ကွီးတို့ ခန္ဓာကိုယ်သည် ပန်းချီကားချပ် အလွတ်တစ်ချပ်ဖြစ်ပြီး တက်တူး ရေး ထိုး လိုက်မယ်ဆိုရင်တော့ အမိုက်စား ပန်းချီကားချပ် တစ်ချပ် ဖြစ်သွားပါပြီ။ ကွီးတို့ရဲ့ ခန္ဓာကိုယ် ပန်းချီကားချပ်လေးကို ပြီးပြည့်စုံဖို့အတွက် ကူညီပေးမယ့် တက်တူး အိုင်ဒီယာများကလည်း မှိုလိုပေါက်နေပါတယ်။ ထိုများပြားလှစွာသော အိုင်ဒီယာများထဲကမှ ကွီးတို့ အကြိုက်ဆုံး အိုင်ဒီယာတစ်ခုကို သေချာ ရွေးချယ်တတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

တက်တူး အိုင်ဒီယာများ အများအပြားရှိတဲ့အနက် လူအများ ရေး ထိုး လေ့ရှိတဲ့ လူကြိုက်အများဆုံး တက်တူး အိုင်ဒီယာများကတော့ ဒီဒီဇိုင်းများပဲ ဖြစ်ပါတယ်။

(၁) ကြယ်ပုံ တက်တူးများ

tattoos

ကြယ်ပုံ တက်တူးများကတော့ ရိုးရိုးရှင်းရှင်းလေး ဆိုပေမယ့် ကြည့်ကောင်းပြီး မိမိုက်တဲ့ တက်တူး ဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ မျဥ်းဖြောင့်များ၊ စက်ဝိုင်းများကိုသာ အဓိက ထားကာ ရေးထိုးထားတာကြောင့် ကွီးတို့ရဲ့ တက်တူးက ကြည့်လိုက်တာနဲ့ အထာကျနေမှာ အမှန်ပါပဲ။

(၂) လက်မောင်း တစ်လျှောက်လုံး တက်တူး ရေးထိုးချင်တယ်ဆိုရင်

လက်မောင်း တစ်လျှောက်လုံး တက်တူး ရေးထိုးချင်တယ်ဆိုရင်

ကွီးတို့က ပထမဦးဆုံး အကြိမ်အဖြစ် (သို့) ဒုတိယအကြိမ်အဖြစ် တက်တူးရေးထိုးမယ်ဆိုရင်တော့ ဒီတက်တူး ဒီဇိုင်းလေးကို စဥ်းစားထားသင့်ပါတယ်။ လက်တစ်ပြင်လုံး ရေးထိုးမှာဆိုတော့ အနာခံနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

(၃) အဓိပ္ပါယ်ပြည့်စုံတဲ့ စာသားများ ရေးထိုးမယ်

တက်တူး ထိုး

တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းက မတူတဲ့အတွက်ကြောင့် စာသား ရွေးချယ်ပုံချင်းလည်း တူမှာမဟုတ်ပါဘူး။ ကွီးတို့အတွက် အဓိပ္ပါယ် ပြည့်စုံတဲ့ စာသားများ၊ စိတ်ခွန်အား ပေးမယ့် စာသားမျိုးကို သေချာ ရှာဖွေကာ တက်တူး ရေးထိုးမယ်ဆိုရင်ဖြင့် ဆွဲဆောင်မှု ရှိတဲ့ ဘီးကျဲတစ်ဗွေ ဖြစ်မှာ အမှန်ပါပဲ။

(၄) သစ်ပင်ပုံ တက်တူးများ

တက်တူး ထိုး

သစ်ပင်ပုံ တက်တူးများကတော့ ကြီးမား တိုးတက်မှု ရှိခြင်းကို ကိုယ်စားပြုတဲ့ တက်တူး ဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒီတက်တူး ဒီဇိုင်းလေးကို လက်မောင်းမှာလည်း ရေးထိုးနိုင်သလို ပိုမိုကျယ်ပြန့်တဲ့ နေရာမှာ ရေးထိုးချင်တယ်ဆိုရင်တော့ ရင်အုပ် (သို့) ကျောပြင်မှာ ရေးထိုးနိုင်ပါတယ်။

(၅) နာရီပုံ တက်တူးဒီဇိုင်း

တက်တူး ထိုး

နာရီပုံ တက်တူးရဲ့ အဓိပ္ပါယ်ကတော့ ရှင်သန်ခြင်းနဲ့ သေခြင်းတရားကြား မသေချာမှုကို ရည်ညွှန်းနေတဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။ နောက်အဓိပ္ပါယ်တစ်မျိုးကတော့ အရာအားလုံးသည် သူ့အချိန်နဲ့သူ ဖြစ်တည်လာတာဖြစ်ပြီး အချိန်တန်ရင် ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ ဒီဒီဇိုင်းလေးကို ပိုမို ပေါ်လွင်ချင်တယ်ဆိုရင်တော့ ကွီးတို့ တက်တူး ရေးထိုးမယ့်နေရာကို သေချာရွေးချယ်သင့်ပါတယ်။

(၆) ဂျီသြမေတြီ တက်တူးဒီဇိုင်းများ

တက်တူး ထိုး

စက်ဝိုင်းများ၊ စတုရန်းများ၊ ထောင့်မှန်စတုဂံ အစရှိတဲ့ ဂျီသြမေတြီ တက်တူးဒီဇိုင်းများကလည်း ကွီးတို့ရဲ့ ခန္ဓာကိုယ် ပန်းချီကားချပ်လေးကို ရုပ်ကြွသွားကာ အသက်ဝင်နေစေမှာပဲ ဖြစ်ပါတယ်။ ဒီလို တက်တူးဒီဇိုင်းများကို ရေးထိုးမယ်ဆိုရင် သူ့ရဲ့ အဓိပ္ပါယ်ကို ခေါင်းအခြောက်ခံကာ စဥ်းစားနေမယ့်အစား သူ့ရဲ့ ဒီဇိုင်းကိုသာ အလေးထား ဦးစားပေးသင့်ပါတယ်။

ဒီတက်တူး ဒီဇိုင်းများကတော့ လူအများစု နှစ်သက်စွာ ရေးထိုးကြတဲ့ တက်တူး ဒီဇိုင်းများပဲ ဖြစ်ပါတယ်။​ ကွီးတို့ ခန္ဓာကိုယ်ကရော အမိုက်စား တက်တူး ဒီဇိုင်းများနဲ့ လှပနေရဲ့လား။ အခု ဖော်ပြသွားတဲ့ တက်တူး ဒီဇိုင်းများကိုရော မိမိုက်တယ်လို့ ထင်မြင်မိပါရဲ့လား။

Source: Manofmany

Featured Image: Realmenrealstyle