လူငယ်ဆန်ဆန် လွတ်လပ်မှုရဲ့အရသာနဲ့ စိတ်ကြိုက်အနုပညာဖန်တီးမှုတွေကို နှစ်သက်တယ်ဆိုရင်တော့ Patchwork တက်တူး ဒီဇိုင်းတွေကို စဉ်းစားသင့်ပါတယ်။ Patchwork တက်တူး ဆိုတာကတော့ မတူညီတဲ့ တက်တူးဒီဇိုင်းများစွာကို စုပြုံပြီး ပေါင်းစပ်ရေးထိုးထားတဲ့ ခေတ်သစ်တက်တူးဒီဇိုင်း တစ်ခုပါ။ Patchwork တက်တူး တွေက ယောကျာ်းလေးတွေရော မိန်းကလေးတွေနဲ့ပါ လိုက်ဖက်ပြီး ရေးထိုးထားသူအဖို့ ဖက်ရှင်ကျကျနဲ့ စတိုင်မိမိုက်စေသလို လူအများကြားမှာလည်း ထင်ရှားမှု ရှိစေပါတယ်။ တက်တူး အရွယ်အစား အကြီးအသေးကို စိတ်ကြိုက်ရွေးချယ်နိုင်သလို ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့ အမှတ်တရတွေ ၊ နေ့စွဲတွေ နဲ့ နှစ်သက်ရာ ဒီဇိုင်းပုံတွေကိုလည်း လွတ်လပ်စွာ ဖန်တီးရေးထိုးလို့ ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူငယ်ဆန်ဆန် အထာကျကျ ဂေါ်ချင်တဲ့ ကွီးတို့အတွက် Patchwork စတိုင် တက်တူး ဒီဇိုင်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) Black Patchwork တက်တူးဒီဇိုင်း

Photo : The Trend Spotter

Black Patchwork တက်တူးဒီဇိုင်းကတော့ မှင်အနက် သီးသန့်သုံးပြီး ရေးထိုးထားတဲ့ Patchwork တက်တူးတွေကို ဆိုလိုပါတယ်။ Patchwork တက်တူးတွေကို ကာလာမျိုးစုံနဲ့လည်း ရေးထိုးလေ့ရှိကြတာ ဖြစ်ပါတယ်။ အမျိုးသားတွေမှာတော့ အရေပြားပြင်တစ်ခုလုံး (ဥပမာ လက်မောင်းအရင်းကနေ လက်ကောက်ဝတ်အထိ လက်တစ်ချောင်းလုံး) အနက်ရောင်မှင်သီးသန့်နဲ့ ရေးထိုးမယ်ဆိုရင် ပိုပြီး ဆွဲဆောင်မှုရှိရှိနဲ့ ဂေါ်စေမှာ ဖြစ်ပါတယ်။

(၂) Minimalist Patchwork တက်တူးဒီဇိုင်း

Photo : The Trend Spotter

တက်တူးဆိုရင် ခပ်သေးသေးနဲ့ Minimalist ဆန်တဲ့ ဒီဇိုင်းတွေ ကြိုက်တယ်ဆိုရင် Minimalist Patchwork တက်တူးဒီဇိုင်းတွေ ထိုးလို့ရပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပာယ်ပေါ်လွင်တဲ့ တက်တူး ပုံတွေ ၊ စာတန်းနဲ့ ကိန်းဂဏန်း ဒီဇိုင်းတွေကို စိတ်ကြိုက်ရေးထိုးနိုင်ပါတယ်။ လက်ဖျံလို နေရာတွေနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပြီး ယောကျာ်းလေးရော မိန်းကလေးတွေမှာပါ ရေးထိုးလို့ရတဲ့ ခေတ်ဆန်ဆန် အထာကျကျ ဂေါ်စေမယ့် တက်တူးဒီဇိုင်း ဖြစ်ပါတယ်။

(၃) ရိုးရာ Patchwork တက်တူးဒီဇိုင်း

Photo : The Trend Spotter

အမေရိကန်ရိုးရာ တက်တူး ဒီဇိုင်းတွေကတော့ ပုန်ကန်ထကြွမှုနဲ့ ရဲရင့်မှုကို ကိုယ်စားပြုတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။  2D ဒီဇိုင်းတွေဖြစ်ပြီး အနုစိတ်အရမ်းကျတဲ့ ဒီဇိုင်းတွေမပါပေမယ့် တောက်ပတဲ့ ကာလစုံအရောင်တွေနဲ့ တွဲဖက်ဖန်တီးလိုက်ချိန်မှာတော့ တကယ်ကိုပဲ ပြီးပြည့်စုံ ပေါ်လွင်တဲ့ ရိုးရာ Patchwork တက်တူးဒီဇိုင်းကို ရရှိမှာ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ တက်တူးဒီဇိုင်းတွေကိုလည်း ပေါင်းစပ်ဖန်တီးရေးထိုးလို့ ရပါတယ်။

(၄) Nautical Patchwork တက်တူးဒီဇိုင်း

Photo : The Trend Spotter

Nautical Patchwork တက်တူးဒီဇိုင်းတွေကတော့ သင်္ဘောသားတွေနဲ့ ပင်လယ်ပြင်ကို အမှီပြုနေရတဲ့ ရေလုပ်သားတွေအများစု နှစ်သက်သဘောကျပါတယ်။ အခုခေတ်မှာတော့ သင်္ဘောသားရယ်မှ မဟုတ်ပါဘူး ဘယ်သူမဆို Nautical Patchwork တက်တူးဒီဇိုင်းတွေကို ရေးထိုးလို့ ရပါတယ်။ Nautical Patchwork တက်တူးဒီဇိုင်းတွေမှာ အဓိကအားဖြင့် သင်္ဘောတွေ ၊ ကျောက်ဆူးတွေ ၊ သံလိုက်အိမ်မြှောင်‌ပုံတွေ ပါဝင်ပြီး အခြားပင်လယ်ပြင်နဲ့ဆိုင်တဲ့ ဒီဇိုင်းပုံတွေကိုလည်း နှစ်သက်သလို ဖန်တီးရေးထိုးနိုင်ပါတယ်။

(၅) Illustrative စတိုင် Patchwork တက်တူးဒီဇိုင်း

Photo : The Trend Spotter

Illustrative စတိုင် Patchwork တက်တူး ဒီဇိုင်းတွေကတော့ စာအုပ်နဲ့ ပန်းချီတွေမှာ တွေ့ရတဲ့ ပုံရိပ်တွေနဲ့ ဆင်တူပါတယ်။ အနက်ရောင် သို့မဟုတ် မီးခိုးရောင်မှင်တွေကို အများဆုံးသုံးပြီး ရေးထိုးကြပါတယ်။ Patchwork စတိုင် တက်တူးတွေက မတူညီတဲ့ ရုပ်ပုံတွေအများကြီးကို ပေါင်းစပ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဒီဇိုင်းတစ်ခုစီမှာ ကိုယ်ပိုင်အနုပညာတစ်ခု ချပြနိုင်တဲ့အတွက် စိတ်ကူးစိတ်သန်းရှိရင်ရှိသလို အနုပညာဆန်ဆန် ပုံရိပ်တွေကို ဖန်းတီးရေးထိုးလို့ ရပါတယ်။

(၆) Grunge Patchwork တက်တူးဒီဇိုင်း

Photo : The Trend Spotter

Grunge ဆိုတာကတော့ ၉၀ ခုနှစ်တွေမှာ ခေတ်စားခဲ့တဲ့ စတိုင်တစ်ခုဖြစ်ပြီး Grunge ဂီတအမျိုးအစားကို Inspire ထားတဲ့ Subculture တစ်ခု ဖြစ်ပါတယ်။ တက်တူး ဒီဇိုင်းတွေဟာ မီးခိုးရောင်ရှိတ်တွေနဲ့ အမဲရောင်မှင်တွေကို အဓိကသုံးထားပြီး Dark And Moody ဖြစ်တဲ့ ခံစားမှုကို ရစေပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ Patchwork စတိုင် မတူညီတဲ့ Themes တွေနဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်ပြီး လက် ၊ ရင်ဘတ်နဲ့ ကျောပြင်လိုနေရာတွေမှာ ရေးထိုးနိုင်ပါတယ်။

(၇) Geo Patchwork တက်တူးဒီဇိုင်း

Photo : The Trend Spotter

Geo Patchwork တက်တူးဒီဇိုင်းတွေကတော့ Geometric ဆန်ဆန် ဒီဇိုင်းတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ တက်တူးတွေ ဖြစ်ပါတယ်။ Geometric တက်တူးတွေရဲ့ မူလရည်ရွယ်ချက်ကိုက အရိုးရှင်းဆုံးဒီဇိုင်းကိုပင် အဆန်းပြားဆုံးဖြစ်အောင် ဖန်တီးထားတာပါ။ Geometric တက်တူးတွေကို Patchwork စတိုင်အနုပညာဆန်ဆန် ရုပ်ပုံအများကြီး ပေါင်းစပ်ရေးထိုးလိုက်မယ်ဆိုရင်တော့ တကယ့်ကို အထာကျတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်စေမှာ အသေအချာပါပဲ။ တက်တူးဒီဇိုင်းတွေမှာ ပန်းတွေ ၊ တိရစ္ဆာန်နဲ့ လူပုံတွေအပြင် နှစ်သက်ရာ ပုံရိပ်တွေကို Geometric ဒီဇိုင်းနဲ့ ပေါင်းစပ်ရေးထိုးရမှာ ဖြစ်ပါတယ်။

Featured Photo : The Trend Spotter