တက်တူး တွေသည် ယောကျာ်း ပီသ တဲ့ ဘီးကျဲတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ နေရာယူတတ်တဲ့ ဖက်ရှင်ဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ တက်တူး တွေက ကွီးတို့ကို ပိုပြီး ယောကျာ်း ပီသ ကြောင်း ဖော်ပြတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အလန်းစား တက်တူး အပြည့်နဲ့ မိမိုက်တဲ့ ဘီးကျဲတစ်ဗွေအဖြစ် စတိုင်လ် ထုတ်ချင်တယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် တက်တူး ဒီဇိုင်းများကို ရေးထိုးနိုင်ပါတယ်။

လက်မောင်းပေါ်မှာ ဒီတက်တူး ဒီဇိုင်းများနဲ့ ရေးထိုးထားလိုက်ပါ

man tattoo

ကွီးတို့က ပထမဦးဆုံး အကြိမ်အဖြစ် (သို့) ဒုတိယအကြိမ်အဖြစ် တက်တူး ရေးထိုးမယ်ဆိုရင်တော့ ဒီတက်တူး ဒီဇိုင်းလေးကို စဥ်းစားထားသင့်ပါတယ်။ လက်တစ်ပြင်လုံး ရေးထိုးမှာဆိုတော့ အနာခံနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

အလန်းဇယား တက်တူး ဒီဇိုင်း

man tattoo

တြိဂံပုံ၊ စတုရန်းပုံ၊ ထောင့်မှန်စတုဂံ အစရှိတဲ့ ဂျီသြမေတြီ သင်္ချာကို အခြေခံထားပြီး ဒီဇိုင်း ရေးဆွဲထားတဲ့ တက်တူးဒီဇိုင်းများကလည်း အထင်ကြီးစရာပါပဲ။ ကွီးတို့ရဲ့ တက်တူးကို ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းနေစေ ချင်တယ်ဆိုရင်တော့ ဒီတက်တူး ဒီဇိုင်းတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

တက်တူး ထိုးနေချိန်မှာ နာကျင်မှု နည်းနည်းပဲ ခံစားချင်တယ်ဆိုရင်

တက်တူး ယောကျာ်း ပီသ

ပေါင်ပေါ်မှာ တက်တူးရေးထိုးထားရင်တော့ ကွီးတို့က ဘောင်းဘီတိုလေးနဲ့ ရှိုးထုတ်ကာ အပီအပြင် လန်းနိုင်ပါတယ်။ ဒါ့အပြင် ပေါင်က အသားများတဲ့နေရာဆိုတော့ နာကျင်မှုလည်း နည်းနည်းလေးပဲ ခံစားရမှာပါ။

တောဘုရင်ကြီး တက်တူးနဲ့ ဂေါ်တဲ့ ဘီးကျဲတစ်ဗွေအဖြစ် ပြောင်းလဲမယ်

တက်တူး ယောကျာ်း ပီသ

တိရစ္ဆာန်ပုံ တက်တူးများသည် အဓိပ္ပါယ်အမျိုးမျိုး ဖော်ကျူးပြသပေးနိုင်ပါတယ်။ ခြင်္သေ့ပုံ တက်တူးသည်လည်း ထိုနည်းအတိုင်းပါပဲ။ အမျိုးသားများအတွက် ခြင်္သေ့ပုံ တက်တူးရဲ့ အဓိပ္ပါယ်ကတော့ ခေါင်းဆောင်နိုင်စွမ်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ မြင့်မြတ်ခြင်း အစရှိသည်တို့ကို ရည်ညွှန်းပါတယ်။ Ed Sheeran နှင့် Justin Biber တို့လို့ နာမည်ကြီးတဲ့ အနုပညာရှင်များရဲ့ ကိုယ်ပေါ်မှာလည်း ခြင်္သေ့ပုံ တက်တူးကို တွေ့မြင်နိုင်ပါတယ်။

အဖိုင်းစား ဘီးကျဲတစ်ဗွေစတိုင်လ် ဖန်တီးချင်တယ်ဆိုရင်တော့

တက်တူး ယောကျာ်း ပီသ

နှင်းဆီ အနက်ရောင် တက်တူးကတော့ တကယ့်ကို Classic ဆန်တဲ့ စတိုင်လ်တစ်ခုပဲ ဖြစ်ပါတယ်။ နှင်းဆီပန်းပုံ တက်တူးတွေသည် တက်တူးချစ်သူများအကြား ရေပန်းစားတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဘီးကျဲ တို့အနေနဲ့ ကိုယ့်ရဲ့ တက်တူးကို အမိုက်စား Classic စတိုင်လ် ဖန်တီးချင်တယ် ဆိုရင်တော့ နှင်းဆီနက်ရောင် တက်တူး ကို ရွေးချယ် ရေးထိုးသင့်ပါတယ်။

ရင်အုပ်ပေါ်မှာ တက်တူးအကြီးကြီးနဲ့ ရှိုးထုတ်ချင်ပါသလား

တက်တူး ယောကျာ်း ပီသ

တက်တူးအကြီးကြီးတွေ ရေးထိုးချင်သူများအတွက်တော့ ရင်အုပ်နေရာသည် တက်တူးထိုးလို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ရင်အုပ်ကြွက်သားများနှင့် ပြည့်နေတာဆိုတော့ တက်တူး ထိုးနေစဥ်မှာ ကွီးတို့ကို နာကျင်မှု အနည်းဆုံးဖြစ်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော တက်တူး အပြည့်နဲ့ ယောကျာ်း ပီသ တဲ့ ဘီးကျဲတစ်ဗွေအဖြစ် မပြောင်းလဲ ပစ်ချင်ဘူးလား။

Source: Thefashionisto

Featured Image: Mensxp.com