တက်တူး ချစ်သူများအကြားတွင် နဂါး ပုံတက်တူးသည် ရေပန်းစားလူကြိုက်များတဲ့ တက်တူးတွေထဲက တစ်ခုအပါအဝင်ပါပဲ။ ဒဏ္ဍာရီလာ နဂါးများသည် ရှေးခေတ် ပုံပြင်များထဲတွင်သာ တည်ရှိကြပေမယ့် ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ်တွင် တက်တူးရေးထိုးလိုက်တဲ့အခါမှာတော့ အမှန်တကယ် အသက်ဝင်လွန်းလှတာကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
တက်တူး ချစ်သူ ကွီးတို့လည်း နဂါး ပုံတက်တူးများကို မိမိခန္ဓာကိုယ်ပေါ်မှာ ရေးထိုးထားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တက်တူးဒီဇိုင်းများကို ရွေးချယ်နိုင်ပါတယ်။
ကျောပြင်ပေါ်မှာ ရေးထိုးထားတဲ့ တက်တူးဒီဇိုင်း
အရောင်အသွေး စုံလင်လှတဲ့ တက်တူးဒီဇိုင်းလေးကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီ ဒီဇိုင်းလေးကို ရွေးချယ်နိုင်ပါတယ်။ အနီရောင်နှင့် အစိမ်းရောင်တောက်တောက်တို့ကို ပေါင်းစပ်ထားခြင်းသည်လည်း လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ခေတ်စားခဲ့သလို ယနေ့ချိန်ထိလည်း ခေတ်စားနေဆဲပဲ ဖြစ်ပါတယ်။
လက်ဖျံပေါ်တွင် ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း
ဒီ ဒီဇိုင်းလေးကတော့ ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းစေမယ့် တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အခြားသော အရောင်မျိုးစုံကို အသုံးပြုထားခြင်းမျိုးမဟုတ်ဘဲ အနက်ရောင်တစ်မျိုးတည်းကိုသာ အသုံးပြုထားတဲ့အတွက်ကြောင့် အခုမှ တက်တူးစထိုးမယ့်သူတွေ ရွေးချယ်သင့်တဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
နဂါးခေါင်းပုံတက်တူး
တစ်ချက်ကလေး ကြည့်လိုက်တာနဲ့ ကြက်သီးမွှေးညှင်း တဖြန်းဖြန်းထသွားမယ့် တက်တူးဒီဇိုင်းမျိုးကို ရေးထိုးချင်ပါသလား။ ဒါဆိုရင်တော့ ဒီဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။ ကြောက်စရာကောင်းပြီး အသက်ဝင်လှတဲ့ နဂါးခေါင်းပုံ တက်တူးဒီဇိုင်းပဲ ဖြစ်ပါတယ်။
လက်မောင်းပေါ်က နဂါးပုံ တက်တူးဒီဇိုင်း
Spirited Away ဆိုတဲ့ Anime ကာတွန်းဇာတ်ကားကို ကွီးတို့ မကြည့်ဖူးရင်တောင် ကြားဖူးနားဝရှိကြပါလိမ့်မယ်။ ထိုထဲက အဓိက ကာရိုက်တာတစ်ခုဖြစ်တဲ့ ကောင်မလေးရဲ့ စွန့်စားခရီးထဲတွင် ဒဏ္ဍာရီလာ နဂါးရဲ့ အခန်းသည်လည်း အရေးပါပါတယ်။ ထိုနဂါးက မိန်းမပျိုလေးရဲ့ စွန့်စားခရီးအတွက် ကူညီရမှာပဲဖြစ်ပါတယ်။ ထိုဇာတ်ကားကို ကြိုက်နှစ်သက်သူတော်တော်များများက ဒီလိုတက်တူးဒီဇိုင်းများ ရေးထိုးကြပါတယ်။
Yin နဲ့ Yang တက်တူးဒီဇိုင်း
Yin နဲ့ Yang ကတော့ သဘာဝတရားကြီးကို မီးမောင်းထိုးပြနေတဲ့ သင်္ကေတတစ်ခုပဲဖြစ်ပါတယ်။ အကောင်းတွေ ပြည့်နှက်နေတဲ့ အရာတွေထဲမှာ အဆိုးသေးသေးလေးတစ်စက်လည်း ရှိနေနိုင်ပြီး၊ မြောက်များစွာသော အဆိုးတွေထဲမှာ ကောင်းသောအရာလည်း ရှိနေနိုင်ကြောင်း ပြသနေတာဖြစ်ပါတယ်။ ထို Yin နှင့် Yang ကို နဂါးကြီးကို ဝိုင်းပတ်ထားတာကို ဖော်ပြနေတဲ့ အမိုက်စား တက်တူးပုံတစ်ခုပဲ ဖြစ်ပါတယ်။
ကျောက်စိမ်းနဂါးပုံတက်တူး
ကျောက်စိမ်းကတော့ ချမ်းသာကြွယ်ဝမှုကို ရည်ညွှန်းပြီး နဂါးကြီးကတော့ မီးနှင့် ခွန်အားသန်မာခြင်းတို့ကို ကိုယ်စားပြုပါတယ်။ နှစ်ခုစလုံးကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အနာရောဂါ ကင်းဝေးပြီး ကျန်းမာချမ်းသာတဲ့ ဘဝကို ဖော်ဆောင်ပါတယ်။
ပုခုံးပေါ်တွင် ရေးထိုးနိုင်တဲ့ တက်တူး ဒီဇိုင်း
ပုခုံးနှင့် လက်မောင်းနှစ်ခုကြားမှာ ရေးထိုးထားပြီး ရင်အုပ်ပေါ်တွင် နေရာယူထားတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတက်တူး ဒီဇိုင်းလေးကတော့ စည်းကမ်းတင်းကြပ်တဲ့ နေရာမျိုး ရောက်တဲ့အခါ အပေါ်က အင်္ကျီ ဝတ်ပြီး ဖုံးအုပ်ထားနိုင်သလို မြင်သာထင်သာစေချင်တယ်ဆိုရင်လည်း အပေါ်ဝတ် အင်္ကျီကို ချွတ်လိုက်ရုံပါပဲ။
အရှေ့တိုင်း ယဥ်ကျေးမှုတွင်တော့ အနီရောင် နဂါးပုံတက်တူးများကတော့ ကံကောင်းခြင်းကို ရည်ညွှန်းပြီး အနက်ရောင် နဂါးပုံတက်တူးများကတော့ ကံဆိုးမိုးမှောင် ကျခြင်းကို ကိုယ်စားပြုပါတယ်။ တက်တူး ချစ်သူများအနေနဲ့ နဂါး ပုံတက်တူး ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ အယူအဆနှင့် ခံယူချက်တို့ကိုလည်း ထည့်သွင်းစဥ်းစား သင့်ပါတယ်။
Source: Fashionbeans
Featured Image: Pulptastic