြေသလုံးမှာ ရေးထိုးဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲဖြစ်ပါတယ်။

တောင်တန်းပုံတက်တူး

calf tattoos for kwee

တောင်တန်းပုံတက်တူးများသည် ရိုးသားပွင့်လင်းခြင်းကို ကိုယ်စားပြုပါတယ်။ တောင်တန်းပုံ တက်တူး ရေးထိုးတဲ့ ကွီး တို့သည် သဘာဝကို ချစ်မြတ်နိုးကြသူတွေဖြစ်ကြကာ သူတို့ရဲ့စိတ်နေစိတ်ထားကို ခြေသလုံးမှာ တက်တူးရေးထိုးထားခြင်းအားဖြင့် ဖော်ပြလေ့ရှိကြပါတယ်။

အရိုးခေါင်းပုံတက်တူး

calf tattoos for kwee

အရိုးခေါင်းပုံတက်တူးများသည် များသောအားဖြင့် သေခြင်းတရားကိုရည်ညွှန်းပါတယ်။ အဓိပ္ပာယ်အပြည့်အစုံဖွင့်ရမယ်ဆိုရင်တော့ အရိုးခေါင်းပုံ တက်တူး ရေးထိုးထားတဲ့ ကွီး တို့သည် ကိုယ့်ခြေသလုံးမှာ တက်တူးရေးထိုးထားခြင်းအားဖြင့် သေခြင်းတရားကို မကြောက်ဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

သေခြင်းတရားသည် ဘယ်သူမှ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုဖြစ်ပြီး လူတိုင်းသည် တစ်ရက်ရက်မှာ ကြုံတွေ့ရမှာဖြစ်ကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။

သင်္ဘောပုံတက်တူး

calf tattoos for kwee

သင်္ဘောပုံတက်တူးများသည် ခရီးအသစ်စတင်ခြင်း၊ ကံကောင်းခြင်း၊ ပျော်ရွှင်ရခြင်းကို ကိုယ်စားပြုပါတယ်။ ဆိုးရွားလွန်းသော အတိတ်ကို နှုတ်ဆက်ကာ ခရီးအသစ်အစပြုခြင်းလို့လည်း ရည်ညွှန်းပါတယ်။

မြွေနှင့် ကြယ်ပုံတက်တူး

calf tattoos for kwee

မြေပုံ တက်တူး နှစ်သက်တဲ့ ကွီး တို့အတွက်တော့ ဒီတက်တူးလေးက ခြေသလုံး မှာ ရေးထိုးလို့ကောင်းတဲ့ တက်တူးတစ်ခုပဲဖြစ်ပါတယ်။

သေမင်းပုံတက်တူး

တက်တူး ကွီး ခြေသလုံး 

ကိုယ့်ခြေသလုံးမှာ အမိုက်စားတက်တူးဒီဇိုးမျိုးကိုမှ ရေးထိုးချင်တယ်ဆိုရင်တော့ ဒီသေမင်းပုံတက်တူးဒီဇိုင်းက ရွေးချယ်သင့်တဲ့ တက်တူးဒီဇိုင်းတစ်မျိုးပဲဖြစ်ပါတယ်။

တင့်ကားပုံတက်တူး

တက်တူး ကွီး ခြေသလုံး 

အထာကျကျနဲ့ မိမိုက်နေတဲ့ တက်တူးမျိုးကိုမှ ရေးထိုးချင်တယ်ဆိုရင်တော့ ဒီတင့်ကားပုံတက်တူးလေးကို ရွေးချယ်နိုင်ပါတယ်။

အရိုးခေါင်းပုံနှင့် လူရိုင်းခေါင်းဆောင်းတက်တူး

တက်တူး ကွီး ခြေသလုံး 

နောက်ဆုံးပေါ် တက်တူးဒီဇိုင်းလေးကို ကိုယ့်ရဲ့ခြေသလုံးပေါ်မှာ နေရာပေးထားချင်တယ်ဆိုရင်တော့ ဒီတက်တူးဒီဇိုင်းက အရွေးချယ်သင့်ဆုံးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

ဇီးကွက်ပုံတက်တူး

တက်တူး ကွီး ခြေသလုံး 

ဇီးကွက်ပုံတက်တူးသည် ဉာဏ်ပညာအမျှော်အမြင် ကြီးမားခြင်း၊ ပဟေဠိဆန်ခြင်း တို့ကို ကိုယ်စားပြုပါတယ်။ ငှက်ပုံ တက်တူး ကို နှစ်သက်တဲ့ ကွီး တို့အနေနဲ့ ဒီတက်တူးလေးကို ကိုယ့် ခြေသလုံး မှာ ရေးထိုးနိုင်ပါတယ်။

မိုးပျံပူဖောင်းပုံတက်တူး

တက်တူး ကွီး ခြေသလုံး 

အမြင့်သို့ ပျံ့တက်သွားမယ့် အဓိပ္ပာယ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဒီလိုတက်တူးဒီဇိုင်းသည် ဆန်းသစ်ပြီး အိုင်ဒီယာကောင်းတဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်တာကြောင့် ကွီးတို့လည်း ရွေးချယ်သင့်တဲ့တက်တူးဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

Source: Nextluxury

Featured Image: Trendingtattoo