ရိုးရှင်းတဲ့ တက်တူး ဒီဇိုင်း များက ကွီးတို့ ဖက်ရှင် ကို လုံးဝ မိမိုက်သွားစေပြီး အထာကျတဲ့ ဘီးကျဲတစ်ဗွေအဖြစ် ပြောင်းလဲပေးနိုင်တယ်ဆိုတာ မ ယုံ ဘူးလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ရိုးရိုးရှင်းရှင်း တက်တူး ဒီဇိုင်းများကို လေ့လာကြည့်လိုက်ပါ။

ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါမှာ ရိုးရိုးရှင်းရှင်း တက်တူး ဒီဇိုင်းများနဲ့ နေရာ အပြည့် ဖြည့်ထားချင်တယ်ဆိုရင်တော့ ဒီတက်တူး ဒီဇိုင်းများက အသင့်တော်ဆုံးပါပဲ။

နားထင်နောက်နားက လက်ဝါးကပ်တိုင်ပုံ တက်တူး

tattoos design ideas for men

လက်ဝါးကပ်တိုင်ပုံ ကတော့ ခရစ်ယာန် ဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကွီးတို့ရဲ့ နားထင် နောက်နားမှာ လက်ဝါးကပ်တိုင်ပုံ တက်တူး ရေးထိုးခြင်းအားဖြင့် ကွီးတို့ရဲ့ ရိုးရှင်းတဲ့ အနုပညာကို ပြသနိုင်ပါတယ်။

လက်ကောက်ဝတ်နားမှာ ရေးထိုးမလား

tattoos design ideas for men

လက်ဝါးကပ်တိုင်ပုံ တက်တူးကို ရေးထိုးလို့ရတဲ့ နေရာတွေက အများကြီးပါပဲ။ နားထင်နောက်နားမှာလည်း ရေးထိုးနိုင်သလို လက်ကောက်ဝတ်နားမှာလည်း ရေးထိုးနိုင်ပါတယ်။ ဒါ့အပြင် ရင်ဘတ်နဲ့ ရင်အုပ်ကြွက်သားတွေပေါ်မှာလည်း ရေးထိုးနိုင်ပါတယ်။ ခန္ဓာကိုယ် နေရာအနှံ့ ရေးထိုးနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ကွီးတို့နဲ့ အလိုက်ဖက်ဆုံး နေရာတစ်ခုကို ရွေးချယ်လိုက်ပါ။

ရိုးရိုးရှင်းရှင်း ဂျီသြမေတြီ တက်တူးဒီဇိုင်းများ

tattoos design ideas for men tattoos design ideas for men

တြိဂံပုံ၊ စတုရန်းပုံ၊ ထောင့်မှန်စတုဂံ အစရှိတဲ့ ဂျီသြမေတြီ သင်္ချာကို အခြေခံထားပြီး ဒီဇိုင်း ရေးဆွဲထားတဲ့ တက်တူးဒီဇိုင်းများကလည်း အထင်ကြီးစရာပါပဲ။ ကွီးတို့ရဲ့ တက်တူးကို ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းနေစေ ချင်တယ်ဆိုရင်တော့ ဒီတက်တူး ဒီဇိုင်းတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

ရိုးရှင်းတဲ့ အသည်းနှလုံး ပုံ တက်တူး

တက်တူး ယုံ

ဒီတက်တူးကတော့ အသည်းနှလုံး ပုံပေါ်မှာမှ တေးဂီတ နုတ်စ်လေး ရေးထိုးထားတာပဲ ဖြစ်ပါတယ်။ လက်ကောက်ဝတ်မှာ ရေးထိုးရင်လည်း ပေါ်လွင်ပြီး မိမိုက်နေမှာဖြစ်သလို ခပ်ကြီးကြီးလေး ရေးထိုးချင်တယ်ဆိုရင်တော့ ရင်အုပ် ပေါ်မှာ ရေးထိုးတာက အကောင်းဆုံးပါပဲ။

အခြားသော အသည်းပုံ တက်တူး အိုင်ဒီယာများလည်း အများအပြားရှိပါသေးတယ်။​ အသည်းပုံ နှစ်ခုကိုပဲ မျက်မှန်ပုံ သဏ္ဍာန် ရေးထိုးထားတဲ့ တက်တူးတွေ ရှိသလို အသည်းပုံကို မီးမြိုက်ထားတဲ့ တက်တူး ပုံတွေလည်း ရှိပါတယ်။

ကွီးတို့လည်း အိုင်ဒီယာ ယူချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အသည်းပုံ တက်တူး အိုင်ဒီယာများကို မှီငြမ်းနိုင်ပါတယ်။

တက်တူး ယုံ တက်တူး ယုံ တက်တူး ယုံ တက်တူး ယုံ

အလေးတုံးနဲ့ နှလုံး ခုန်သံတို့ကို ရေးထိုးထားတဲ့ တက်တူး ဒီဇိုင်း

တက်တူး ယုံ

ကွီးတို့က Workout လေ့ကျင့်ခန်းများ ပြုလုပ်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီတက်တူး ဒီဇိုင်းလေးက ကွီးတို့အတွက်ပါပဲ။ တံတောင်ဆစ်နဲ့ လက်မောင်း အတွင်းသား ကြားထဲမှာ ရေးထိုးလို့ရတဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပြီး ကွီးတို့ အလေးမတိုင်းမှာ ဆွဲဆောင်မှု ရှိအောင် ကူညီပေးနေမှာ အမှန်ပါပဲ။

နေမင်းကြီးပုံ တက်တူးဒီဇိုင်း

တက်တူး ယုံ

ဒီတက်တူး ပုံကတော့ ရိုးရာ တက်တူး ဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ နေမင်းကြီးရဲ့ အလယ် ဗဟို တည့်တည့်မှာ ယင်နဲ့ ယန်ဆိုတဲ့ တရုတ် ရိုးရာ အယူအဆတစ်ခုကို ရေးထိုးထားတာကို တွေ့မြင်ရပါလိမ့်မယ်။ အကောင်းထဲက အဆိုး၊ အဆိုးထဲက အကောင်းဆိုပြီး အဓိပ္ပါယ်ရတဲ့ တက်တူး ဒိဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

ကွီးတို့ ခန္ဓာကိုယ်ထဲမှာရော ရိုးရှင်းတဲ့ တက်တူး ဒီဇိုင်းတွေ ရှိတာလား၊ ဒါမှမဟုတ် ရှုပ်ရှုပ်ထွေးထွေး တက်တူး ဒီဇိုင်းတွေနဲ့ ပြည့်နှက်နေတာလား။

Source: Nextluxury

Featured Image: Lifestyleasia.com