ခန္ဓာကိုယ်ပေါ်မှာ တက်တူး ရေးထိုးခြင်းသည် ဘီးကျဲတွေအကြား ခေတ်စားနေတဲ့ ဖက်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဘီးကျဲတွေဆိုရင်လည်း သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တက်တူးတွေ ရေးထိုးထားလေ့ ရှိပါတယ်။ အဲ့ဒီလိုမျိုး ဆွဲဆောင်မှုရှိတဲ့ ဘီးကျဲတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ နေရာယူ ထားတာကတော့ အခုဖော်ပြပေးမယ့် တက်တူး ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။

(၁) စာသား တက်တူးများ

tattoos

စာသား တက်တူးကလည်း ယနေ့ခေတ်မှာ ခေတ်စားတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်ရာ စာသားတစ်ခုခုကို ရွေးချယ်ကာ ကွီးတို့ ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးထားနိုင်ပါတယ်။

(၂) ပေါင်ပေါ်မှာ ရေးထိုးထားတဲ့ ဓားနှစ်လက် တက်တူး

tattoos

ပေါင်ပေါ်မှာ တက်တူးရေးထိုးထားရင်တော့ ကွီးတို့က ဘောင်းဘီတိုလေးနဲ့ ရှိုးထုတ်ကာ အပီအပြင် လန်းနိုင်ပါတယ်။ ဒါ့အပြင် ပေါင်က အသားများတဲ့နေရာဆိုတော့ နာကျင်မှုလည်း နည်းနည်းလေးပဲ ခံစားရမှာပါ။

(၃) အများနဲ့မတူ တစ်မူထူးခြားတဲ့ တက်တူးဒီဇိုင်း

tattoos

ဒီတက်တူး ဒီဇိုင်းလေးကတော့ အများနဲ့မတူ တစ်မူထူးခြားတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း တစ်မူ ထူးခြားတဲ့ တက်တူးဒီဇိုင်းလေးကို ရေးထိုးချင်တယ်ဆိုရင်တော့ ဒီတက်တူးလေးကို ရွေးချယ်နိုင်ပါတယ်။

(၄) လက်ကောက်ဝတ်ပေါ်မှာ ရေးထိုးထားတဲ့ တက်တူး အသေးစား

tattoos

ကွီးတို့က အခုမှ ပထမဦးဆုံး အကြိမ် (သို့) ဒုတိယအကြိမ်အဖြစ် တက်တူးရေးထိုးမယ်ဆိုရင်တော့ တက်တူးအသေးစားတွေက အသင့်တော်ဆုံးပါပဲ။ ကိုယ့်ရဲ့ နာကျင်မှုဒဏ်ကို ခံနိုင်ရည် ဘယ်လောက်ရှိသလဲဆိုတာကို အသေးစား တက်တူးတွေ အရင်ဆုံး ရေးထိုးကြည့်ပြီး အဖြေရှာလိုက်ပါ။

(၅) လက်တစ်ပြင်လုံး အပြည့် ရေးထိုးထားတဲ့ တက်တူး ဒီဇိုင်းများ

နေရာယူ တက်တူး

လက်တစ်ပြင်လုံး အပြည့် တက်တူးရေးထိုးချင်ပေမယ့် ဘယ်ဒီဇိုင်းတွေ ရွေးချယ်ရမှန်းမသိ ဖြစ်နေတယ်ဆိုရင်တော့ ဒီတက်တူးဒီဇိုင်းက သင့်တော်ပါတယ်။

(၆) ခြေထောက်တက်တူးများနဲ့ အပီလန်းလိုက်ပါ

နေရာယူ တက်တူး

ကွီးတို့ ခြေထောက်ပေါ်မှာလည်း အခုလိုမျိုး အမိုက်စား တက်တူးတွေ ရေးထိုးပြီး အပီအပြင် လန်းနိုင်ပါတယ်။

(၇) ရင်အုပ်တက်တူးများကလည်း ကွီးတို့ကို ဆွဲဆောင်မှု တိုးစေမှာပါ

နေရာယူ တက်တူး

ကွီးတို့ရဲ့ ရင်အုပ် ကြွက်သားကိုလည်း ကြွားချင်တယ်၊ စတိုင်လ်မိုက်မိုက်လည်း ကြွားချင်တာမျိုးဆိုရင်တော့ ရင်အုပ်ပေါ်မှာ တက်တူး ရေးထိုးနိုင်ပါတယ်။ ဒီတက်တူး ဒီဇိုင်းများက ဆွဲဆောင်မှုရှိတဲ့ အမိုက်စား ဘီးကျဲတစ်ဗွေ အသွင်ကို ကူးပြောင်းပေးမှာ ဖြစ်ပါတယ်။

(၈) လည်ပင်းတက်တူးတွေကလည်း ဆွဲဆောင်မှုရှိတဲ့ ဘီးကျဲတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ နေရာယူ ထားတဲ့ တက်တူး ဒီဇိုင်းတစ်ခုပါပဲ

နေရာယူ တက်တူး

ကွီးတို့ရဲ့ တက်တူးတွေကို အဝတ်အစား ဝတ်ထားလည်း မြင်သာစေချင်တယ်ဆိုရင်တော့ လည်ပင်းမှာ ရေးထိုးနိုင်ပါတယ်။ လည်ပင်းတက်တူးများကလည်း ဆွဲဆောင်မှုရှိတဲ့ ဘီးကျဲတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ နေရာယူ ထားတဲ့ တက်တူး ဒီဇိုင်းတစ်ခုပါပဲ။

(၉) ကျောပြင်တက်တူး

နေရာယူ တက်တူး

ကျောပြင်တစ်ခုလုံးပေါ်မှာ တက်တူး ရေးထိုးချင်တယ် ဆိုရင်တော့ ကွီးတို့က တစ်ရက်တည်းပဲ အချိန်ပေးလို့ မရနိုင်ပါဘူး။ အချိန်များများ ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့လည်း စိတ်ရှည်ပြီး အနာခံနိုင်ရပါမယ်။ ဒါမှသာလျှင် လှပပြီး ဒီဇိုင်းမိုက်တဲ့ တက်တူးတစ်ခု ထွက်လာမှာပါ။

(၁၀) နံရိုးပေါ်မှာ ရေးထိုးထားနိုင်တဲ့ တက်တူး အိုင်ဒီယာများ

နေရာယူ တက်တူး

တက်တူးထိုးတဲ့အခါ နာကျင်မှု အနည်းဆုံး နေရာကို ရေးထိုးချင်တယ်ဆိုရင်တော့ အသား (သို့) ကြွက်သားများတဲ့ နေရာမှာ ရေးထိုးသင့်ပါတယ်။ ဒါပေမဲ့ ကွီးတို့က သတ္တိရှိကြောင်း ပြချင်တယ်ဆိုရင်တော့ အခုလိုမျိုး နံရိုးပေါ်မှာ တက်တူး ရေးထိုးနိုင်ပါတယ်။ နံရိုးပေါ်မှာ ရေးထိုးထားတဲ့ တက်တူးတွေက စတိုင်လ်မိမိုက်ပြီး ဒီဇိုင်းလည်း လန်းပါတယ်။

Source: Thefashionisto.

Featured Image: Fashionbeans